နောက်တစ်နေ့ ကျောင်းတက်ရက်တွင်....... စာသင်ခန်းထဲ၌ ချမ်းမြေ့စာထဲစိတ်မ၀င်စားတော့ပေ...သူခံစားနေတဲ့ခံစားချက်ကိုမေးခွန်းထုတ်ရင်း...
Chanmyae.. ဟဲ့ sharshar နင် အချစ်ကို ဘယ်လိုသတ်မှတ်ထားလဲဟင်...
Shar.. အချစ်က အချစ်ဘဲပေါ့ဟယ်.. ဘာကိုသက်မှတ်မှာတုံး အထူးသဖြင့် ငါ့ကိုတော့အချစ်အကြောင်းဘာမှလာမမေးနဲ့ ငါ့အတွက်တော့ တစ်စုံတစ်ယောက်ကိုချစ်ရတာမီးလိုပူတဲ့အတွက် ဘယ်သူ့မှလည်းမချစ်ချင်ဘူး ချစ်လည်းမချစ်တတ်ဘူး Okနော် ထပ်မမေးနဲ့တော့...
Chanmyae... ငါမေးတာက အချစ်တွေထဲမှာမှ လိင်တူချစ်ခြင်း အချစ်ကို နင်ဘယ်လိုထင်လဲ...
Shar... ဘာာာ...... < အသံကျယ်ဖြင့် >
Chanmyae... တိုးတိုးလုပ်ပါဟာ...အရှေ့မှာဆရာမကြားသွားအုံးမယ်...
Shar... နင်မေးတဲ့မေးခွန်းက အဆန်းကြီးဖြစ်နေတာကို ငါကမအံ့သြဘဲနေမလားဟ..ဟဲ့ ချမ်းမြေ့နင်ဘာတွေကြံစည်နေတာလဲဟမ်..နင်နဲ့ငါနဲ့ပေါင်းလာတာကြာပြီ မူလတန်းကတည်းကဘဲ ဒါပေမဲ့နင်ဒီလိုမေးခွန်းမျိုးတစ်ခါမှမမေးဖူးပါဘူး ထူးဆန်းလို့ပါဟာ..ပေါက်ကရတွေတော့လျောက်မစဉ်းစားပါနဲ့နော်..
Chanmyae... ငါပေါက်ကရစဉ်းစားနေတာမဟုတ်ဘူးဟ ငါမေးတာသာဖြေပေးပါ အဲ့ချစ်ခြင်းတရားကို နင်ဘယ်လိုထင်လဲလို့....
Shar... Sရူးမရယ် ဘယ်လိုထင်ရမှာလဲ ရူးနေတာပေါ့ဟ ရူးနေတာ အချင်းချင်း ကြိုက်ရတယ်လို့ ဦးနှောက်မရှိတာလို့ စဉ်းစားညဏ်မရှိလို့ အချင်းချင်းကြိုက်ကြတာပေါ့ မပေါင်းရမှန်းလည်းသိလျက်နဲ့ မြန်မာနိုင်ငံမှာအဲ့လိုလိင်တူလက်ထပ်တဲ့ဥပဒေလည်းမရှိဘဲနဲ့ ပြီးတော့ ဘာသာတရားမှာပါတားမြစ်ထားတယ်လေ ချမ်းမြေ့ရယ် နင်ဒါလေးတောင်မသိဘူးလား အဲ့လိုအချင်းချင်းကြိုက်တဲ့သူတွေက ၀ဋ်တွေပြန်လည်တာဟ အရင်ဘ၀က သူများသားသမီးကိုစော်ကားခဲ့လို့ ဒီဘ၀မှာ ယောကျာ်းက ယောကျာ်းစိတ်မရှိဘဲခြောက်နေတာမျိုးတဲ့ မိန်းမကယောကျာ်းစိတ်ပေါက်နေတာမျိုး အဲ့တာတွေက ၀ဋ်တွေလို့ငါကြားဖူးတယ် ၀ဋ်လည်ကြတာနေမှာပေါ့ အဲ့တာချစ်ခြင်းတရားမှမဟုတ်တာဟ..
YOU ARE READING
ငယ့်ရဲ့စွန်ကလေး
Lãng mạnငယ့်ကိုသာ ငါ့ဘေးနားမှာထားနိုင်မယ်ဆိုရင်..ချိုသာသောအလိမ်အညာတွေနဲ့ ငါလိမ်ညာမိမှာ.... Sweet Lies