"စစ်ပွဲမှာလည်း စစ်ပွဲအမျိုးအစားခွဲခြားထားတာရှိသေးတယ် စစ်ပွဲတွင် အသုံးပြုသော မဟာဗျူဟာ၊ နည်းဗျူဟာနှင့် ဘာရည်ရွယ်ချက်နှင့်တိုက်ခိုက်ကြသလဲ ဘယ်သူတွေ တိုက်ခိုက်ကြသလဲ၊ ဘယ်လိုလက်နက်တွေနှင့် အသုံးပြုပြီး တိုက်ခိုက်ကြသလဲ၊ ဘယ်လို ပုံစံတွေနဲ့ တိုက်ခိုက်ကြသလဲ ဆိုတာတွေအပေါ် အခြေခံပြီး စစ်ပွဲတွေကို အမျိုးအစားခွဲခြားကြတယ်"
ပြတင်းတံခါးနား၏လေသာဆောင်မှာ လက်ဖက်ရည်ကြမ်းသောက်ရင်း ဆွေးနွေးပွဲလေးတစ်ခုစတင်နေသည်။ ရှီယန်းကဒိုင်ခံရှင်းပြရသည်ဆိုတာတော့ ပိုမှန်လိမ့်မည်။ လက်ဖက်ရည်ကြမ်းသောက်ရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသူက ဟေးဂျို။
"စစ်ပွဲနဲ့တိုက်ပွဲကရော အတူတူပဲလား"
"ဘယ်တူမလဲ စစ်ပွဲတစ်ခုမှာ တိုက်ပွဲပေါင်းများစွာပါဝင်တယ် တိုက်ပွဲမှာဆိုရင် ဆုတ်ခွာရခြင်း၊ တိုက်ပွဲကျရှုံးခြင်းသည် စစ်ပွဲကျရှုံးခြင်းမဟုတ်ဘူး တခါတရံ စစ်ပွဲအောင်နိုင်ရေးအတွက် မဟာဗျူဟာအရ အသာစီးရရန် ဆုတ် ခွါရတာတွေလည်းရှိတယ် တိုက်ပွဲဖြစ်ခြင်းကိုလည်း စစ်ဖြစ်ခြင်းဟု ဆိုလို့မရပြန်ဘူး စစ်ပွဲဆိုတာအကြီးစား ဖြစ်တယ် တိုက်ပွဲသည် အသေးစားဖြစ်တယ် တိုက်ပွဲတွေကိုသုံးသပ်ပြီး စစ်ပွဲလို့ သတ်မှတ်နိုင်တဲ့လက္ခဏာရှိမရှိ ဆုံးဖြတ်နိုင်တယ်"
"စိတ်ဝင်သားဖို့ကောင်းတယ် ရှင်ကတကယ်တော်တာပဲ ကျွန်မငယ်ငယ်ထဲက စစ်ရေးဗျူဟာတွေအကြောင်း တိုက်ပွဲတွေအကြောင်းစိတ်ဝင်စားခဲ့တာ ဒါပေမဲ့ ကျွန်မက မင်းသမီးတစ်ပါးဖြစ်နေလို့ အဲ့ဒါတွေက ကျွန်မနဲ့မသက်ဆိုင်ခဲ့ဘူး"
"မင်းသမီးရဲ့ထက်မြက်တဲ့ဉာဏ်ရည်ကိုအသုံးချသင့်တာပေါ့ တစ်ခါတစ်လေမှာ လက်ရုံးရည်ထက်နှလုံးရည်ကပိုအရေးပါတယ် ဉာဏ်သာရှိရင် အရာအားလုံးကိုချုပ်ကိုင်နိုင်တယ် ကွက်ကျော်မြင်ဖို့ပဲလိုတာပါ"
"ရှင် အဲ့ဒီလိုပြောပေးတော့ ကျွန်မစိတ်ချမ်းသာရပါပြီ"
"သုံးပြည်ထောင်ခေတ်တုန်းက ရှီလာဘုရင်မအကြောင်း ကြားဖူးတယ်မလား သူလည်းအဲ့လိုပဲလေ မိန်းမသားတွေ ထက်မြက်ရင် ယောကျာ်းသားတွေလိုက်မမှီပါဘူး"
YOU ARE READING
Queen From Sungkyunkwan (ဆောင်ကျန်ကွမ်၏ချစ်ပုံပြင်)
Narrativa StoricaGxG lesbian fiction