Part -1-

1.7K 79 12
                                    

ထိုင်စောင့်နေခဲ့တာကြာလှပြီ..
ခုထိရောက်မလာသေးသော Soyeon ကို
အပြစ်မပြောချင်တော့...
သူ ကိုယ်တိုင်က စောရောက်နေခဲ့တာကို..

"Jennie ဒီမှာ ဘာထိုင်လုပ်နေတာလဲ"
ဖုန်းကို ငုံ့ကြည့်နေရင်းက နာမည်ခေါ်သံကြားလို့
မော့ကြည့်မိသည်..

"အော် Jisoo unnie ..ညီမက Soyeon ကိုစောင့်နေတာ
unnie ကရော"
"unnie က Jennie ကိုတွေ့လို့ ဒီကိုလျှောက်လာတာပဲ
တယောက်တည်း ဆိုတော့ ဘာများဖြစ်လို့လဲ
စိတ်ပူလို့လေ"

သူက ရယ်တော့ Jisoo unnie က မျက်စောင်းထိုးသည်..
"ဘာလို့ရယ်တာလဲ" ဆိုသည့် သဘောနှင့်
မေးတချက်ဆတ်ကာ မျက်ခုံးပင့်မေးသည်...

ခေါင်းကို ခပ်ဖွဖွခါရင်း ပြုံးမိသည်..
လွန်ခဲ့တဲ့ ၂ လက အဖြစ်အပျက်ဆီကို စိတ်ကပြန်ရောက်
သွားပြန်သည်...
______________________🍀______________________
"Jennie ငါ နင့်ကို မြတ်"နိုး"ချစ်တာပါဟာ...
ငါတို့တွဲရအောင်..ငါ..ငါက မိန်းကလေးတယောက်
ဖြစ်နေလို့လား? အဲ့တာကြောင့် မဖြစ်နိုင်တာလား?"

"မဟုတ်ဘူး Lisa ငါနင့်ကို သဘောမကျလို့
မဟုတ်ပါဘူး...မိန်းကလေးတယောက်ဖြစ်နေလို့လဲ
မဟုတ်ဘူး...ငါ နင့်ကို သူငယ်ချင်းထက်ပိုပြီး..
မြင်လို့ မရသေးလို့ပါဟာ"

"ငါ စောင့်လို့ မရဘူးလား Jennie...
နင် ငါ့ကို သူငယ်ချင်းတယောက်ထက် ပိုမြင်နိုင်မယ့်
အချိန် အထိလေ"

"မဖြစ်နိုင်ဘူး....ထင်တာပဲ Lisa...
နောက်ပြီး..ငါ့မှာ သဘောကျရမယ့်သူ ရှိနှင့်ပြီးသားမို့.."

"အော်...." Lisa အသံ ခပ်ဖျော့ဖျော့က သူ့ကို စိတ်ဒုက္ခ
ရောက်စေသည်...အစစအရာရာ သူ့ဘက်ကသာ
စဉ်းစားပေးနေခဲ့သော Lisa ကို သူက မျက်ကွယ်ပြုခဲ့သည်

"ငါ တကယ်တောင်းပန်ပါတယ်" ခေါင်းကိုငုံ့ရင်း
တောင်းပန် စကားဆိုမိတော့...
Lisa က သူ့ပခုံးပေါ်လက်တင်တာ...

"တောင်းပန်ရမယ့် ကိစ္စမဟုတ်ပါဘူး..
ငါ အဆင်ပြေပါတယ်" အားတင်းပြီး ကြိုးစားပြုံးလိုက်
ပုံပေါ်သည့် Lisa ကို...မျက်နှာချင်း မဆိုင်ရဲ...

"နင်သဘောကျနေတဲ့သူကို ငါသိခွင့်ရှိမလား"
"ဟင်....." ရုတ်တရက် မို့ ကြောင်သွားသည်တော့
အမှန်..

You've reached the end of published parts.

⏰ Last updated: Mar 11, 2019 ⏰

Add this story to your Library to get notified about new parts!

What's wrong with these three girls?Where stories live. Discover now