အပိုင်း(၁)
းးးးးးးးးးးးးးးးလောကမှာချစ်ခြင်းရှိလျှင်မုန်းခြင်းရှိရမည်။ကံဆိုးခြင်းရှိလျှင်ကံကောင်းခြင်းရှိသည်။
တရားကိုနတ်စောင့်သည်။သူတော်ကောငိး နတ်ကောင်းမသည်တဲ့။
အများအတွက်တော့ ဒါတွေကသိပ်မှန်တဲ့နိယာမတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။
သို့ပေမဲ့ ညံ့အတွက်တော့ သိပ်ရယ်စရာကောင်းတဲ့ပျက်လုံးသက်သက်တွေသာ။
တရားစောင့်ပြီး သူတော်ကောင်းကယ်တဲ့နတ်တွေဆိုတာလဲ ညံ့ကိုမျက်စိလျှမ်းကြတယ်ထင်ပါရဲ့။အခုချိန်ထိကို ကံကောင်းခြင်း။ကြည်နူးခြင်းတွေဆိုတာ ယောင်၍တောင်မခံစားဖူးသေး။"ဒေါက် ဒေါက် ဒေါက်"
"မောင်လေး ညံ ထတော့။ထတော့။မနက်စာပြင်ရအုံးမယ်မဟုတ်လား။"
မမ လရိပ်ဆောင်းအသံကြောင့် နိုးထလာကာ တံခါးစုတ်လေးကိုခပ်ဖွဖွမရင်း ဖွင့်ပေးလိုက်သည်။
မမက အခန်းဝမှာရပ်နေကာ"ဒီနေ့ အိပ်ရာထနောက်ကျတယ်နော်မောင်လေး။သူတို့ကနိုးနေပြီ။မြန်မြန်မျက်နာသစ်။မနက်စာပြင်တော့။မမအိပ်ရာသိမ်းပေးမယ်။"
"ဟုတ်ဟုတ်"
ရေနူးကာ အရေခွံပြဲနေသော လက်တွေကိုမမမမြင်အောင် နောက်ကျောဘက်ထား ကွယ်လိုက်၏။
မနေ့ညက ဒီအိမ်ကြီးတစ်ခုလုံးနီးပါးပန်းကန်တွေ ဒိုင်ခံဆေးခဲ့ရတာ မမမသိနိုင်ပေ။သိလဲဘာမှကူညီနိုင်တာမှမဟုတ်တာ။မိုးကမှောင်ရိပ်တောင်မပြယ်ချင်သေး။
မျက်နာလျှင်မြန်စွာသစ်။သွားတိုက်။အဝတ်အစားလဲကာ မီးဖိုချောင်ဝင်ခဲ့သည်။ကော်ဖီဖျော်။ကြီးကြီးတင်လှီးထားသောကိတ်ချပ်တွေကို ဗန်းထဲထည့်။ရေနွေးအိုးသုံးလုံး ခွက်သုံးလုံးကို မုန့်ထည့်ထားသောဗန်းသုံးခုစီပေါ်တင်သည်။
ပြီးနောက် လက်သုတ်ပဝါသုံးခုကိုပါ ထပ်တင်လိုက်တော့ မနက်စာ အဆာပြေလေးစီစဉ်မူကပြီးသွားလေပြီ။"မြန်မြန်သွားညံ။အကြောင်းသိတယ်မဟုတ်လား။နောက်ကျလို့မဖြစ်ဘူး။"
"ဟုတ်ကဲ့ကြီးကြီး။"
မီးဖိုချောင်နင့်ဒီအိမ်ကြီးစားသောက်ရေးကို ကြီးကြီးတင်နင့်ညံတာဝန်ယူထားရ၏။ဗန်းသုံးခုပြီးသည်နင့် နစ်ခုကိုယူလိုက်ကာ အလယ်အလတ်အရေးကြီးသောလူနစ်ယောက်အခန်းကိုအရင်ပို့သည်။အိပ်ပျော်နေဆဲ ထိုလူများမနိုးအောင် ခြေဖွဖွနင်းရင်းစားပွဲပေါ်တင်ခဲ့ပေးပြီးနောက်
နောက်ဆုံးဗန်းကိုယူကာ အရေးအကြီးဆုံးလူအခန်းထဲဝင်ထားခဲ့သည်။သူကတော့ နိုးနေပေမဲ့ အိပ်ရာထက်မှာ ငြိမ်သက်နေဆဲ။
ဗန်းကိုအိပ်ရာ နံဘေးစားပွဲပေါ်တင်ပေးလိုက်ရင်း လှည့်ထွက်လာကာ တံခါးနားအရောက်၌