အပိုင်း-၁၀(အပိုငျး-၁၀)

8.1K 642 54
                                    

Zawgyi

တိမ်​ဆိုင်​​လေးရဲ့ နူးညံ့တဲ့​ရေ​ငွေ့​တွေနဲ့ ကိုယ့်​ကိုတသက်​လုံးဖက်​တွယ်​ထား​ပေးပါလား

• • • • •

"​ကြောက်​ပီလား"

မေးဆက်​ကာ​မေးမိ​တော့ ​ခေါင်းငြိမ့်​ပြ​လေသည်​။ ​ကြောက်​ပြ​နေလိုက်​တာများ ယုန်​​လေးလို နှာ​ခေါင်းထိပ်​ဖျား​လေးက တလှုပ်​လှုပ်​နဲ့။

နှာ​ခေါင်းလုံးလုံး​လေးကို ဆွဲငုံပစ်​လိုက်​​တော့ ဘတ်​ဟျွန်း လက်​​​မောင်းကို အလန့်​တကြားလာဖက်​တွယ်​သည်​။

"ကိုယ်​တကယ်​ကြီးလွမ်း​နေရတာ ​ဘေဘီရယ်​"

စကားအဆုံး နှာဖူး​လေးကို အမြတ်​တနိုးအနမ်းဖွဖွ​ပေးအပ်​မိသည်​။ နှဖူး​လေးကိုနမ်း​တော့ ခပ်​အုပ်​အုပ်​ဆံပင်​လိပ်​က​လေး​တွေက​နေ ရှန်​ပူရဲ့ပန်းရနံ့ကို ရှူရှိုက်​မိသည်​။

"အလုပ်​​တွေကြားက​နေ​တောင်​ ​ပြေး​တွေ့ချင်​တာရုး​တော့မလိုပဲ"

နှာတံ​စင်း​လေး​ပေါ်ကို နှုတ်​ခမ်း​တွေပွတ်​ဆွဲသွားလိုက်​​တော့ မျက်​လုံးဝိုင်း​လေးက နားမလည်​သလိုလိုက်​ကြည့်​သည်​။

"အရမ်းချစ်​မိ​နေပီ​ဘေဘီ ကိုယ့်​ကိုတာဝန်​ယူလိုက်​​တော့"

ချန်​​ယောလ်​ကိုယ်​​ပေါ်က​နေ အုပ်​မိုးထားရာ​မှ ​ထောက်​ထားတဲ့လက်​နှစ်​ဖက်​ထဲက တစ်​ဖက်​ကို လွတ်​​စေရင်း လည်​တိုင်​ကိုဆွဲပင့်​လိုက်​တယ်​ ။ ​နောက်​ မျက်​နှာ​လေးက အလိုအ​လျောက်​ပင့်​လျက်​သားအ​နေအထားဖြစ်​သွား​လေရဲ့။

"​ဒီတစ်​ခါ​တော့ပြန်​နမ်း​ပေး​"
"ချန်​ မနမ်းတတ်​ အင့်​"

တစ်​ချက်​ဆွဲယူကာနမ်းရှိုက်​လိုက်​​ရင်း ပြန်​လွတ်​လို​က်​တယ်​။ ခဏတာစုပ်​ယူနမ်းရှိုက်​မှု​မှာ​တောင်​ ရဲ​ထွေးလာတဲ့ နှုတ်​ခမ်း​လေး။

"သင်​​ပေးမယ်"
"ချန်​. .."
"ကိုယ့်​ကိုယုံ "

ချန်​​ယောလ်​လက်​က​လေးကိုဆွဲယူကာ ရင်​ဘတ်​ကာကပ်​ထားလို​က်​ရင်း

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now