1

1K 153 76
                                    

"လူသားတိုင်း အချစ်မှာ ကျဆုံးရင်း ရူးနေတာ"တဲ့ ကျွန်တော် သူငယ်ချင်းက ကျွန်တော်ကို ပြောတယ်။

ကျွန်တော်က အဲ့တာ လုံးဝ မှားတယ်လို့ထင်တာပဲ။

ခင်များတို့ပဲ စဉ်းစားကြည့်။

ချစ်ပါတယ်ကြိုက်ပါတယ်ဆိုပြီး တွဲလိုက်ကြ။ ပီးရင် ကွဲ ကြ ပြတ်ကြနဲ့ ။ တကယ်ချစ်တယ်ဆို အဲ့လိုတွေ ဖြစ်လာစရာ မရှိဘူးမလား။

ဆယ်ဟွန်းနီးရဲ့ ဖေဖေနဲ့ မေမေလဲ အစက အရမ်းချစ်လို့ မိဘတွေ သဘောမတူတဲ့ ကြားက ယူထားခဲ့ကြတာတဲ့ ။

ဖွားဖွားကပြောတယ်။ သူတို့နှစ်ယောက်လောက် ချစ်တဲ့သူတွေ လိုက်ရှာရင်တောင် ရှာမတွေ့နိုင်ဘူးတဲ့။

ဒါဆို အခု ဘာလို့ ကွာရှင်းလိုက်ကြတာလဲ ။
ဘာလို့ နောက်အိမ်ထောင်ကိုစီနဲ့ ဖြစ်သွားကြတာလဲ။
ဆယ်ဟွန်းနီးကိုကျ ဖွားဖွား အိမ်မှာ ပြစ်ထားကျပြီး သူတို့ကျ နောက်မိသားစုတွေနဲ့ အရမ်းပျော်နေကြတာလဲ။

အချစ်သစ်တွေပေါက်ဖွားလာလို့လား။ အချစ်ဟောင်းတွေ ကုန်သွားလို့လား။

ရှင်းပါတယ် ဒါကတော့။
တကယ် အချစ်ဆိုတာ မရှိလို့ပေါ့ ။ မဟုတ်ဘူးလား။

လက်တွေ့ဘဝမှာ စိတ်ကူးယဉ်ဆန်တဲ့ အချစ်တွေက တကယ်မရှိဘူး။

အဲ့တော့ အိုဆယ်ဟွန်းဆိုတဲ့ ကျွန်တော်က အချစ်ကိုမယုံဘူး။

အော် မိတ်ဆက်ပေးဖို့မေ့နေတာ။

ကျွန်တော် နာမည်က အိုဆယ်ဟွန်း။
တက္ကသိုလ် တတိယနှစ်တတ်နေတယ်။
Dance မေဂျာယူထားတယ်။
ဖွားဖွားနဲ့တူတူနေတယ်။
ကျောင်းမှာ Kingဖြစ်တဲ့ ကျွန်တော်ကို ကြွေတဲ့သူတွေ ဝိုင်းဝိုင်းလည် နေပေမဲ့ ကျွန်တော်ကတော့ ခုထိ အက်ဖုအေ ဖြစ်နေဆဲပဲ။

ဘာလို့ဆိုတော့ ကျွန်တော်က အချစ်ကို မယုံလို့လေ။

ကွဲကျ ၊ ငိုကျ ၊ ယိုကျ နဲ့ အရမ်း စိတ်ပျက်ဖို့ကောင်းတယ် စောင် အာအက်စ်တွေ ။

ကျွန်တော်ကတော့ အပ်ဖုအေ ဘဝမှာ အရမ်းသာနေပြီ။

အယ်...အက်ဖုအေ ဘဝမှာ မကောင်းတာ တစ်ခုပဲ ရှိတယ်။ အခွင့်အရေး မရတာပဲ။

You've reached the end of published parts.

⏰ Last updated: May 07, 2019 ⏰

Add this story to your Library to get notified about new parts!

RS မုန်းတီးရေးWhere stories live. Discover now