Zawgyi ver
2016 May
ခပ်မှန်မှန်ရွာနေတဲ့ ဝသာန်မိုးကြောင့် ကျဉ်းလှတဲ့ရုံးခန်းလေးက စိမ့်ချမ်းအေးမှုတွေအပြည့်။
မသောက်ဖြစ်တဲ့ကော်ဖီခွက်နှစ်ခွက်ကလည်း
ဖျော်တုန်းကအတိုင်းပင် အရာမယွင်းသေး။စားပွဲခုံတစ်ခုရယ် ဧည့်သည်လာရင်ထိုင်စရာနေရာ ဆိုဖာနှစ်ခုရယ်သာရှိသော ကျဉ်းမြောင်းလှသည့်ရုံးခန်းသည် သူ့အတွက်တော့ အနည်းငယ်စိတ်မသက်မသာဖြစ်စေသည်။
ရင်းနှီးမြှုပ်နှံသူတို့ရဲ့ဘုရင် Wu YiFanက ဒီလိုနေရာမျိုးမှာသာ အလုပ်ကိစ္စနဲ့ထိုင်နေတာသာသိရင် စီးပွားရေးလောကသားတို့ သွေးတက်ကြမည်ထင်သည်။ Wu YiFanနှင့်တွေ့ပြီး
လုပ်ငန်းစကားပြောဖို့အရေးသည် အိမ်ပြာတော်အတွင်းဝင်ဖို့လောက် နီးနီးပင်ခက်ခဲသည်။YiFanကိုယ်တိုင်အတွက်လည်း ဒီနေရာမျိုးမှာ သူကိုယ်တိုင်လိုလိုချင်ချင်လာရဖို့အရေး စိတ်တောင်မကူးဖူးချေ။
သို့သော်ညား ဤလမ်းအသေးထဲရှိ မထင်မရှားရုံးခန်းအတွင်းသို့ သဲကြီးမဲကြီးလိုက်ရှာကာ
ရောက်လာရသည်။သူ့အရှေ့တွင်ထိုင်နေသူသည်...သူ့အတွက် ဖမ်းဆွဲကိုဆွဲရမည့် ကောက်ရိုးမျှင်ဖြစ်သည်မို့။
"ဒီနေရာကိုရောက်လာတယ်ဆိုမှတော့ လူပျောက်ရှာချင်တယ်ဆိုတာ သိပါတယ်.."
ရှေ့ကလူက စကားစလာသည်မို့ ပျာပျာသလဲပင် YiFanဖြေလိုက်မိသည်။
"ဟုတ်ပါတယ် ကျွန်တော်ရှာမဲ့သူက..."
"အိုး ဟိုးနေပါဦး အလောတကြီးမပြောခင် ကျွန်တော်ပြောတာ နားထောင်ပါဦး၊ ကျွန်တော့်ကိုKimလိုခေါ်လို့ရတယ်၊ အလုပ်ကိုလက်ခံသင့် မခံသင့်ကို ပျောက်သွားတဲ့သူအကြောင်း ဘာကြောင့်ပျောက်တယ်ဆိုတဲ့ အကြောင်းအကုန်နားထောင်ပြီးမှ ဆုံးဖြတ်တတ်လို့ပါ။..
လူသိမခံနိုင်တဲ့အကြောင်းရာမျိုးဆိုရင် မပြောခင်တည်းက စဉ်းစားစေချင်လို့ပါ"
YiFanအတွက်ကတော့ အခုချိန်မှာ တွေ့အောင်ရှာဖို့တခုတည်းကသာလျှင် အသက်တမျှအလေးနက်ထားရသည့်အရာ...သူ့ကိုသာရှာနိုင်မည်ဆိုလျှင်..။