'ရှင်းသန့် ' 'ရှင်းသန့် ' ထ ပြန်မယ် မသောက်နဲ့တော့ ....
Midnight Club ည ၁၁နာရီရှိနေပြီ သူမမူးသေးပါ အိမ်လည်းမပြန်ချင် အိမ်ပြန်လျှင်တွေ့ရမဲ့မျက်နှာကို ရွံသည် မုန်းသည်
'ငါမပြန်ချင်သေးဘူး ပိုင်ဇေ'ပိုင်ဇေစိတ်ညစ်နေသည် ရှင်းသန့်ဆိုသည်မှာခပ်ဆိုးဆိုးကောင်လေးတယောက်
တနည်းအားဖြင့်tomboyအဖြစ်ခံယူထားတဲ့ကောင်လေးတယောက် စိတ်ဆပ်သည် ခပ်ဆိုးဆိုးကောင်လေးပင် .... ပြောမရသည့်အဆုံး ပါးစပ်နဲ့မပြောတော့ ဆွဲမလာခဲ့သည်
"ဟေ့ဟျောင်လွတ်ကွ အဲ့အိမ်ကိုငါမပြန်ချင်ဘူး"
ယက်ကန်ယက်ကန်ပါလာရင်းကားနာရောက်လာခဲ့သည် ပိုင်ဇေကားတခါးကိုဆွဲဖွင့်ကာငမူးကိုကားထဲပြစ်ထည့်လိုက်ပြီး ငမူးအိမ်ကိုလိုက်ပို့ရတော့သည်
ပိုင်ဇေနဲ့ရှင်းသန့်သည်ငယ်သူငယ်ချင်းတွေဖြစ်ကြပြီးအကြောင်းသိတွေဖြစ်သည် ရှင်းသန့်ဆိုးသမျှ လိုက်ရှင်းရသူလည်ဖြစ်သည် ရှင်းသန့်မှာ မိဘတွေမရှိတော့ပါ ဒါပေမဲ့ အသက်သိပ်မကွာတဲ့မိထွေးတယောက်ရှိသည် ရှင်းသန့်အရမ်းမုန်းတဲ့မိထွေးပေါ့
...
...
....
.....
ခမ်းနားလွန်းတဲ့အိမ်ကြီးတစ်အိမ် လှပလွန်းတဲ့လှေကားထိပ်မှ မိန်းမပျိုတစ်ဦးဆင်းသက်လာခဲ့သည် ကြက်သွေးရောင်ဝတ်စုံနဲ့ဝိုင်နီတခွက်ကိုလက်မှာကိုင်ထားခဲ့သည် မျက်နှာအစိတ်အပိုင်းတချို့တို့မှာမာထန်နေသယောင်ရှိလေသည် လှေကားအောက်ရောက်သော် သူမဆီမှအသံတစ်ခုထွက်လာခဲ့သည်
"ဒေါ်လေးပု နှောင်းရောက်ပြီလား " သူမအသံတို့သည်မျက်နှာနဲ့မလိုက်ဖက်စွာ နုညံ့ပြီးစိုးရိမ်သံပေါက်နေသည်
"မရောက်သေးဘူး မမလေး အိပ်ချင်အိပ်တော့လေ ဒေါ်ဒေါ်စောင့်ပေးမယ်"
"ရတယ်ဒေါ်လေးသွားအိပ်တော့လေ နှင်းပဲစောင့်လိုက်တော့မယ် "
ဒေါ်ပုအခန်းထဲဝင်သွားတော့သူဧည့်ခန်းသွားပြီထိုင်ခုံတစ်ခုပေါ်ထိုင်ကာ တစ်စုံတယောက်လာမည့် တံခါးဖက်ကိုငေးကြည့်နေမိသည်
....
....
....မိတ်ဆက်လေးပါ ♥ ♥
YOU ARE READING
🍷🍷 ၀ိုင်နီ 🍷🍷
Teen Fictionပလပ်စတစ်တွေဖုံးနေတဲ့ခင်များမျက်နှာကခင်များစိတ်ဓာတ်လိုပဲ ၇ွံဖို့ကောင်းတယ် ... နှောင်းရှင်းသန့်လင်း.... မင်းအတွက်ဒီဘ၀ကိုရွေးချယ်ခဲ့တာပါ မင်းအလိုရှိတာငါ့ဆီက ကြိုက်တာလာယူပါ နှင်းချယ်ရီ (ခ) rose . Girl love story ပါ