(part 1+Note)

3.4K 187 16
                                    

Unicode :


ချစ်ရတဲ့မေလ်ပယ်တွေလည်းကြွေ၊
အပြုံးတွေထဲ အနမ်းတွေချန်ရစ်မယ် ......

မင်းပြောတယ်လေ
'မခွဲဘူး ....ဘယ်တော့မှ မခွဲကြဘူးနော်' လို့ .... တကယ်တမ်းကျ အဲ့စကားကမမှန်ဘူး
တစ်နေ့တော့ ခွဲခွာခြင်းက
သူ့အလိုလို ရောက်လာမှာပဲလေ။

အဲ့ဒါကြောင့် အခုလက်ရှိအချိန်လေးမှာ
ငါ့ကို မြတ်နိုးပါ။ ငါ့ကိုချစ်ပေးပါ။
ငါ့ကို ဂရုစိုက်ပေးပါ။ ငါ့အနားမှာနေပေးပါ။
ငါသဘောကျရတဲ့မင်းပါးချိုင့်တွေကို
နက်နက်ရှိုင်းရှိုင်း အမြတ်တနိုးနမ်းရှိုက်ချင်တယ်။

မင်းနာမည်ကစလို့ မင်းရဲ့အစိတ်အပိုင်းအားလုံးကို
တန်ဖိုးထားတယ်၊ မြတ်နိုးနေရင်းနဲ့တင်
မလုံလောက်တော့တဲ့အထိကို
မင်းကိုသဘောကျရတယ်။

အေးချမ်းခြင်းနဲ့ တိတ်ဆိတ်ခြင်းက
တဖြည်းဖြည်းဝင်ရောက်လာမယ်ဆိုရင်တောင်
အတူဖန်တီးခဲ့တဲ့ အမှတ်တရတွေကို
ဖက်တွယ်ပြီး ငြိမ်းချမ်းရုံပေါ့။

မင်းပျော်တာကိုပဲမြင်ချင်တယ်။

မင်းကပိုပြီးပျော်ရွှင်နေပေး။

...........................................................

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

နာမည်ကြီးတက္ကသိုလ်ကျာင်းတစ်ခု၏
ခေါင်မိုးထက်ဝယ် ....

Uniform ဆင်တူဝတ်ထားတဲ့
တက္ကသိုလ်ကျောင်းသားလေးနှစ်ဦး
လေညှင်းခံကာအနားယူနေကြပုံပေါ်သည်။

ထိုအချိန် ဆိုင်းမဆင့်ဗုံမဆင့်ထွက်လာတဲ့စကားတစ်ခွန်း။

"ငါမင်းကိုချစ်တယ်"

စကားလုံးလေးငါးလုံးက တိတ်ဆိတ်နေတဲ့လေထုကို
ဖြိုခွဲလိုက်သည်။

Love Me Till The End Where stories live. Discover now