ပန်းသူခိုးလေး!

2.6K 172 9
                                    

ဟူး!
ပျင်းလိုက်တာ ။ နွေရာသီကျောင်းပိတ်ရက်ကြီးမြန်မြန်ကုန်ရင်ကောင်းမယ် ။
ဒီပတ်ဝန်းကျင်ကို ပြောင်းလာတာ မကြာသေးသည့်အတွက် ဘယ်နေရာ ဘာရှိသည်လည်း သူ မသိသေး။

အရင်နေခဲ့တဲ့ အိမ်မှာသာဆိုရင် ဘေးအိမ်က အမွှာ တရုတ်မလေး မိုမို နဲ့ မုံမုံ တို့ ညီအစ်မ ၊ အိမ်ရှေ့အိမ်က ပိစိလေး ယူယူး နဲ့ မျက်စောင်းထိုးအိမ်က Jack တို့သည် သူ့ရဲ့ အပေါင်းအဖော်တွေ ။
တစ်ဦးတည်းသော သားဖြစ်သည့် သူ့အတွက် ထိုကလေးများကသာ သူ့ရဲ့ ပေါက်ဖော်တွေလိုဖြစ်နေသည်။

သူတို့ဆီကိုလည်း သွားလည်ဦးမှ ။
အမွှာ ညီအစ်မနှစ်ယောက်ဆို သူ့ကို လွမ်းလို့ဆိုပြီး တစ်နေ့က အိမ်ကိုရောက်လာသေးသည်။

အယ့်! ဟုတ်ပြီ ။
ကုတင်ပေါ်တွင် ပျင်းရိပျင်းတွဲဝမ်းလျားမှောက်နေရာမှ အတွေးတစ်ခုဝင်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းဝုန်းဒိုင်းကြဲထကာ အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည်။
.
.
.

"ဟုတ်ပြီ...လှေကားကို သေချာထိန်းပေးထားနော် "

အောက်ကနေ သူ့လှေကားကို ထိန်းကိုင်ပေးထားသော ဆူးမီကို သေချာအောင်ပြောလိုက်သည်။

ပြောလိုက်သော သူသည် အုတ်နံရံပေါ်ထောင်ထားတဲ့ လှေကားရှည်ပေါ်တွင် သေချာအကျအန မတ်တပ်ရပ်ကာ သူ့ရဲ့ လက်တစ်ဖက်နဲ့ နံရံပေါ်က သံချောင်းအကွေးတစ်ခုကို အထိန်းသဘောမျိုး ကိုင်ထားသေးသည်။
နောက်လက်တစ်ဖက်ကတော့
သူတို့နံရံနှင့်ကပ်လျက်စိုက်ထားသော တစ်ဖက်ခြံထဲမှ ကံ့ကော်ပင်ပေါ်မှာ...။

"ကိုကြီး...ဆူးမီတို့ ဒီလိုလုပ်နေတာ ခိုးမှုမြောက်တယ်နော် ၊ အဲလောက်ထိ ကံ့ကော်ပန်းလိုချင်ရင် အိမ်ကအလုပ်သမားတစ်ယောက်ယောက်ကို ပျိုးခင်းကဝယ်ခိုင်းလိုက်ပါလား ၊ပြန် ဆင်းလာခဲ့နော် ကိုကြီး"

အောက်ကနေ ပွစိပွစိမြည်နေသော သူ့ ညီမတော်ကြောင့် ဂယောင်ဆူးစိတ်တိုနေပြီ။
ဒီကြားထဲ သူ့ရဲ့ လက်တွင်ဝတ်ထားသော ငွေလက်ကောက်များကလည်း ပန်းခူးဖို့ သူ လက်တစ်ခါလှမ်းတိုင်း ချလွင် ချလွင်နဲ့ မြည်နေသေးတာ ။

~Next Door Husband ~Where stories live. Discover now