⚠BECAUSE...⁉
ဦးကျော်သက်ဦး..##
ကျုပ်ကို Boss ပေးထားသော တာဝန်အရ သခင်လေးသုံးယောက်အား ကျောင်းပို့ပေးဖို့ စီစဉ်ပေးရမည်..။ဒါရိုက်ဘာ နဲ့လိုက်ပို့ခိုင်းလို့ရပေမဲ့...အရင်က သူဌေးကတော် လိုက်ပို့နေကျဆိုတော့...အဆင်မပြေမှာစိုးလို့ ကျုပ်အား လိုက်ပို့ခိုင်းခြင်းဖြစ်သည်..။
"တီတီတီ....တီတီတီ...တီတီတီ..."
ပြင်ဆင်နေတုန်း ဖုန်းဝင်လာတော့ နံပါတ်တောင်မကြည့်မိပဲ ကိုင်လိုက်သည်...။သခင်လေးတို့ကျောင်းချိန်နီးနေ၍ ပြင်ဆင်နေတုန်းမို့ ဖုန်းကို ရှေ့ကခုံပေါ်တင်ကာ speaker ဖွင့်ထားပြီး..၊ကျုပ်လဲ မှန်ရှေ့တွင် နက်ကတိုင် ဝတ်ဆင်ရင်း နားထောင်လိုက်သည်....။
"ဟုတ်ကဲ့...ကျော်သက်ဦး...ပြောနေပါတယ်ခင်ဗျာ...."
"ဆရာရေ..ကျွန်တော်ပါဗျ..စိုင်းမောင်ပါ.."
ကျုပ်တပည့် စိုင်းမောင် ဆီက ဖုန်းပဲ..။သူက သူဌေးကတော် သေဆုံးတဲ့ကိစ္စနှင့်ပတ်သတ်ပြီး စုံစမ်းဖို့ လွှတ်ထားတဲ့ ကျုပ်ရဲ့ လူယုံလေ..။
"အေး စိုင်းမောင် ဘယ်လိုလဲအခြေအနေ..တရားခံကိုအတိအကျသိရပြီလား..."
"ဟုတ်ကဲ့...ကျွန်တော်သိရပြီဆရာ...ဆရာတို့ထင်တာအမှန်ပဲ...သူဌေးကတော်ကိုလုပ်ကြံတာ..ဟိုလူယုတ်မာကြီး ဦးမိုးကောင်းထက် ပဲဆရာ..."
ကျုပ်တို့ လေးစားရတဲ့ သူဌေးကတော်ကို သတ်သူက Boss ရဲ့စီးပွားပြိုင်ဘက်လဲဖြစ်၊စီးပွားရေးလောကမှာ ဘုရင်တစ်ဆူဖြစ်ဖို့ မသမာတဲ့ နည်းလမ်းတွေကိုပါ အသုံးပြုနေတဲ့ လူယုတ်မှာ မိုးကောင်းထက် ဆိုတာကို ကြားလိုက်ရတော့ ဒေါသတို့က ဖုံးလွှမ်းသွားပြီး..လုပ်ရမဲ့တာဝန်တွေတောင် မေ့မိလိုက်သည်...။
"ဘာ..!! အဲ့လူယုတ်မာဆိုတာ သေချာပြီလား စိုင်းမောင်..."
"ဟုတ်ကဲ့...သေချာပါတယ်ဆရာ...အဲ့နေ့က သူဌေးကတော်ရဲ့ကားနောက်ကို လိုက်နေတဲ့ကားက ဦးမိုးကောင်းထက်ရဲ့ တပည့် တစ်ယောက် မောင်းတာပါဆရာ..ပြီးတော့...သူဌေးကတော် ကုန်တိုက်မှာဈေးဝင်ဝယ်တော့ ကားပါကင်မှာ ကားကိုထားခဲ့ပါတယ်..။ခဏကြာတော့ နောက်ကလိုက်လာတဲ့ ကားကလဲ ကားပါကင်ထဲကိုဝင်လာပါတယ်၊ပြီးတော့ အဲ့ကားပေါ်ကလူ ဆင်းလာပြီး သူဌေးကတော်ရဲ့ ကားဘရိတ်ကြိုးကိုဖြတ်ထားတာပါဆရာ..."
ESTÁS LEYENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............