ကျောင်းကန်တင်းတွင်ထိုင်ကာ တင်ရမည့် presentation အတွက် ဂျောင်ဆူး ပြင်ဆင်ခေါင်းစားနေရသည်.
နေ့လည်စာသင်ချိန်မို့ ကန်တင်းတွင် လူရှင်းလွန်းနေသည်.
အတွဲတချို့တလေမှအပ တခြားသူများ မရှိကြပေ.ဂျောင်ဆူးသည်လည်း ထုံးစံအတိုင်း ဒိန်ချဉ်တခွက်မှာကာ ဘေးချထားရင် presentation အတွက် laptop တလုံးနှင့် တိုင်ပတ်နေလေသည်.
"ဟိတ်...တယောက်တည်လား..."
စားပွဲပေါ်တွင် တင်ထားသည့် ဂျောင်ဆူးလက်ကို ဖွဖွဖိကိုင်လာသည့် ရင်းနှီးသောအငွေ့အသက်နှင့် လေသံနုနုကြောင့် ရှေ့ရှိလူကို ကြည့်မိတော့ တမိုးအောက် ဗြောင်ဘတ်ခ်ဟွန်း.
အံသြမှုကြောင့် နဂိုဝိုင်းသော မျက်လုံးတို့အပါအဝင် နှုတ်ခမ်းတွေပါ ပွင့်ကာ ပြူးကျယ်လာတော့ မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေသည့် ကိုယ်တော်က ခပ်တိုးတိုး ထရယ်သည်.
ဟုတ်သည်လေ.
တကယ်ဆို သူသည်က ပူပူနွေးနွေး ဇနီးသည်လေးနှင့် ပျားရည်ဆမ်းခရီးထွက်ကာ အကြင်နာဝေနေရမည့် လူမဟုတ်ပေဘူးလား.
ဘယ့်နှယ်ကြောင့် ကျောင်းကန်တင်းလာကာ ဂျောင်ဆူးလက်ကို ပိုင်ဆိုးပိုင်နင်း လာကိုင်နေရသနည်း.သူ စိတ်ရှိတိုင်း ပြုမူနေရအောင်က
သူနှင့် ကိုယ်ကြားတွင် တစုံတရာသော ပတ်သက်ဆက်နွယ်မှုတို့ မရှိ.
ပက်သက်ဆက်နွယ်မှုတို့ မရှိတော့ပေ.
ရှိခဲ့ဖူးသော တစုံတရာကိုလည်း ပြည်ဖုံးကားချကာ အတိတ်၌ မြုပ်နှံထားခဲ့ပြီး ဖြစ်သည်.
သူနှင့်ကိုယ် ပြီးပြတ်ခဲ့သည်က နှစ်ပင်ချီနေလေပြီ ဖြစ်သည်.
ဒါကို ခုချိန်မှ သူက ဘာအရူးထလေတယ် မသိ.
ကန်တင်းတွင် လက်ကိုင်ကာ ကလူကမြူ လုပ်နေသေးသည်.ဂျောင်ဆူး ကိုင်ခံထားရသော လက်ကို အသာပြန်ဆွဲတော့ လက်ကိုင်ထားသူ သကောင့်သားက လက်ကို အတင်းဖိကိုင်ကာ နှုတ်ခမ်းနှစ်လွှာကို ထော်ရင်း မျကိမှောင်ကို ချစိစဖွယ်ကုတ်ရင်း ငြင်းဆန်ပြသည်.
ထိုမျှသာမက လက်ကို သူ့လက်နှစ်ဖက်နှင့်ပင်ကိုင်ကာ ပါးပြင်နုနုတွင် ကပ်ကာ အသားယူနေလေသည်.WTF....
လက်ရှိဖြစ်နေသော ဗြောင်ဘတ်ခ်ဟွန်း ကိုကြည့်ကာ စိတ်ထဲမှ ဂျောင်ဆူး ကျိန်ဆဲမိသည်.
ဒီကောင် ဘာကြောင်နေသနည်း ဟု တွေးကာ လက်ကို အတင်းဆွဲလေတော့ eye liner ကူသော မျက်ဝန်းတို့နှင့် သူ၏ အစွမ်းအစတို့ကို ထုတ်သုံးသည်.