⚠BECAUSE...⁉
အချိန်.......၊ကျုပ်တို့တွေ ခံစားရတဲ့ဝေဒနာတွေကို အချိန်က ကုစားသွားလိမ့်မယ်လို့ပြောကြသည်....။ဒါပေမဲ့...ခံစားရတဲ့အချိန်အတိုင်းအတာကရှည်လွန်းနေရင်တော့...ထိုအချိန်ကို မစောင့်နိုင်တော့ပဲ..ထွက်ပြေးတတ်ကြသည်...။ဒါဟာ ဘဝကိုအရှုံးပေးတယ်လို့ပြောနိုင်သလို....ပျော့ညံ့တဲ့လူသားအဖြစ် မြင်ကြမည်လား....။ဘယ်တတ်နိုင်မှာလဲ...မျှော်လင့်ချက်တွေ လုံးဝပျာက်ဆုံးသွားတဲ့ လူတစ်ချို့က လောကကြီးကိုအရှုံးပေးလိုက်ချင်မှာပဲလေ....။သို့သော်....မျှော်လင့်ချက် သဲ့သဲ့လေးသာ ရှိနေဦးမယ်ဆိုရင်....ကျုပ်တို့ရဲ့ကံကြမ္မာတွေ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ.....ဘဝကိုတော့...ဆက်လက်ရှင်သန်နေချင်ကြမည်မို့လား..............။
-------------------------------------------ဦးကျော်သက်ဦး...##
တစ်ချိန်က...ရယ်သံတွေ၊ပျော်ရွှင်မှုတွေနဲ့ သာယာနေတဲ့ ကျုပ်တို့ရဲ့အိမ်ကြီးက...ခုချိန်မှာတော့...ခြောက်ခြားစရာကောင်းလောက်အောင်တိတ်ဆိတ်နေပြီလေ......။သခင်လေးတို့ ထွက်သွားတာလဲ..3လပင်ကြာခဲ့ပြီ....။ထိုအချိန်အတောအတွင်း...ဒီအိမ်ကြီးထဲမှာ......မနက်မိုးလင်းချိန် အလုပ်သို့သွားတဲ့ Boss ရဲ့ကားသံ၊ညနေ ရောက်ရင်ပြန်လာတဲ့ကားသံ၊တစ်ချို့သော ညဘက်တွေမှာ Boss ဝီစကီသောက်ရင်း...ဖန်ခွက်ခွဲတဲ့ အသံတွေကိုသာ...ကြားရတော့သည်......။အလုပ်ထဲမှာလဲ ဟိုအရင်လို တက်ကြွမှုမရှိတော့တဲ့ Boss က..ညတိုင်းလိုလို ဝီစကီတွေနှင့်သာ အချိန်ကုန်တတ်နေပြီလေ......။ကျုပ် Boss ကိုလဲအပြစ်မပြောရက်ပါ....၊သူ အသက် 18နှစ်လောက်ထဲက သူ့ရဲ့ကိုယ်ရံတော်အဖြစ် ရှိနေခဲ့လို့လားတော့မသိ..၊သူ့ခံစားချက်တွေနဲ့သူ့စိတ်ကို ကျုပ်နားလည်သည်.........။
သူဌေးကတော် သူ့ဘဝထဲကိုဝင်လာပြီးနောက်ပိုင်း....သခင်လေးတို့က...သူ့ဘဝတွင် ဒုတိယအကြိမ်အဖြစ်..ချစ်ခြင်းတို့အား...ပြန်လည်ဖွဲ့နှောင်လာစေသည်.....။ဒါပေမဲ့လည်း...ထိုပျော်ရွှင်မှာတွေက မတည်မြဲခဲ့ပါ....၊သူဌေးကတော်ရဲ့သေဆုံးမှုက သူ့ဘဝရဲ့ ပြန်လည်ရှင်သန်နေတဲ့ ပျော်ရွှင်မှုအား ဖျက်စီးလိုက်ပြန်သည်...။အခုလဲ...Boss ဘဝမှာ အကြာကြီးပျောက်ဆုံးနေတဲ့ အချစ်ဆိုတဲ့ အရာကို သယ်ဆောင်လာတဲ့ သခင်လေးတို့က သူ့အားထားခဲ့ရပြန်သည်.........။
သခင်လေးတို့ထွက်သွားပြီးနောက်ပိုင်း....Boss ရဲ့စိတ်ဓာတ်တို့က လုံးဝကိုကျဆင်းသွားသည်....ကုမ္ပဏီ တွင်လဲ အရှုံးတွေပေါ်ကာ....မိုးကောင်းထက် ကကျုပ်တို့ ကုမ္ပဏီ ရဲ့ပါတနာတွေကိုစည်းရုံးလေသည်....။တွဲဖက် ကုမ္ပဏီတွေကိုလဲ သူ့လက်ထဲ ရောက်အောင် သိမ်းသွင်းလိုက်၏....။ခုချိန်မှာ....ကုမ္ပဏီတွင် မိုးကောင်းထက် ရဲ့ share သာမပါရင် ဒေဝါလီပင် ခံရနိုင်သည်....။အစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ Star World ကုမ္ပဏီကြီးသည် Boss လက်ထပ်ရောက်မှ ပျက်စီးရမည်ကိုတော့ အဖြစ်မခံနိုင်ပါ....။ထို့ကြောင့် မိုးကောင်းထက်သည် ကုမ္ပဏီရဲ့ အဓိက share အများဆုံးသူ ဖြစ်လာခဲ့သည်....။ကိစ္စအားလုံး ကျုပ်ကိုသာ စီစဉ်စေပြီး.....Boss ကတော့ ဘယ်အရာကိုမှ အလေးမထားတော့ပေ.....။
ဒီနေ့ Boss ရဲ့မွေးနေ့....၊ကျုပ်သူ့အတွက် ဘာလက်ဆောင်မှာ မစီစဉ်ဖြစ်ပါ....။ခုချိန်မှာ သူဘာကိုမှ လိုချင်မည် မဟုတ်မှန်းလည်း ကျုပ်သိတယ်လေ.....။ညရောက်တော့ သခင်လေးတို့ဆီက video call ကျုပ်ဖုန်းထဲသို့ဝင်လာ၍ Boss အားလှမ်းခေါ်ပြီး...စကားပြောကြသည်....။လုပ်ငန်းကိစ္စတွေဆိုလဲ ကျုပ်နဲ့ပဲပြောရတာများတော့...Bossက ဖုန်းကို အနားမှာ မထားတတ်ပေ..။ဒါကြောင့်မို့..ကျုပ်ဆီကိုပဲ သခင်လေးတို့ ဖုန်းဆက်ရခြင်းဖြစ်သည်...။video call ထဲတွင် "Happy birthday ဖေဖေ..."လို့ တစ်ပြိုင်နက်ထဲ ပြောပေးကြသော သားတွေကိုကြည့်ရင်း...Boss ရဲ့မျက်နှာမှာ ပီတိဖြစ်သွားတဲ့ အရိပ်အရောင်လေးတွေကို ကျုပ်တွေ့လိုက်သည်...........။
သားတွေနှင့်စကားပြောပြီး၍ ထုံးစံအတိုင်း ဝီစကီသောက်နေလေသည်....။ဒီနေ့ညကတော့ ခါတိုင်းထက်ပိုသောက်ကာ ငိုကြွေးနေရင်း...ကျုပ်အားရင်ဖွင့်နေလေပြီ....။
ESTÁS LEYENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............