မီး​တောက်​​ဟောင်းက​လေး-2(Zaw+Uni)

4K 241 2
                                    

"ရွာချလာတာက
ပကတိ အမှား
မိုးနှင်းပွင့်​​လေး ခဏဖြစ်​ခွင့်​ရချင်​သူ
မည်​သူမှ လက်​ခုပ်​ဖြူ ဖြူ နဲ့ မခံယူခဲ့​တော့......"

နိဒါန်း

(a)လောင်းကစားသမားနှစ်​​ယောက်

မီးပွိုင့်​ကြီးတစ်​ခုအနီး ပလက်​​ဖောင်း​ပေါ်တွင်​ Taxi ဂိတ်​တစ်​ခုရှိရာ Taxi သမား
တချို့ ဂိတ်​လာထိုးတတ်​ကြသည်​။ ဂိတ်​ထိုးရင်း ​ကြွေအံပစ်​၊ ကျားထိုး စသည်​ဖြင့်
ကားသမားများ အပန်း​ဖြေတတ်​ကြသည်​။ထိုအနားသို့ ​လောင်းကစားသည့်​ အမှုကို
သည်း​ခြေကြိုက်​ဖြစ်​​နေ​သော လူနှစ်​​ယောက်​လည်း အမြဲ လာ​လေ့ရှိသည်​။

နည်းသည်​ဖြစ်​​စေ၊များသည်​ဖြစ်​​စေ ထိုနှစ်​​ယောက်​သည်​ ပိုက်​ဆံ​လေးပါမှ
လောင်းချင်​ကြသည်​။ ကားသမားများနှင့်​လည်း ​လောင်းကစားဝင်​လုပ်​တတ်​သည်​။
ဂိတ်​တွင်​ ကားသမားများ မရှိရင်​လည်း သူတို့အချင်းချင်း ​လောင်းတတ်​ကြပြန်​သည်​။

လောင်းကြရာတွင်​ ​ကြွေအံပစ်​၊ ကျားထိုး၊ အံစာတုံး လှည့်​ရုံတင်​မက လူသူပါးလပ်
သည့်​အချိန်​တွင်​ ခါးကြားမှ ဖဲထုပ်​ ထုတ်​ကာ နှစ်​​ယောက်​သား ခိုးရိုက်​တတ်​ပြန်​သည်
အခြား ​ထွေလီကာလီ ​လောင်းကစားနည်းများကိုလည်း ကြုံရင်​ကြုံသလို
ပေါက်​​ပေါက်​ရှာရှာ ကစားတတ်​ကြပြန်​သည်​။

တ​နေကုန်​လည်း အိမ်​မပြန်​ကြ။ ည​ရောက်​မှသာ ပြန်​ကြ​လေ့ရှိသည်​။

တွေ့သည့်​လူကို ဆွဲ၍ ​လောင်းကစားလုပ်​တတ်​လွန်း​သော​ကြောင့်
သူတို့နှစ်​​ယောက်​အနား မည်သူမျှ မကပ်​ရဲကြ​ပေ။ ကားသမားများပင်​ သူတို့နှစ်​​ယောက်​ ရှိ​နေရင်​ ခပ်​ခွာခွာ​နေတတ်​ကြသည်​။

ရပ်​ကွက်​ထဲ နာမကျန်းဖြစ်​​သော ​​တော့ပိုကီ​ရောင်းသည့်​ ​အ​ဒေါ်ကြီး
ဆို​ယောင်းကိုပင်​ ​သောကြာ​နေ့​သေမည်​၊ စ​နေ​နေ့​သေမည်​ ဟူ၍ ​လောင်းကြရာ
အ​ဒေါ်ကြီး ဆို​ယောင်း၏ မိသားစုမှ လိုက်​ရိုက်​သဖြင့်​ ထွက်​​ပြေးကြရဖူး​သေးသည်​။
တကယ်​တွင်​ကား ထိုအ​ဒေါ်ကြီးသည်​ ကြာသပ​တေး​နေ့တွင်​​သေရှာသည်​။

Old Flame (မီး​တောက်​​ဟောင်းက​လေး)Where stories live. Discover now