၁။ ပြည်တွင်းစစ် ဖြစ်နေတဲ့ အချိန်အတွင်းမှာ တောင်ဘက်ပိုင်းက ရှေ့နေတစ်ယောက်က ကျွန်တွေကို လွတ်မြောက်စေရန် မြောက်ပိုင်းပိုင်းကို တိတ်တဆိတ် ပို့ဆောင်ပေးခဲ့သည်။ တစ်နေ့ သူပို့ဆောင်သွားနေကြ မြေအောက် ရထားလမ်းမှတစ်ဆင့် မိသားစုတစ်စုကို လိုက်ပို့ရင်းဖြင့် ငယ်ရွယ်ပြီး ချောမောလှပတဲ့ ကျွန် မိန်းမငယ် တစ်ယောက်ကို ချစ်ကြိုက်မိခဲ့တယ်။ သူမရဲ့ လွတ်မြောက်မှုဆိုတာ သူ့ရဲ့ အသည်းကွဲမှု အစတင်ရာဟု သတ်မှတ်နိုင်ပါတော့သည်။
________________________
၂။ Vietnam စစ်ကြီးဖြစ်နေချိန်တွင် U.S. နိုင်ငံမှ စစ်သားတစ်ယောက်သည် စစ်အတွင်း ဒဏ်ရာ ရရှိခဲ့သောကြောင့် ခွဲစိတ်မှု ခံယူပြီး နာလန်ထူရန် ကြိုးပမ်းနေသည့် အချိန်ဖြစ်သည်။ သူ၏ ဒဏ်ရာများကြောင့် စိတ်ထိခိုက်နေရသော အချိန်အတောအတွင်းတွင် သူသည် သူ့အား ကူညီစောင့်ရှောက်ပေးနေသော သူနာပြုမလေးအား ချစ်ကျွမ်းဝင်ခဲ့လေသည်။
___________________________
၃။ အမျိုးသမီးများ မဲပေးပိုင်ခွင့် လှုပ်ရှားမှုသည် ကြီးမားသော ဂယက်ပင်ဖြစ်သည်။ ထိုလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်သော လူငယ်လေးများသည် မကောင်းသော သတင်းများဖြင့် တစ်နေ့တစ်ခြား ကျော်ကြားလာတော့လေသည်။ ယခုအချိန်အထိ သူမသည် မိန်းမချင်း သဘောကျသူ ဖြစ်သည်ဟူသည့် အချက်ကို သူ၏ ကြီးမားသည့် လှုပ်ရှားမှုများတွင် အနှောင့်အယှက် ဖြစ်လာမည် ဆိုးသည့်အတွက် လျှို့ဝှက်ချက်တစ်ခုအနေဖြင့် သိမ်းထားခဲ့လေသည်။ အခုအခါတွင်တော့ သူမသည် သူမ ဘဝအတွက် အချစ်နှင့် သူမ အရမ်း တိုက်ခိုက်ခဲ့ရသည့် အကြောင်းအရာနှစ်ခုထဲက တစ်ခုကို ရွေးချယ်ရတော့မည် ဖြစ်သည်။
___________________________
၎။ အီတီလီယန် လူမျိုး တစ်ယောက်သည် အမေရိကန် Ellis ကျွန်းသို့ သူ၏ ဇနီးလောင်းထက် အရင် ပြောင်းရွေ့လာခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ပိုက်ဆံ ပိုရှာကာ သူမအတွက် ပို့ပေးနိုင်ရန်ဖြစ်လေသည်။ သူ ဒီကျွန်းမှာ ရှိနေသည့်အချိန်အတွင်း သူသည် မြို့ခံသူ Brooklyn အမည်ရှိ အမျိုးသမီးတစ်ယောက်နှင့်တွေ့ပြီး သူမက သူ၏ စိတ်ဝင်စားမှုများကို ဖမ်းစားသွားနိုင်ခဲ့လေသည်။ သူက အခု သူ၏ အချစ်သစ်နှင့် သူ၏ စေ့စပ်ကတိထားထားသည့် ကောင်မလေး နှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ရန် ဆုံးဖြတ်ရတော့မည် ဖြစ်လေသည်။
Translated by Emily_Shun90
YOU ARE READING
Litwits Cafe
Random• အသိပေးချက်များ။ • Prompt များ။ • Writing Tips များ။ • Review များ။