385 37 2
                                    

"တော်တော့ အိုဟွန်းငယ်.. အစ်ကို့နောက်ကိုဆက်မလိုက်နဲ့တော့!
ဒီလိုနောက်ကလိုက်နေလို့ အစ်ကိုစိတ်ပြောင်းမယ်ထင်လား အိုဟွန်းငယ်! သွားပါတော့အစ်ကိုကိုမနှောင့်ယှက်ပါနဲ့တော့ကွာ...
ဒါက ငယ်ငယ်ကလို လိုချင်တာမရလို့ လိုက်ချွဲ လိုက်ကောက်နေရုံနဲ့ရမယ့်အရာမဟုတ်ဘူးနော်!!"

"ဟွန်းငယ်" "ကလေးလေး" ဟုတစ်ယုတစ်ယချစ်စနိုးနှင့်ခေါ်တတ်သောအစ်ကိုက အိုဟွန်းငယ်လို့ခေါ်တည်းက ဒေါသထွက်မှန်းသိသာပါ၏။

"အင်းပါ...အစ်ကိုရဲ့ ဟွန်းငယ်သိပါတယ်...ဟွန်းငယ်အစ်ကို့စိတ်ကိုသိပါတယ်...ဟွန်းငယ်က ဒီ..ဒီအတိုင်း အစ်ကို့ကိုတွေ့ချင်လို့...လိုက်လာတာပါ..."

ဒေါသထွက်လည်းထွက်ပါစေတော့လေ...ဆယ်ဟွန်းရဲ့ခံစားချက်တွေကို အစ်ကိုမတော်တဆသိပြီးသည့်အချိန် လွန်ခဲ့သောတစ်လမှစ၍ အရင်လိုဂရုစိုက်ဖို့နေနေသာ မျက်နှာချင်းတောင်မဆိုင်တော့တဲ့အစ်ကို့ကိုဘယ်လောက်တောင်လွမ်းရလိုက်လဲလေ..

"တောက်...အိုဟွန်းငယ် မင်းကွာ...မင်း...အရှက်မရှိဘူးလားဟင်! ယောကျာင်္းအချင်းချင်းကိုကွာ...
ငါကမင်းလိုgayမဟုတ်ဘူး အိုဟွန်းငယ်...ငယ်ငယ်ကသံယောဇဉ်နဲ့မို့ သည်းခံနေတာကို အထင်မလွဲလိုက်နဲ့! မင်းမရှက်ပေမယ့်ငါရှက်တာမို့ ကျေးဇူးပြုပြီးပြန်လိုက်ပါတော့..."

ချစ်ရသူရဲ့ နှုတ်ထွက်စကားတစ်ခွန်းက ရင်တစ်ခုလုံး ကွဲကြေဖို့ လုံလောက်ပါရဲ့...
Gayတဲ့လားအစ်ကိုရယ် ကျွန်တော်ကယောက်ကျာင်္းတစ်ကာကို ကြိုက်တဲ့ကောင်လို့များထင်နေတာလားအစ်ကို ကျွန်တော် ဘယ်မိန်းကလေးကိုမှ မကြိုက်သလိုဘယ်ယောကျာင်္းလေးကိုမှလည်းစိတ်မဝင်စားခဲ့ဖူးပါဘူး အစ်ကိုတစ်ယောက်ထဲကိုပဲချစ်ခဲ့မိတဲ့ကောင်ပါဗျာ...ဒါကိုgayလို့နာမည်တပ်မယ်ဆိုလည်း gayပေါ့ဗျာ.. ..အဟက်*

ပါးပြင်ပေါ်က ပူနွေးနွေးမှုတစ်ခု...ငါငိုနေတာလား?..မငိုစမ်းနဲ့အိုဆယ်ဟွန်း အစ်ကို့ကိုချစ်ထဲကဒီလိုနာကျင်မှာကိုသိတယ်မလား အစ်ကို့ကိုချစ်တယ်ဆိုဒီလောက်နဲ့ခံစားမနေစမ်းနဲ့...ဟုတ်တယ်မခံစားနဲ့ ထပ်ကြိုးစားရမှာ ...

ချစ်ခြင်းဖြင့်♥(One Short)Where stories live. Discover now