#ZG
အိမ်ထောင်တစ်ခုခိုင်မြဲဖို့
မိသားစု တစ်စုတစ်စည်းတည်းရှိဖို့
မင်း ငါ့အနားမှာပျော်ရွှင်စေဖို့
အတွက် ငါ့ရဲ့
မာနတွေ အချစ်တွေ အရှက်တရားတွေကိုချခင်းခဲ့တာ
မင်း နဲ့ အတူ သာယာတဲ့မိသားစုဘဝကိုတည်ထောင်ဖို့
မင်း နင်းချေပြီးထွက်သွားဖို့မဟုတ်ဘူး
ကင်မ်နမ်ဂျွန်း ရေ
ငါအရမ်းပင်ပန်းနေပြီ..................Husband No.1...................
"Pa Pa ဂျင် တားတား ဗိုက်"
"ဗိုက်ဘာဖြစ်လို့်လဲ ထယ်လေး အောင့်လို့လား"
"ဟုတ်ဘာဘူး papa တားတား ဗိုက်ချာနေပြီယို့ "
"အဆင်သင့်ပါပဲ မင်းသားလေး "
ဗိုက်ပူပူလေးကိုပွတ်က ငိုမဲ့မဲ့ ဖြစ်နေတဲ့သားငယ်လေးကို
ချော့မြူကာ ထိုင်ခုံပေါ်တင်ပေးပြီး စားပွဲပေါ်မှ
သားငယ်လေးရဲ့မနက်စာကို သားငယ်လေးမှီအောင်
အနားသို့ တိုးပေးလိုက်သည်
အစားအသောက်တွေ့တာနဲ့
သားငယ်လေးရဲ့မျက်လုံးများက
တစ်လက်လက်တောက်ပလျှက်"Pa Pa ရေ ဂျီလေးကို ကျစ်ဆံမြီးကျစ်ပေးဦး"
"လာပြီ လာပြီ "
ဂျင်လည်း ထယ်လေးကို စားဖို့ပြင်ပေးပြီးတာနဲ့
တစ်ကျီကျီအော်နေတဲ့ သမီးလေးဆီပြေးရတော့သည်သမီးမိန်းကလေးမွေးထားတော့လည်း
မိန်းကလေးတွေအကြောင်းကိုလည်း
သူလေ့လာထားရသည်
အလှအပရေးရာကအစ ကျန်းမာရေးမကျန်
သူနားလည်မှရမည် သမီးလေးမှာ
သူများကလေးတွေလို အမေရှိတာမဟုတ်
အဖေနှစ်ယောက်နှင့် နေရတာမို့
မျက်နှာငယ်တာမျိုး သူအဖြစ်မခံနိုင်သမီးလေးရဲ့ကျော အလယ်မရှိတရှိ ဆံပင်လေးကို
နှစ်ဖက်ခွဲကာကျစ်ဆံမြီးကျစ်ပေးပြီး
ကြယ်ငါး ပုံစံ ကလစ်လေးကိုပါပန်ပေးလိုက်သည်"ဝါး~~ လှလိုက်တာ ဘယ်သူ့သမီးလေးပါလိမ့် "
"PaPa ကင်မ်ဆော့ဂျင်နဲ့ Appa ကင်မ်နမ်ဂျွန်းရဲ့
သမီးလေး ကင်မ်ဂျီယွန်း လေးပါ ခ်ခ် ""ဟုတ်ပါတယ် မှန်ပါတယ်ဗျ "
သံယောင်လေးလိုက်ကာပြောလိုက်တော့
သမီးလေးရဲ့ရယ်သံက ပျံ့လွင့်လို့လာသည်
YOU ARE READING
Husband No.1
Fanfictionအိမ်ထောင်တစ်ခုခိုင်မြဲဖို့ မိသားစု တစ်စုတစ်စည်းတည်းရှိဖို့ မင်း ငါ့အနားမှာပျော်ရွှင်စေဖို့ အတွက် ငါ့ရဲ့ မာနတွေ အချစ်တွေ အရှက်တရားတွေကိုချခင်းခဲ့တာ မင်း နဲ့ အတူ သာယာတဲ့မိသားစုဘဝကိုတည်ထောင်ဖို့ မင်း နင်းချေပြီးထွက်သွားဖို့မဟုတ်ဘူး ကင်မ်နမ်ဂျွန်း ေ...