Warning (^^;)
ရေချိုးခန်းထဲကထွက်လာပေမယ့် Wu yifan ရဲ့ အကောင်ငယ်က တင်းမာမှုမလျော့နိုင်သေး ။ ဝိုင်နှစ်ပုလင်းလောက်ထားသည့်အရှိန်ကလည်းသေးမှမသေးပဲ ။ boxer တစ်ထည်သာရှိပြီး အပေါ်ပိုင်းက ဗလာဖြင့် chanyeolကိုလည်း bathrobe ဝတ်ပေးရဦးမည် ။
ဝတ်ပေးမယ်လုပ်တော့ရုတ်တရက် Wu yifan ၏ ဂုတ်ကိုသိုင်းဖက်လာသော Chanyeol လက်နှစ်ဖက် ။ မျက်လုံးပွင့်လာပြီးရီဝေဝေနှင့်စိုက်ကြည့်နေသော chanyeol က မီးဝါရောင်ထွန်းထားသော ဟိုတယ်ခန်းထဲတွင် အတော်ပင်လှသွေးဖြာနေသည် ။ ထို့နောက် ထိစပ်သွားသော နှုတ်ခမ်းနှစ်ခု ။
သဘာဝအတိုင်းနီရဲနေသည့် နှုတ်ခမ်းတစ်စုံအားအငမ်းမရနမ်းရှိုက်မိတော့ chanyeol လည်းပြန်၍ တုန့်ပြန်လာသည် ။ အဆုံးမရှိသော သာယာမှု Galaxy ထဲ ခုန်ချလိုက်တော့မည်။ဖြစ်ချင်ရာဖြစ်စေတော့.... ။
ဖြူဖွေးနေသည့် chanyeol လည်တိုင်အားတတိတိနှင့်စုပ်ယူမိရင်း နှင်းဆီရောင် ပွင့်လွှာနှစ်ချပ်အား ပွတ်ချေမိတော့ ခါးသွယ်သွယ်မှာကော့တက်လာသည် ။
လည်တိုင်ကျော့ကျော့ကို နမ်းနေရင်းမှ ပွတ်ချေထားသည့်အရှိန်ဖြင့် နီရဲနေသော ပွင့်လွှာတစ်ဖတ်အား စုပ်ယူမိတော့ အင့် ကနဲအသံထွက်လာသည်။ ထို့နောက် Yifan၏ ဆံပင်ကိုထိုးဖွလာသော chanyeol ၏လက်ချောင်းများ.... ။ chanyeol လည်းနိုးလာဟန်ရှိကာ လူးလွန့်နေသည် ။
နှစ်ယောက်လုံးကလည်း တော်တော်လေးသောက်ထားတော့ အရက်ရှိန်နှင့် အတူ ရမ္မက်တွေမှာလည်းလောင်မြိုက်လာသည်။
ပွင့်လွှာနှစ်ချပ်ကို တစ်ဖက်စီ စိတ်ကြိုက်စုပ်ယူပြီးနောက် နှုတ်ခမ်းကိုတစ်ဖန်ပြန်ရန်ရှာမိသည် ။အောက်နှုတ်ခမ်းကို အသာကိုက်လိုက်တော့ အနည်းငယ်ဟသွားသည့်အတွက် လျှာကိုဆွဲယူကာ ကစားနေသည်မှာ နွယ်နှစ်ပင် ရစ်ပတ်နေသည့်နှယ် ။
Chanyeol ရဲ့လက်နှစ်ဖက်က ကျောပြင်ကိုပွတ်သပ်နေသောကြောင့် လက်ဖဝါးနှစ်ဖက်ရဲ့ နွေးထွေးမှူကိုလည်းခံစားနေရသည် ။အတန်ကြာနမ်းပြီးနောက် ခွာပြီး chanyeol ကိုကြည့်လိုက်တော့ ရေထဲကငါးလေးကုန်းပေါ်ကိုရောက်လာသည့်အတိုင်း ပါးစပ်ကလေးဟစိ ဟစိနဲ့အသက်မနည်းရှူနေသည့်ပုံ ။ နမ်းထားတဲ့အချိန်ကလည်း တိုတိုလေးမှမဟုတ်ပဲ ။
VOCÊ ESTÁ LENDO
Wu's Minder [Completed]
Fanficဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကလေးမဟုတ်သည့်ကလေးကြီးကို ထိန်းရန် ဖြစ်လာသောအခါ..... Cover design by Fan Yeollie