The Answer

2.1K 125 24
                                    

[ကိုကိုပျော်ရင်.. ကျွန်တော်ပါအလိုလိုပျော်လာသလိုပဲရယ်..]

အပြုံးတစ်ချို့နဲ့ ပြောခဲ့သော ထိုစကားတွေ..
အနားမှာ နေခွင့်ရရုံနဲ့တင်.. စောင့်ရှောက်ပေးရရုံနဲ့တင် ကျေနပ်နေသော ကောင်လေးဟာ..

တခြားတစ်ယောက်နဲ့ ပျော်နေတဲ့ မြတ်နိုးရသူရဲ့ အလိုမရှိတဲ့အကြည့်တွေရယ်.. နာကျင်ဖွယ်အတိနဲ့စကားတွေရယ်.. အေးစက်မှုတွေရယ်ကိုသာ လက်ခံရရှိတဲ့အခါ...
.
.
.
.
.
ဟင့်အင်း...
.
.
မင်းထင်သလို သူ.. ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ပါဘူး..
.
မင်းသိလား..
.
နာကျင်နေခဲ့သော သူဟာ..
.
.
ဘာမှမဖြစ်သလို...
.
.
ပြုံးနေဖို့.. အဆုံးထိကြိုးစားနေသေးတယ်လေ..

》》》》》》》》》》》》》》》》》》》》》》》》》》》

[ရှင်းက Sekaဆိုတာ.. ကိုကို့ကို ဘာကြောင့်မပြောပြခဲ့တာလဲ? စတွေ့တည်းကလေ..]


"ကျွန်တော်က Sekaဆိုတာ.. ကိုကို့ကို ဘာကြောင့်မပြောပြခဲ့တာလဲ?? Ehh အာ့က.... "

ဖြေဖို့တွန့်ဆုတ်နေဟန် ဝတ်ရုံအဖြူလေးနဲ့ ပန်းခင်းကြီးကို ငေးကြည့်နေလေသောကောင်လေးက ခပ်ဖျော့ဖျော့ပြုံးလာသည်။ မျက်တောင်စိတ်စိတ်နဲ့ မျက်ဝန်းပြာတို့က လရောင်ပြန်တာကြောင့် ကြည်တောက်နေလျက်..

"Heh~ ကျွန်တော့်အနာဂတ်က မသေချာဘူးရယ်လေ.. ကျွန်တော်ထပ်ပြီး ပျောက်ကွယ်သွားမယ်ဆို ကိုကိုနောက်တစ်ခါ ထပ်ပြီးနာကျင်ရမှာ.. အာ့ကြောင့် ပျောက်ကွယ်သွားတော့မဲ့ကျွန်တော် ဘယ်သူလဲဆိုတာ.. ကိုကိုမသိရင် ပိုကောင်းတယ်မို့လား.."

"ဒီတိုင်း.... ဒီတိုင်း seka မဟုတ်ဘဲ... ရှင်းဆိုတဲ့ကောင်လေးတစ်ယောက် ပျောက်ကွယ်သွားတဲအခါ....

ကိုကိုဟာ ဟိုးအရင်က sekaကိုဆုံရှုံးခဲ့ရသလို.. ဘယ်တော့မှ ဝမ်းနည်းနာကျင်ရမှာ မဟုတ်ဘူးလေ.."

ကောင်လေးကအကြည့်လွှဲသွားရင်း သူ့ရှေ့ဘက်မှ ပန်းခင်းကြီးကို ငေးကြည့်နေပြန်သည်။ခံစားချက်တို့ကြောင့် နာကျင်နေသည့်ဟန် သူမျက်ဝန်းတို့တွင် မျက်ရည်စများဝေ့ဝဲလာလျက်..
တခြားသူတွေ မမြင်သွားစေရန် မျက်ရည်တွေကို လက်နဲ့ခိုးသုတ်ရင်း သူ ဘာမှမဖြစ်သလို ပြုံးလာခဲ့သည်။

[ရှင်းရဲ့ခံစားချက်တွေကိုရော..ကိုကို့ကို ဘာလို့ ဖွင့်မပြောခဲ့တာလဲဟင်?အနည်းဆုံးတော့.. ကိုယ်ခံစားချက်တွေကို ကိုယ်ချစ်တဲ့သူကို သိစေချင်ကြတာပဲမို့လား..?]

"ကျွန်တော့် ခံစားချက်တွေကိုရော..ကိုကို့ကို ဘာလို့ ဖွင့်မပြောခဲ့တာလဲ?..heh~ကျွန်တော့်ကို ဖြေရခက်တဲ့မေးခွန်းတွေချည်း မေးတာပဲနော်"

မေးခွန်းကြောင့် အနောက်ကိုပြန်လှည့်ကြည့်ရင်း ရှင်း ခပ်တိုးတိုးရယ်မောလာသည်။

"ဘာမှ.. မသေချာတော့တဲ့ အချိန်ကြီးမှာ.."

"ကျွန်တော့်ခံစားချက်တွေကို.. ကိုကိုမသိတာ ပိုကောင်းပါတယ်.. "

လရောင်အောက်မှ ရှင်းရဲ့အပြုံးတို့က ဖျော့တော့နေလျက်..

"ဘာလို့လဲဆိုတော့.. တစ်ချိန်ကျရင်.. ကျွန်တော်ဆိုတာက...
ကိုကို့ဘဝထဲကနေ...
.
.
ပျောက်ကွယ်သွားရတော့မဲ့..
.
.
သူတစ်ယောက်... မို့လား.."

"...အ..ချိန်..တွေ.."

နောက်ကျောပေးကာ ပန်းခင်းကြီးဘက်လှည့်သွားသော ကောင်လေးဆီမှ ထွက်လာသော ခပ်တိုးတိုးရေရွတ်သံလေး..
အားနည်းကာ တိုးဖျော့လွန်းတာကြောင့် လေနဲ့အတူရော၍ ပျောက်ကွယ်သွားတော့မယောင်..

"... သိလား.. ကျွန်တော့်..အ ချိန်.. တွေက.. တဖြေးဖြေး..တိုက်စား.. ခံနေရပြီရယ်..
.
.
.
အရာအားလုံးကလေ သဲ နာ ရီ ထဲ က သဲ တွေ လို ပဲ..."

"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Boku No Random BL(OC)[completed]Where stories live. Discover now