အပိုင်း 3

3.6K 155 1
                                    

"နေဖမ်းစားသော လမင်း"
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အပိုင်း(၃)
**********

"ညံရေ ထမင်းပွဲပြင်တော့မောင်လေး။ဒီနေ့လူစုံကြမယ်။ဧည့်သည်တွေရောက်နေတယ်ဆိုတော့ ဧည့်သည်တွေအတွက်ပါပြင်ထားတယ်မဟုတ်လား"

"မေးနေရသေးလားမမရယ်။သူတို့ရောက်လာထဲကသား ထည့်တွက်ပြင်ဆင်ထားတာအခုထိပဲဟာကို။အားလုံးအသင့်ပဲ။စားပွဲမှာရှိတယ်။သွားခေါ်တော့"

"အေးအေး"

သည်အိမ်ထမင်းဝိုင်းကဘယ်တော့မှလူမစုံ။အိပ်ချိန်တောင် နောက်ကျဝင်သူတွေချည်းမို့ ဆုံနိုင်တာမဟုတ်။ယခုတော့ အိမ်ရှင်ဒေါတင်မမတစ်ချက်လွတ်အမိန့်ကြောင့် ထမင်းစားချိန်တိုင်းလူစုံရောက်နေရ၏။
မမဆောင်းထွက်သွားပြီးခဏအကြာ အိမ်သားများဆင်းလာခဲ့ကြ၍ ညံလဲ ထမင်းထည့်ရရန်ပြင်ရတော့သည်။အလုပ်သမားလိုဖြစ်နေသော ညံ့အတွက်ကတော့ အိမ်သားများစားပြီးမှစားသောက်ရုံသာ။
အားလုံးကိုထည့်ပေးပြီး ဧည့်သည်မိန်းကလေး၏ပန်းကန်အတွင်း ထမင်းထည့်ပေးကာ လှည့်အထွက်၌

"ခွမ်းးးး"

"အမလေး ကုန်ပါပြီ။ကုန်ပါပြီ။ဟဲ့ ချစ်ခွန်းညံ နင်ဘယ်လိုလုပ်လိုက်တာလဲဟဲ့"

ညံခြေထောက်တခုခုနင့်ညိသွားသလိုဖြစ်ကာ လဲကျသွား၍ လက်ထဲပိုက်ထားသော ကြွေထမင်းအုပ်မှာလဲ ကျကွဲသွားသည်။ညံတောင်မထရသေး။အားလုံးအထဲမှာ အသံအကျယ်ဆုံးက ဒေါတင်မမ။ချက်ချင်းအနားရောက်လာကာ ဆူပူအော်ငေါက်နေတော့၏။

"ညံ့ခြေထောက်"

"တိတ်စမ်း။ဆင်ခြေချည်းပဲ။နင်ရှာထားရတာမဟုတ်တိုင်း ဖျက်ဆီးတာလားဟလား။နင်ဟာလေ နင့်အမေလိုပဲ ပျာယာပျာယာနဲ့ နင့်ကို ငါလေ "

"စိတ်ထိန်းပါဒေါလေးရယ်။မတော်တဆဖြစ်တာပဲဟာကို။အဲ့ဒါလေးသမီးပြန်အစားထိုးပေးပါ့မယ်။"

"အို သမီးလေးရယ်။မလိုပါဘူး။သူစည်းကမ်းမရှိလို့ပြောနေတာ။သမီးကအရမ်းသိတတ်တာပဲ။
ဒီမှာချစ်ခွန်းညံ ဧည့်သည်တွေရောက်နေတာ နင်ကံကောင်းသွားတယ်မှတ်ပါ။နင် ဒီနေ့လည်စာ လုံးဝမစားနဲ့။အခုသိမ်း သွားတော့။ကဲ သီတာရေ စားရအောင်"

"နေဖမ်းစားသော လမင်း"Where stories live. Discover now