⚠BECAUSE...⁉
လူတိုင်းရဲ့ဘဝမှာ..ကိုယ့်ဘဝရဲ့ အလင်းရောင်အဖြစ်သတ်မှတ်ထားတဲ့အရာတွေတော့ရှိမှာပါ။ဝါသနာတွေ၊ရည်မှန်းချက်တွေကို အလင်းရောင်အဖြစ်သတ်မှတ်ထားသကဲ့သို့ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာလဲ ထိုသို့သတ်မှတ်ထားကြပါလိမ့်မယ်။ကိုယ်ချစ်ရတဲ့သူတွေ၊ ကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့သူတွေထဲက တစ်ယောက်ယောက် သို့မဟုတ် ကိုယ့်ဘဝ ရဲ့အလင်းရောင်တစ်ခု ဆုံးရှုံးသွားခဲ့ရင်..ထိုအလင်းရောင်လေးကို မှောက်မိုက်သွားပီလို့သတ်မှတ်နိုင်မည်လား..။တစ်ချို့သောသူတွေကတော့ ကိုယ့်ဘဝရဲ့ အလင်းရောင်လေးတစ်ခုပျောက်ဆုံးသွားရင်ဖြစ်ဖြစ် ထာဝရဆုံးရှုံးလိုက်ရရင်ပဲဖြစ်ဖြစ် ထိုအလင်းရောင်လေးကို မှောက်မိုက်သွားပြီလို့ မမြင်နိုင်ပါ။ထိုအလင်းရောင်လေးအား ရင်ထဲတွင်သိမ်းထားကာ ထာဝရတောက်ပခွင့်လေး ပေးထားလိုက်ကြသည်......။
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•နံနက်ခင်းတွင် ဖြာဝင်းလာသော နေမင်း၏အလင်းရောင်သည်...နေ့တစ်နေ့အား အစပြုမည့် ကြည်နူးစရာ အချိန်လေးဖြစ်ပေလိမ့်မည်..။သို့သော်..လူတစ်ချို့အတွက်တော့ ဒီနေ့သည် ကြည်နူးစရာမဟုတ်ပါ...။
"မေမေ..!! သားကိုမထားခဲ့ပါနဲ့..! အီး..ဟီး...သား..သား တို့ကို..ဒီလိုထားခဲ့လို့ မရဘူးနော်..မေမေ..၊မေမေ..ကြားလား..ကြားလား..လို့...ဟင့်..။"
အုတ်ဂူတစ်ခု၏ဘေးတွင် အနက်ရောင်ဝတ်စုံဝတ်ထားသောလူတစ်စုနှင့် ထိုအုတ်ဂူတွင် မျက်နှာမှောက်ကာ ယူကျုံးမရငိုနေသော 13 နှစ်အရွယ်ကောင်လေး၊ထိုကောင်လေး၏ဘေးတွင် ဝမ်းနည်းကြေကွဲကာရပ်နေသော 8နှစ်အရွယ်ကောင်လေး၏ မျက်ရည်စများနှင့်ပြည့်နှက်နေသော မျက်လုံးအိမ်မှ ပါးပြင်ပေါ်သို့စီးကျလျှက်ရှိသောမျက်ရည်များသည် မြေပြင်ပေါ်သို့ကျလျှက်...ငိုသံပင်မထွက်ပဲ တစ်အင့်အင့်နှင့်သာ ရှိုက်နေသော ထိုကောင်၏လက်အား ကိုင်ဆွဲထားသော 4နှစ်အရွယ်ကောင်ငယ်လေးသည်...ငိုသံပါလေးနှင့် မေးမြန်း၏...။
"ကိုကြီး..ဟင့်...မေမေကလေ..ဟင့်..သားတို့ကို ထားပြီးတော့ ဘယ်ကိုသွားတာလဲ..ဟင့်..မေ..မေမေက သားတို့ကို ထားပြီး..ဟိုး..အဝေးကြီး..ဟင့်..အဝေးကြီးကို သွားပြီလားဟင်..အီး..ဟီး.."
ကလေးငယ်၏အမေးအား..မည်သူမှ မဖြေချင်...။ကြေကွဲဝမ်းနည်းနေသော..ထိုကောင်လေး သုံးယောက်အား ကြည့်ကာ..သနားမိပြီး..ဆို့နင့်ကြေကွဲနေသော ဖခင်ဖြစ်သူ၏ မျက်လုံးအိမ်ထဲတွင် နာကြည်းမုန်းတီးမှုများဖြင့်လဲ..ပြည့်နှက်နေလေသည်...။အုတ်ဂူအောက်တွင် ထာဝရအိပ်စက်နေသော အမျိုးသမီးအား ထိုသူသည် စိတ်ထဲတွင်သာ တီးတိုးစကားဆိုမိ၏..။
"ဖြူ....မင်းက ဇနီးကောင်းတစ်ယောက်ဖြစ်သလို မိခင်ကောင်း တစ်ယောက်ပါကွာ...ကိုယ်မင်းအပေါ်မှာ တစ်ချိန်က ပြောဆိုမိတာတွေ ဥပေက္ခာပြုမိတာတွေအတွက် ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးပါ..ကိုယ့်စိတ်ထဲမှာတော့..မင်းက နူးညံ့ပီး တန်ဖိုးရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ထာဝရ ရှင်သန်သွားမှာပါ..။စိတ်ချပါ ဖြူ...ကိုယ့်သားသုံးယောက်ကို မင်းမရှိလဲ ကိုယ် ကောင်းကောင်းစောင့်ရှောက်မှာပါ..။သူတို့ ဘဝကို လုံးဝအားမငယ်စေရဘူးလို့..ကိုယ်ကတိပေးပါတယ်..ဖြူ."
အုတ်ဂူ၏ထိပ်မှာရပ်ကာ မျက်လုံးတစ်စုံအားမှိတ်ထားသော်လဲ မျက်ရည်တို့ကတော့ ပါးပြင်ပေါ်တွင် ကျလျှက်ရှိသော ဖခင်ဖြစ်သူ ဦးသူရိန်ခ နှင့် မိခင်အုတ်ဂူဘေးတွင်ငိုကြွေးနေကြသော ကောင်လေးသုံးယောက်၏ ဝမ်းနည်းမှုသည် ဘေးတွင်ရှိနေကြသော သူတို့၏မျက်နှာတွင်ပင် အရိပ်ထင်နေပေသည်..။
"သြော်..ကလေးတေ..သနားပါတယ်နော်..ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်က ဆုံးသွားရှာပီ...ကျွတ်..ကျွတ်.."
မိတစ်ဆိုး ဖြစ်သွားသော ကလေးငယ်သုံးဦးအား သနားမိကာ စိတ်မကောင်းဖြစ်သူများရှိသော်လဲ တစ်ချို့ကတော့....
"အမလေး.အမရယ်...အဲ့လောက်ထိလဲ သနားစရာမလိုပါဘူးရှင်..ဟင်းဟင်း..သူတို့က ကြီးကြီးတက် ချမ်းသာတဲ့ အသိုင်းအဂိုင်းက ကလေးတွေပါ..အမေမရှိလို့ မျက်နှာငယ်ရမဲ့သူတွေ မဟုတ်ပါဘူး..သူတို့အဖေ ပိုင်တဲ့ စည်းစိမ်တွေနဲ့ မကြောင့်မကြနေရမဲ့အပြင်..Star Word ကုမ္ပဏီ ပိုင်ရှင် သူဌေးကြီး ရဲ့ သားတွေ ဆိုတာနဲ့ ဘယ်သူမှ စေ့စေ့တောင်ကြည့်ရဲမှာ မဟုတ်ပါဘူးရှင်..ဟင်းဟင်း..."
ထိုနေ့နံနက်ခင်းကတော့ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသော မိသားစုအဖို့ သာယာတဲ့နံနက်ခင်းတော့ ဖြစ်မသွားခဲ့ပါ..။မိခင် ရုတ်တရက်သေဆုံးရခြင်း အကြောင်းအရင်းအားသိချင်လွန်းသော်လဲ ဒီနေ့တွင် ဖခင်ဖြစ်သူသည် အသုဘ ကိစ္စဖြင့်အလုပ်ရှုပ်နေမည်ကတစ်ကြောင်း၊စိတ်ထိခိုက်နေမည်ကိုလည်း သိသဖြင့် ထိုကိစ္စအားမေးရန် မနက်ဖြန်ကိုစောင့်နေသော သားအကြီးဆုံးရယ်..၊မိခင်အား ခင်တွယ်လွန်းပြီး မိခင်ဖြစ်သူနှင့် ပတ်သတ်လျှင် ခံစားလွယ်သောကြောင့် စိတ်ထိခိုက်ကာ မှိုင်ထွေနေသော သားလတ်ရယ်..၊မိခင်နှင့်သာ အတူရှိပီးပျော်ရွှင်နေရမည့်အချိန်တွင် မိခင်အားဆုံးရှုံးလိုက်သော သားငယ်လေး၏ စိတ်ဒဏ်ရာ တို့အား ဖခင်ဖြစ်သူ နှစ်သိမ့်ဖြေရှင်းရတော့မည့်..မနက်ဖြန် မနက်သည်လဲ သာယာနိုင်ဦးမည်မဟုတ်ပါ........။
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............