"ဝေါင်း"
သစ်ရွက်ဝါတွေ အုပ်ဖွဲ့၍ လွင့်ကြွေမျောသွားတာမြင်တော့ သူ ထိုသို့ အသံပြုမိသည်။လွမ်းစရာကောင်းသော ရှုခင်းလေးကို သူ သဘောကျမိသည်။
ပြုံးလျက်သား မျက်နှာလေးနဲ့ ပြတင်းပေါက်မှာ မေးထောက်ပြီး ငေးနေလိုက်သည်။ခဏကြာမှ တစ်စုံတစ်ခုကို သတိရကာ စာကြည့်စားပွဲသို့ သူပြေးလွှားသွားမိသည်။
စားပွဲပေါ်မှာ ဘောပင်ညှပ်၍ပိတ်ထားသော အဝါရောင်စာအုပ်လေးတစ်အုပ်။
သူ့ရဲ့ ဒိုင်ယာရီ စာအုပ်လေး။သူဖွင့်ကြည့်လိုက်တော့ ဒိုင်ယာရီထဲမှာ စာပိုဒ်လေး တစ်ပိုဒ်တွေ့ရသည်။
"မနက်ဖြန် မနက်ခင်း (၉)နာရီ သူနှင့်တွေ့ရမည်။
မိုးနှင်းပွင့်လေး ဖြစ်ခွင့်ရသလို ငါပျော်သည်။"စာအုပ်ထဲမှ မနက်ဖြန်ဆိုသည်မှာ အပြင်က ယနေ့ပင်ဖြစ်သည်။
အို,ကြည့်စမ်း..။ ငါသိပ်နမော်နမဲ့နိုင်လိုက်တာ။
ညတုန်းက ဒိုင်ယာရီကို သေချာမသိမ်းထားမိပါလား။ရိုင်အို များဖတ်မိသွားလား မသိဘူး။တွေ့ရင်တော့ ငါ့ကိုစနောက်နေတော့မှာပဲ။
သူ သံသယစိတ် တစ်ဝက်ဖြင့် ရှက်စိတ်ဝင်လာမိသည်။
ဒိုင်ယာရီကို သေချာသိမ်းလိုက်ပြီးမှ ရေချိုးကိုယ်လက်သန့်စင်ကာ အဝတ်အစားလဲ
လိုက်သည်။မှန်ကို သေချာမကြည့်တတ်သော သူ၊ မှန်ကြာကြာကြည့်စရာ မလိုပါဘူးဟု
အရင်က တွေးခဲ့မိသော သူက အခုတော့ မှန်ထဲက ကိုယ့်မျက်နှာကို
သေချာ ကြည့်ကာ ကိုယ့်ဘာသာကိုယ် ရှက်ကိုးရှက်ကန်းဖြစ်နေမိသည်။"သူနဲ့ တွေ့ပြီးရင် သင်တန်း တန်းသွားရမှာ ဆိုတော့..."
သူ တွက်တွက်ချက်ချက်နဲ့ပဲ ဂီတနုတ်စာရွက်လေးတွေကို လွယ်အိတ်ထဲ ဂရုတစိုက်
ထည့်လိုက်သည်။ဂီတ သင်တန်းပြီးရင် အားကစားခန်းမသွားရမည်ဖြစ်သဖြင့်
သန့်ရှင်းရေးဝတ်စုံကိုလည်း ထည့်သည်။
YOU ARE READING
Old Flame (မီးတောက်ဟောင်းကလေး)
Fanfictionစာရေးဆရာ သူဝေးရဲ့ Old Flame ဝတ္ထုကို Jikook version ပုံစံဖြင့် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါသည်။ full credit goes to သူဝေး (Zawgyi+Unicode)