"ဟား...ဟား..ဟား.ဟား..."
"အဟား..ဟား...ဟား..ဟား..."
"ဝူးဟူး...ရေး..."
အနက်ရောင်ကားထဲမှ လူငါးယောက်၏ ရယ်သံများဖြစ်သည်။
သူတို့ ဒီတစ်ခါလောက် ပွပေါက်တိုးတာ မရှိဖူးပေ။ ဘီယာဆိုင်ထဲမှာဆို ခွက်ချင်းတိုက်ကာ 'ချီးယား' တွေဘာတွေ အော်မည်ဖြစ်သော်လည်း ခုတော့ ကားပေါ်မှာ ဖြစ်နေ၍ အသားလွတ် ဝါးဟားဟားသာ ရယ်နေရသည်။
ဆရာကြီးက ဝူဆွန်း ၏ ပုခုံးကို တဖြောင်းဖြောင်း ရိုက်နေသည်။ဝူဆွန်း ဆိုသည်မှာ လူနာမည်ဖြစ်သည်။တရုတ်ကားထဲက ဝူခုံးကိုကြိုက်၍လား ဘာလားတော့မသိ။သူ့နာမည်ကတော့ ဝူဆွန်း ပင်ဖြစ်သည်။ကိုရီးယားနာမည်နှင့်မတူဘဲ တရုတ်နာမည်လိုလို ဘာလိုလိုနှင့် ခေါ်ရတာ ထောက်တီးထောက်နဲ့ နှင့်ပင်။
ဥပဓိရုပ်ကတော့ ဝူခုံးလောက်ပင် မရှိပဲ ပိုးဟပ်ကို နှစ်နဲ့မြှောက်ထားသလို ပိန်သေးသေးပင်ဖြစ်သည်။ ထို့သို့ ခန္ဓာကိုယ်ကို အားကောင်းမောင်းသန် ဆရာကြီးက
ပုခုံးကို တဖြောင်းဖြောင်းနှင့်ရိုက်နေရာ ဝူဆွန်းသည် မြေကြီးထဲသို့ ပုပုဝင်သွားသလိုပင်။တကယ်တော့ ဆရာကြီးသည် သူ့ပုခုံးကို ရိုက်နေခြင်းမှာသူ့ကို ဂုဏ်ပြုနေခြင်းဖြစ်သည်။ထိုသို့ ဂုဏ်ပြုသည့်ဒဏ်ကို ဝူဆွန်းမှာ အောင့်သက်သက်နှင့်ပြုံးကာ ခံနေရသည်။သူ့လက်ထဲတွင် ကိုင်ထားသည်ကတော့ အနီရောင်သေတ္တာတစ်လုံး။
"ဝူဆွန်း....ငါ့တပည့် မင်းသိပ်တော်တယ်ကွာ..."
ဆရာကြီးက နှုတ်ထွက်ချီးကျုးလိုက်သည်နှင့် ကျန်အဖွဲ့သားများ ဘေးနားသို့ တဝုန်းဝုန်းရောက်လာကြတော့သည်။ ခေါင်းကို နားရင်းကို ဇက်ပိုးကို ကြုံသလို မှီရာကို ဆွဲရိုက်ကြရာ "ဝူဆွန်းကြီး တော်တယ်ကွာ..." ဟု ဝိုင်းချီးကျူးကြသည်။ ချီးကျူး ဒဏ်ခံရလွန်း၍ ဝူဆွန်းမှာလည်း မျော့မျော့ပင်ကျန်တော့သည်။
YOU ARE READING
Old Flame (မီးတောက်ဟောင်းကလေး)
Fanfictionစာရေးဆရာ သူဝေးရဲ့ Old Flame ဝတ္ထုကို Jikook version ပုံစံဖြင့် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါသည်။ full credit goes to သူဝေး (Zawgyi+Unicode)