Ep 1 (Unicode )

12.4K 291 4
                                    

သား.....
ဘယ်သူ့ကိုမှ သံယောဇဉ် မတွယ်မိစေနဲ့
ဘယ်သူ့ကိုမှ မချစ်မိစေနဲ့
ချစ်မိတာနဲ့သံယောဇဉ်တွယ်မိတာနဲ့
ရှုံးနိမ့်ပြီပဲသား......
------------------------------------
ကမ္ဘာ့ရန်ဘက်ဖြစ်ကျတဲ့
အသက်ရှင်နေသရွေ့
မဟာမိတ် ငြိမ်းချမ်းရေး
ယူလို့မရတဲ့ တိုင်းပြည်နှစ်ခုရှိတယ်
"ဟွာရန်း "တိုင်းပြည်နဲ့
"ဂျယ်ဂျို " တိုင်းပြည်ပေါ့
ဟွာရန်းဘုရင်နဲ့
ဂျယ်ဂျိုဘုရင်တို့ရဲ့ အမုန်း အာဂါတ
တွေဟာ ဘယ်လိုပဲငြိမ်းသတ်
မရခဲ့ဘူးလေ
ဟွာရန်းဘုရင်နဲ့ ဂျယ်ဂျိုဘုရင်က
တိုက်ပွဲ စစ်ပွဲတွေကို
အတူတူ နွဲ တူတူ အောင်ပွဲစဉ်
ခဲ့ကြဘူးတဲ့ စစ်တပ်တဲ့
စစ်သူကြီးများဖြစ်ကြသည်
နိုင်ငံမတူတဲ့စစ်သူကြီးများဆိုပေမဲ့
တစ်ယောက်အကူအညီလိုရင်
တစ်ယောက်ကအမြဲကူညီပေးတတ်သည်
ဒါကြောင့်ညီအကိုသဖွယ်ဖြစ်နေတာပေါ့
ဟွာရန်းဘုရင် ကအတ္တကြီးတယ်
အလိုကြီးတယ်
လိုချင်တာကို ဖြစ်အောင်လုပ်တယ်
လိုချင်တာရမယ်ဆိုရင် ဘာနဲ့
လဲရလဲရပေးနိုင်တဲ့လူစားမျိုးပေါ့
ဂျယ်ဂျိုဘုရင် ကျတော့
အေးဆေးနေတတ်ပေမဲ့
မြွေတစ်ကောင်လိုပဲ
ကြောက်ဖို့ကောင်းတယ်
အငြိုးကြီးတယ်
သူ့အပေါ်မကောင်းရင်
တစ်သက်လူံးမှတ်ထားပြီး
လက်စားချေတဲ့
လူစားမျိုးပေါ့.........
သူငယ်ချင်းနှစ်ယောက်အရမ်းချစ်ပါ
လျက်နဲ့ ဘာလို့မုန်းတီးသွားတာလဲ
ဘာလို့လဲ....
..........အချစ်ကြောင့်လေ.......
...............အချစ်ကြောင့်ပေါ့........
ဂျယ်ဂျိုဘုရင် နဲ့ ဟွာရန်းဘုရင် တို့
တောပစ်ထွက်ရင်း
ဂျယ်ဂျိုဘုရင် မြွေစိမ်းကိုက်ခံရပြီး
မြွေအဆိပ်မိလေရဲ့.....
ကံကောင်းချင်တော့
တောထဲမှာ ဆေးမြစ်တွေလာရှာတဲ့
သမားတော်တစ်ဦးနဲ့တွေ့ပြီး
သမားတော်က သူရဲ့အိမ်ကိုခေါ်လာခဲ့တယ်
လိုအပ်တဲ့ကုသမှုတွေလုပ်ပေးတာပေါ့
ဟွာရန်းဘုရင် က သမားတော်ကြီးရဲ့
သမီးလေးကို မြင်မြင်ချင်း
စွဲလမ်းမိသွားတယ်လေ
ဒါပေမဲ့လောလောဆယ်တော့
သူငယ်ချင်းက အရေးကြီးတာမို့
သူ့သူငယ်ချင်းကိုခေါ်ပြီး
ပြန်လာရလေတယ်
ဂျယ်ဂျိုဘုရင် သတိရလာတော့
အဖြစ်မှန်လုံးစုံပြောပြလေတယ်လေ
ဂျယ်ဂျိုဘုရင် ကလဲသူ့အသက်ကို
ကယ်တဲ့သူကိုကျေးဇူးတင်စကားပြော
ချင်တယ်ဆိုပြီး
အဲဒီနေရာကိုထပ်သွားတာပေါ့
ကံတရားကထူးဆန်းလွန်းတာပဲလား
ဂျယ်ဂျိုဘုရင် ကလဲ
သမားတော်ရဲ့ သမီးလေးကို
ချစ်မိသွားတယ်လေ...
သမားတော်ရဲ့သမီးနာမည်က
"ကင်ဆိုဟီး"တဲ့......
သူငယ်ချင်းနှစ်ယောက်
ဆိုဟီးလေးကို ချစ်မိသွားတော့
ဆိုဟီးလေးဆီကို မကြာခဏလာလည်တယ်လေ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်
သူတို့သွားတယ်ဆိုရင် သတိမပေးဘူးလေ
တစ်နေ့တော့
ဂျယ်ဂျိုက ဆိုဟီးလေးကို
ဖွင့်ပြောလိုက်တယ်လေ...
ဆိုဟီးလေးကလဲ
ဂျယ်ဂျိုနဲ့ဟွာရန်း
နှစ်ယောက်ယှဉ်ခဲ့ရင် ဂျယ်ဂျိုအပေါ်မှာ
မေတ္တာရှိမိတယ်လေ.....
သူလဲမေတ္တာရှိတော့ ဂျယ်ဂျိုကို
ချစ်တယ်လို့အဖြေပြန်ပေးလိုက်တာပေါ့
အဲဒီမြင်ကွင်းကို ဟွာရန်း ကတွေ့သွားပြီး
"ဟင့်အင်း..... မဖြစ်ရဘူး
.....လုံးဝမဖြစ်ရဘူး.....
ဆိုဟီးကငါ့အတွက်ပဲ
ငါ့အတွက်ပဲ
ဘယ်သူ့ကိုမှ မပေးနိုင်ဘူး"
ဟွာရန်းစပြီး အကြံထုတ်တော့မယ်
ဒီလိုနဲ့နောက်နေ့မနက်
ဟွာရန်းက ဆိုဟီးဆီလာတယ်လေ
ဟွာရန်း: "ဆိုဟီး....သမားတော်ကြီးရော "
ဆိုဟီး...."အဖေနဲ့တွေ့ချင်လို့လား"
ဟွာရန်း "ဟုတ်တယ် ဆိုဟီး"
သမားတော် "ဘာကိစ္စရှိလို့လဲမောင်ရင် "
ဟွာရန်း "ကျွန်တော်ဆိုဟီးကို မေတ္တာ ရှိ
တယ်ဦးလေး ကျွန်တော့်ကို
ဆိုဟီးနဲ့လက်ထပ်ပါရစေ"
ထိုစကားကိုကြားပြီး သားအဖနှစ်ယောက်
လုံး အံ့သြသွားတာပေါ့
သမားတော်ကြီး "ဥိးလေးကတော့ သမီး
း လေးရဲ့ ဆန္ဒပါပဲကွယ်"
ဆိုဟီး "ဆိုဟီး အစ်ကို ကိုလက်မထပ်ချင်ဘူး အားနာပါတယ် သမီးနဲ့ ဂျယ်ဂျု တွေက
ချစ်သူတွေ ဖြစ်နေပါပြီ သမီးချစ်တဲ့သူနဲ့ပဲ
လက်ထပ်ချင်တယ်"
ထိုစကားကို ကြားပြီး မိုးမီးလောင်သွား
သလိုကိုခံစားရစေသည်
ဟွာရန်းလဲ သူကြံစည်ထားတဲ့
နောက်ဆူံးနည်းလမ်း သုံးရတော့တာပေါ့
ဟွာရန်း ခါးမှ ဓားကိုထုတ်ပြီး
သူ့အဖေ လည်ပင်းကို ထောက်လိုက်တယ်
ဆိုဟီး "ရှင်.....ဒါဘာလုပ်တာလဲ
လွှတ် ကျွန်မအဖေကို အခုချက်ချင်းလွှတ်"
ဟွာရန်း "ဆိုဟီး ငါမလွှတ်နိုင်ဘူး
လူံးဝမလွှတ်နိုင်ဘူး ဒီမှာငါကမင်းကို
အရင်ချစ်ခဲ့ရတဲ့သူပါ ငါကဘာဖြစ်နေလို့
ငါ့ကိုငြင်းရတာလဲ ဆိုဟီး."
ဆိုဟီး "နှလုံးသားက စေခိုင်းလို့မှမရတာ"
ဟွာရန် "မရဘူး ငါနားမလည်ဘူး အခု
ချက်ချင်း ငါနဲ့လိုက်ခဲ့ပြီး ငါ့ရဲ့ အိမ်သူလုပ်ပါ
မင်းအဖေကိုလဲ နန်းတွင်းသမားတော်
ရာထူးကြီးကြီးပေးမှာပါ..."
ဆိုဟီး "ကျွန်မတောင်းပန်ပါတယ်ရှင် အဖေ့
ကိုလွှတ်ပေးပါ ကျွန်မကို အကျပ်မကိုင်ပါနဲ့"
ဟွာရန်း "မရတော့ဘူး ငါဆူံးဖြတ်ပြီးပြီ"
ဆိုဟီးဗျာများနေရသည် သူ့အဖေကလဲ
သူ့ကိုအဖေလိုတစ်မျိုး အမေလိုတစ်မျိုး
ပြုစုစောက်ရှောက်ခဲ့တာလေ
အဖေတစ်ခုသမီးတစ်ခုဆိုတော့
အရမ်းချစ်တာပေါ့....
ဟွာရန်း "မင်းဘာလုပ်မှာလဲ "
ဆိုဟီး "ကောင်းပြီ ကျွန်မလက်ထပ်မယ်
အဖေ့ကိုလွှတ်ပေး...".
သမားတော် "သမီး အဖေက သေခါနီးနေပြီ
သမီး သမီးလေးချစ်တဲ့သူနဲ့ပဲ ပေါင်းသင်းပါ"
ဆိုဟီး "ရပါတယ် အဖေရယ် အနည်ဆုံး
အဖေ့ကျေးဇူးဆပ်ခွင့်ရပါတယ် အဖေ့ကိုလွှတ်ပါတော့ "
ဒီလိုနဲ့ ဆိုဟီးနဲ့သမားတော်ကြီး
က ဟွာရန်းနေတဲ့ တိုင်းပြည်ကို လိုက်သွားရတာပေါ့လေ....... ဒိလိုနဲ့ ဂျယ်ဂျိုဘုရင်
ရောက်လာပြီး ဆိုဟီးကို လာရှာတော
မတွေ့တော့ စိတ်ပူပြီးရှာသေးတယ်လေ
ဒါပေမဲ့မတွေ့တော့ လက်လျှော့ပြီး ပြန်ခဲ့ရတာပေါ့ သုံးရက်လောက်ထိ ဆိုဟီးကို သွားရှာတာပေါ့...ဒါပေမဲ့ လေးရက်မြောက်နေ့မှာ ဂျယ်ဂျိုဆီကို ဖိတ်စာရောက်လာတယ်လေ မင်္ဂခါဆောင်ဖိတ်စာလိုမျိုးပေါ့
ဟွာရန်းဂျယ်ဂျိုကို သဝဏ်လွှာပို့လိုက်တယ်
ဖိတ်စာပေါ်နာမည်က ဂျယ်ဂျိုကို
တူန်လုှုပ်သွားစေတယ်လေ.......
" စစ်သူုကြီး ဟွာရန်း
နှင့်
ကင်ဆိုဟီး "
ထိုသိူ့တွေ့လိုက်ရပြီး ဂျယ်ဂျိုသည်
ရင်ထဲက ဒေါသမီးတောင် ပေါက်ကွတော့သည် အရမ်းပဲ နာကျည်းမိလေတယ်...
ဒီလိုနဲ့ ရင်ဘတ်စည်ကြီးကိုထုရင်း
ဟစ်ကြွေးတော့သည်
"ငါ့ရဲ့အသည်းတွေ ကြွေမွ ပျက်စီးသလိူ
မင်းတို့လဲ ပြန်ခံစားစေရမယ် "
ထိူသိူ့ ကြွေးကြော်လေတယ်...................
(အနှစ် နှစ်ဆယ်ကြာသော်)
အနှစ်တွေသာ ကြာပေမဲ့
ဂျယ်ဂျိုဘုရင် ရဲ့ အမုန်းတွေက မပြောင်းလဲသေးလဲ တည်ရှိနေသည်.....
ဂျယ်ဂျို့ မှာ မွေးစားသား
တစ်ယောက်ရှိလေသည်
ဂျယ်ဂျိုဘုရင်က ဘုရင် သာဆိုတယ်
မိဖုရားတစ်ပါးမှ မရှိပေ
မွေးစားသော သားလေးမှာပဲ
တစ်ခြားသူ မဟုတ် သူ့အစ်ကို၏
သားအရင်းဖြစ်သည်.....
ဂျယ်ဂျိုဘုရင် သားနာမည်က
Kim Soekjin တဲ့
...............................
ဟွာရန်းနဲ့ ဆိုဟီးတို့ကလဲ
သားရတနာလေးတစ်ပါး ဖွားမြင်တယ်လေ
သူတို့ရဲ့ သားနာမည်က
"Kim Teahyung "တဲ့..........
==================================================
ကျေးဇူးတင်ပါတယ် နော်
ပထမဦးဆုံး ရေးခြင်းဖြစ်ပါသည်
ဖတ်လို့ကြိုက်နှစ်သက်ရင်.
Vote လေး Cmt
လေးပေးပါဥိးနော်....
ရေးရတဲ့သူ အားရှိအောင်လို့ပါ 😘😘😘
Thank you all ❤❤❤❤

Love you till tne end ❤Where stories live. Discover now