ခွဲခွာခြင်းမည်သည်က ဝမ်းနည်းမှုတို့ ဆုံစည်းရာ .. ။
တွေ့ဆုံခြင်းမည်သည်က ပျော်ရွှင်ခြင်းတို့၏ အသိုက်အ၀န်း .. ။
ခွဲခွာခြင်းနှင့် တွေ့ဆုံခြင်းဟူသည် အဓိပ္ပါယ်အားဖြင့်ခြားနားလှပါဘိတောင်း .. ။
သို့ပေမယ့် ထိုခွဲခွာခြင်းနှင့် တွေ့ဆုံခြင်းတို့ကို တစ်ပြိုင်နက်တည်း တွေ့နိုင်သောနေရာရှိသည် ။
လေဆိပ် .. ။
မိမိချစ်မြတ်နိုးရသူတို့နှင့် ခွဲခွာပြီး တိုင်းတစ်ပါးသွားရမည့်လူတို့က ငိုပွဲဆင်ကြသည် ။
မိမိချစ်မြတ်နိုးရသူတို့နှင့် တွေ့ဆုံရန် အမိနိုင်ငံကိုခြေချလာသူတို့ကတော့ ပျော်နိုင်ကြသည် ။
ဒါဆို Kim TaeHyungဆိုသည့် သူ့အတွက်ကရော .. ။
လေဆိပ်ကို ခြေချရခြင်းသည် ပျော်ရွှင်မှု၏ အဦးအစပင် ။
သူ့မှာ တစ်အူတုံဆင်း အစ်မတစ်ယောက်ရှိသည် ။
ထိုအစ်မနှင့် TaeHyung က အသက် ၁၆နှစ်တိတိကွာသည် ။
TaeHyung ၆နှစ်လောက်မှာ အဖေရော အမေပါ ဆုံးပါးသွားသည့်အတွက် အစ်မက သူ့အတွက် အဖေလိုတစ်မျိုး ၊ အမေလိုတစ်မျိုး အုပ်ထိန်းပေးခဲ့သည် ။
မမ၏အိမ်ထောင်ဖက် ၊ ကျွန်တော့်ယောက်ဖ Jeon JungHyunက သိပ်ကို သဘောကောင်းသလို အရည်အချင်းရှိသူဖြစ်၍ ကျွန်တော်စိတ်မညစ်ခဲ့ရ ။
မမနှင့် သူ့ယောက်ျား America မှာ Companyအသစ်ဖွင့်ရန်သွားတာ တော်တော်ကြာပြီ ။
အခု မမတို့မိသားစုက Koreaမှာ အခြေချရန်ပြန်လာကြသည် ။
" ဟယ် .. TaeHyungလေး .. ချောလာလိုက်တာ ကြည့်စမ်း .. နင်ရည်းစားတွေ ဘာတွေရနေပြီလား "
မမHoneyကို တွေ့တော့ TaeHyungမျက်ရည်ဝဲမိသည် ။
" ရည်းစားလား .. ကျွန်တော့်လောက်ချောတဲ့ မိန်းကလေးမတွေ့သေးလို့ မထားသေးဘူး .. "

YOU ARE READING
ဦး ငယ် ~ ~
Short Storyအချစ်တို့အား လိပ်စာတပ်၍ ဦးငယ်၏ နှလုံးသားရှိရာ စာတိုက်ပုံးထဲ စေလွှတ်လိုက်ပါသည် ။ ဦးငယ် မဖတ်လိုက ရှိပါစေလေ .. ။ ဦးငယ် မပိုင်ဆိုင်လိုက ရှိပါစေလေ .. ။ ဦးငယ်အတွက် ကပ်ပါးကောင်သာသာ ဘဝမျိုးနှင့် ကျွန်တော်ကျေနပ်နိုင်ပါသည်...