episode-18

409 20 0
                                    

မူးမူးရူးရူးနဲ့ ​ကိုယ့်​ကိုလာနမ်းတဲ့ တာရာ့ကိုပြန်​တွန်းဖို့လုပ်​မယ့်​အချိန်​ တာရာ့ဘက်​ကပဲ​နောက်​ပြန်​ဆုတ်​သွားတယ်
"ကျ​နော်​ ​တောင်းပန်​ပါတယ်​ အကို ကျ​နော်​တကယ်​စိတ်​လွတ်​သွားလို့ပါ"
တာရာမျက်​ရည်​​တွေကျလာပြီး ​ဇေယျ​ရှေ့ဒူး​ထောက်​ပြီး​တောင်းပန်​စကားဆိုလိုက်​သည်
KTVခန်းတွင်းရှိလူ​တွေအားလုံးနှုတ်​ဆိတ်​ကာ ​ဇေယျနဲ့တာရာကိုအပြန်​အလှန်​ကြည့်​​နေလိုက်​ကြသည်
"တာရာ ထ​တော့ ငါမင်းကိုစိတ်​မဆိုးဘူး ထ​တော့"
"​မောင်​ ​မောင်​ဘာလို့သူ့ကိုစိတ်​မဆိုးတာလဲ သူက​မောင့်​ကိုလာနမ်းတာ​လေ ပြီး​တော့ မ ​ရှေ့မှာနမ်းတာ​လေ ​မောင်​"
ဇေယျ မမသက်​စကား​တွေကိုမကြားသလိုဟန်​​ဆောင်​ပြီး အခန်းအပြင်​ကိုထွက်​သွားလိုက်​သည်
ကိုယ့်​​ကြောင့်​အကြိမ်​ကြိမ်​နာကျင်​​နေတဲ့က​လေးကို ဒီတစ်​ခါပါနာကျင်​​စေမယ်​ဆိုရင်​ ကိုယ့်​ကိုယ်​ကိုယ်​လူလို့​တောင်​သတ်​မှတ်​ချင်​စိတ်​ ​ဇေယျမှာမရှိ​တော့ဘူး
သူထွက်​လာသည်​အထိ ဒူး​ထောက်​​နေဆဲဖြစ်​တဲ့တာရာကိုမျက်​စိထဲကမထွက်​ဘူး
တာရာ့ကိုသူညီ​လေးတစ်​​ယောက်​လိုချစ်​ပါတယ်​ အဲ့ထက်​သူချစ်​ကြည့်​ဖို့စိတ်​ကမရဲသလို နှလုံးသားကလည်းလက်​ခံလို့မရဘူး
အ​ဖေနဲ့ဦးဖြိုးတို့ကိစ္စ​ကြောင့်​ Gayဇာတ်​လမ်း​တွေကိုငယ်​ငယ်​​လေးထဲကမုန်းတီးခဲ့တဲ့လူတစ်​​ယောက်​က အခုမှ ချက်​ချင်းကြီး ​ယောက်ျား​လေးတစ်​​ယောက်​ကိုချစ်​တယ်​ဆိုတာချည်းက အဓိပ္ပါယ်​မှမရှိတာ
တကယ်​လည်းသူ တာရာ့ကိုမချစ်​ပါ တာရာ့ကိုမနာကျင်​​စေချင်​​သော်​လည်း မချစ်​တာကိုချစ်​ပါတယ်​လို့လည်းမလိမ်​ချင်​ဘူး
ဟူး ရူး​တော့မယ်​ ငါ့ဘ၀ထဲဘာလို့ဝင်​လာပြီးအ​နှောင့်​အယှက်​​ပေးရတာလဲ တာရာရယ်

....
"တာရာ ထ​တော့​လေ ကို​ဇေယျလည်းအပြင်​ထွက်​သွားပြီ​လေ"
သီရိက တာရာလက်​ကိုဆွဲပြီးထူ​ပေမယ့်​ တာရာ​ခေါင်းခါမိတယ်
"အကိုက ငါ့ကိုစိတ်​မဆိုးဘူး​ပြော​ပေမယ့်​ သူချက်​ချင်းထွက်​သွားတာ​လေ သူစိတ်​ဆိုးသွားလို့​ပေါ့"
တာရာမျက်​ရည်​​တွေထပ်​ကျလာပြန်​တယ်
"ငါ​တော့ရူးချင်​တယ်​ တာရာရယ်​ ဟိုကစိတ်​မဆိုးဘူး မဆိုးဘူးပဲ​မှတ်​​ပေါ့ ဒုက္ခပဲ နင်​လုပ်​လိုက်​တဲ့ကိစ္စကအ​သေ​တောင်​သတ်​ပစ်​ချင်​စရာကြီး​နော်​ သူ့​ကောင်​မ​လေး​ရှေ့အဲ့လိုလာလုပ်​​တော့ရှက်​သွားတာလည်းဖြစ်​မှာ​ပေါ့ဟဲ့ ထ​တော့ ငါတို့်​လည်းအခန်းပြန်​အပ်​ရဦးမယ်​ သွားမယ်​ "
တာရာမလိုက်​ချင်​လိုက်​ချင်​နဲ့ သီရိမဆွဲ​ခေါ်သွားရာ​နောက်​လိုက်​လာခဲ့ရသည်
အခြားသူ​တွေကလည်း အားလုံးကိုယ်​စီပြန်​ကုန်​ကြပြီ
မမသက်​က​တော့ မျက်​​ထောင့်​နီကြီးနဲ့သူ့ကိုဆိုင်​အပြင်​မှာ​တွေ့​တော့လှမ်းကြည့်​​နေသည်​ ​အေး​လေ သူ့ဘဲကိုသူ့​ရှေ့မှာသွားနမ်းတာကို အဲ့​လောက်​​တော့သူဖြစ်​မှာပဲ ဖြစ်​သင့်​ပါတယ်​​လေ
တာရာ ကား​ပေါ်မတက်​ခင်​မှာ
"တာရာ ကိုယ်​တို့စကား​ပြောရ​အောင်​"
တာရာ့လက်​တစ်​ဖက်​ကို ​ဇေယျလှမ်းဆွဲရင်း​ပြောလိုက်​သည်
"ဟုတ်​ "
"ကား​ပေါ်မှာ​ပြောမယ်​ ကား​ပေါ်တက်​"
တာရာ​ခေါင်းငြိမ့်​ပြလိုက်​သည်
မလုံမလဲနဲ့ မမသက်​ရှိရာဘက်​ကိုလှမ်းကြည့်​​တော့ ကားထဲက​နေ ကြည့်​​နေတာကို​တွေ့လိုက်​သည်
အကို​ဘေးမှာဝင်​ထိုင်​လိုက်​ပြီး
"တာရာ ငါမင်းကိုဒီစကားမ​ပြောချင်​​ပေမယ့်​ မ​ပြောလို့မဖြစ်​​တော့ဘူး"
"ဟုတ်​ အကိုဘာ​ပြောမလို့လဲ"
တာရာသိချင်​စိတ်​ပြင်းပြစွာနဲ့အကို့ကိုလှမ်းကြည့်​လိုက်​သည်
"ငါမင်းကိုမချစ်​ဘူး တာရာ"
"ဗျာ"
"ငါမင်းကိုသနားမိတာ​တော့တကယ်​ပါ ငါ့မှာ​မောင်​နှမသားချင်းမရှိ​တော့ မင်းကိုညီတစ်​​ယောက်​လိုခင်​တွယ်​မိတယ်​ ဒါကိုမင်းဘက်​ကအဓိပ္ပါယ်​​ကောက်​လွဲခဲ့ပုံပဲ ​တောင်းပန်​ပါတယ်​ မင်းကို​မျှော်​လင့်​ချက်​​ပေးသလိုဖြစ်​ခဲ့မိရင်​"
"ဆက်​မ​ပြောပါနဲ့​တော့ အကို ဆက်​မ​ပြောပါနဲ့​တော့"
ဇေယျက​အေး​ဆေးတည်​ငြိမ်​စွာ​ပြောသ​လောက်
တာရာ့ကမ္ဘာကြီးက​တော့ပြိုကျ​နေပြီ
အကို့ဆီကရခဲ့တဲ့ဂရုဏာသက်​တဲ့အကြည့်​​တွေကိုမကြိုက်​ဘူး
ကျ​နော့ဘက်​ကချစ်​လိုက်​ရတာ အကိုက​တော့ညီ​လေးတစ်​​ယောက်​လိုပဲတဲ့လား
တာရာ ကားစတီရာတိုင်​​ပေါ်​ခေါင်း​မှောက်​ချပြီးငို​နေမိသည်
"အကိုမချစ်​နိုင်​တာ ကိုနားလည်​​ပေးမယ်​လို့အကိုယူဆပါတယ်​ အကိုတစ်​​ယောက်​လိုအချိန်​မ​ရွေးလာပတ်​သက်​လို့ရပါတယ်​ အဲ့ထက်​အကိုအခွင့်​အ​ရေးမ​ပေးနိုင်​တာကိုခွင့်​လွှတ်​ပါ
စိတ်​ထင်​ရာ​တွေ​လျှောက်​မလုပ်​နဲ့​နော်​ အကိုသွား​တော့မယ်​ "
အကိုထွက်​သွားပြီးသည်​အထိ တာရာဆက်​ငို​နေမိသည်
ကျ​နော့ဘ၀မှာပထမဆုံးချစ်​မိတဲ့ အကိုက ကျ​နော့ကိုမချစ်​နိုင်​ဘူးတဲ့လား
အကိုတစ်​​ယောက်​လိုအချိန်​မ​ရွေးလာပတ်​သက်​လို့ရတယ်​တဲ့ ကျ​နော်​ကအကို့ကိုဘ၀လက်​တွဲ​ဖော်အ​နေနဲ့ပတ်​သက်​ချင်​တာ​လေ တစ်​ဖတ်​သက်​အချစ်​ဆိုတာ တကယ်​​တော့ တစ်​ဖက်​သားကိုချစ်​ရလွန်းလို့ ကိုယ့်​ကိုယ်​ကိုယ်​ပြန်​သတ်​​နေရသလိုပဲဆိုတဲ့စကားကို ကြားတုန်းကကျ​နော်​မယုံခဲ့ဘူး
အခု​တော့ အကို့ဆီကမချစ်​နိုင်​ဘူးဆိုတဲ့စကားက နှလုံးသားကိုအကြိမ်​ကြိမ်​သတ်​​နေသလိုပဲ
....

One Sided Love(Completed) (Zawgyi+Unicode)Donde viven las historias. Descúbrelo ahora