ခင်ဗျားတို့ကို မေးမယ်...
အချစ်ဆိုတာ ဘာလဲ ??ဘယ်လို အဓိပ္ပါယ်ဖွင့်ဆို ကြလဲ ??
ပုံစံ အမျိုးမျိုးနဲ့ပေါ့ ဟုတ်တယ် မလား ?
ကောင်းကင် ပင်လယ် ကြယ် ... ဘလာ ဘလာ မြောက်များစွာနဲ့ တင်စားမယ် မဟုတ်လား ?
ကျွန်တော် ကတော့ ရှင်းတယ် ..
အချစ်ဆိုတာ Park Chanyeol ပဲ ...
ဘာလို့လဲဆိုတော့ ကျွန်တော့ ချစ်သူ ဖြစ်နေလို့ပေါ့ ~ :3**************************
" အဲ့လိုပဲ သေနေတော့မှာလား ? ! "
မိုးလင်းပြီဆိုတာ နဲ့ Baekhyun အသံကို စကြားရပါပြီ !! ...
" tsk နားညည်းတယ်ကွာ ! "
Chanyeol ဆီက အနည်းငယ် စိတ်မရှည်တဲ့ လေသံ ကြားလိုက်ရတော့ Baekhyun ခါးထောက် မတ်တပ်ရပ်နေရာမှ ကုတင်ပေါ်တက်ပြီး လဲလျောင်းနေတဲ့ Chanyeol ဘေးနား ပြေးသွားလေသည်..
" မင်း ငါ့ရည်းစားမဟုတ်ဘူးလား ? ! ကျောင်းလိုက်ပို့ပေးရမယ့် တာဝန် မင်းမှာ ရှိတယ်လေ ! .. အခု မင်းကြောင့် ငါ နောက်ကျ နေပြီ! "
အကျိုးသင့်အကြောင်းသင့်ကို သေချာ ရှင်းလင်းပြောပြနေပေမယ့်လည်း Chanyeol ကတော့ ...
" အခုလို ငါ့ နှိုးနေမယ့်အစား Bus စီးပြီး သွားလိုက်ရင် မင်းနောက်မကျတော့ဘူးလေ .. ဦးနှောက်ကို မသုံးဘူး ! "
" မင်းက အဲ့လိုလား? ရတယ် .. မင်း ငါ့ကို လာမခေါ်နဲ့တော့ !ဒီနေ့ မင်းနဲ့ငါပြတ်ပြီပဲ ! "
ဝုန်းခနဲထထွက်သွားသည့် Baekhyun ကျောပြင် ကြည့်ရင်း Chanyeol စိတ်ပျက်စွာ ခေါင်းခါရမ်းလိုက်သည်..
" အကျင့်မကောင်းတဲ့ကောင်နော် ! ... တွေ့ကြသေးတာပေါ့ ဒီနေ့တနေ့လုံး မင်းကို မခေါ်ဘူးမှတ် !!! "
တောက်လျှောက်ပွစိကြဲ ရေရွတ်ရင်း Baekhyun တစ်ယောက် လွတ်သွားလုဆဲဆဲ Bus ပေါ် အသည်းအသန် ပြေးတက်ရတယ်...
ဘာလဲ ချစ်သူဆိုတာ ! သောက်ကျင့်မကောင်းတဲ့ကောင်ကြီး ! ဒင်းကြောင့် ကျောင်းလည်းနောက်ကျတယ် မောလည်းမောရတယ် ! မခေါ်ဘူး ..လုံးဝ မခေါ်ဘူး !!!!
မောတာလေးကပိုလာတော့ Park Chanyeol ကို ပိုပြီး ကျိန်ဆဲနေလေသည်..
အတန်းထဲဝင်လာတဲ့ မှုန်ကုတ် ဆူပုတ်နေတဲ့ Byun Baekhyun မျက်နှာဟာ Kim Jong In တို့အတွဲနဲ့ အတွေ့မှာ ပိုလို့ ဆိုးဝါးသွားသည်...

YOU ARE READING
✌614 'ㅅ' LOVE Stories
FanfictionOne short stories created For Park Chanyeol and Byun Baek Hyun 💓. C for B B for C.. CB forever ❤.... Cover crd: @HTSSPY14