Never Enough

3.6K 164 4
                                    

လိုက်ကာစတွေ ကြားထဲကနေ တစ်စစ ဝင်လာတဲ့ နေခြည်အလင်းဖျဖျတွေက ချစ်ရသူရဲ့ မျက်နှာပေါ် ရှက်ပြေးနေတယ်
နေရောင်ခြည်ရဲ့ အလင်းမြူမှုန်တွေကြားထဲက မျက်တောင်ခပ်စိတ်စိတ် ပါးမို့မို့ နှုတ်ခမ်း ဖူးဖူး တွေက လူကို ရုန်းမထွက်နိုင်အောင်ပြုစားနေတယ်
နေရောင်စူး လာလို့လားမသိ ရှုတ်မဲ့မဲ့ဖြစ်လာတဲ့ မျက်နှာလေး နှုတ်ခမ်းလေးတောင် စူလာသယောင် တစ်အီအီ နဲ့ ကိုယ့်ဘက်လှည့် ကိုယ့်ရင်ခွင်ထဲ ဝင်တိုးလာတဲ့ အကောင်ပေါက်လေး အလိုက်တသိ ကိုယ်နဲ့အံဝင်ကြအောင် လုပ်ပေးရင် သူ့ဆံနွယ် တွေကိုမွှေကြူနေမိတယ်

"Jungkookie"

အိပ်ချင်မူးတူး အိပ်မှုံစုံမွှားနဲ့ မျက်လုံးမို့မို့လေးတွေက မပွင့်တပွင့် နှုတ်ခမ်းပါးတွေကို လှုပ်စိစိ နဲ့ ကျွန်တော့်နာမည်ကို ခေါ်နေတဲ့ အကောင်ပေါက်လေး ကျွန်တော်မြတ်နိုးရင်ခုန်ရပါသော အချိန်လေး

"ဗျာ"
"နိုးတာကြာပြီလား"
"သိပ်မကြာသေးဘူး Hyung"
"ခဏထပ်အိပ်မယ်,ကျောပုတ်ပေး"

နားထင်စပ်လေး ကို မွှေးကြူးရင်း သူအရမ်းသဘောကျတဲ့ You are the reason တီးလုံးကို ငြီးရင်း ကျောပုတ်ပေးနေမိတယ်
ကျွန်တော့ Hyung က ကလေးလေးပါ...

"Jungkookie"
"ဗျာ"
"ထမင်းသုတ် လုပ်စားရအောင်"
"လိုအပ်တာတွေသွားဝယ်ကြမလား"
"မလိုဘူး မနေ့က ဒေါ်လေးကင် အကုန်ဝယ်ပေးသွားတယ်"
" အဲ့တာဆို ကျွန်တော်တို့ထကြတော့မလား"
"ဗိုက်လဲဆာတယ် မင်းကိုလဲ ဖက်ထားချင်သေးတယ် ဘယ်လိုလုပ်ရမလဲ"
"ဟ ဟား ကျွန်တော် ချီသွားမယ် ဟုတ် ပြီ လား "
"Ommm"

ကလေးလေးတစ်ယောက်လို လက်ဆန့်ပေးရင် ချီခိုင်းနေသော အကောင်ပေါက်လေး ... Hyung ခြေထောက်တွေကြား ညာလက်ကိုရှိုသွင်း ဘယ်လက်ကိုခါးလယ်ကနေထိန်းကာ မလိုက်တော့ ကျွန်တော်လည်တိုင်ကို သိုင်းယှက်လာတဲ့ Hyung လက်သေးသေးလေးတွေ ခေါင်းကိုလဲ ရင်ခွင်နဲ့ထိကပ်ထားသေးတယ် ကျွန်တော့ ရင်ခုန်သံကိုနားထောင်တာပါတဲ့ အပျင်းတစ်တာမဟုတ်ဘူးတဲ့ ကျွန်တော့ Hyung က ပိစိလေး ပါ....

ရေချိုးခန်း ဘေစင်ပေါ် တင်ပေးပြီး မနက်ခင်း သန့်ရှင်းရေး အမှုကိုလုပ်ဆောင်ရတယ် သွားတိုက်နေတုန်းက အကောင်း မျက်နှာသစ်မယ်ဆိုမှ ပြသနာကစတော့တာဘဲ ...
"မရဘူး Hyung ကွာ အမြဲတမ်း လုပ်နေကြကို ဒီနေ့မှ ဘာလို့လဲ"
"ငါ မလုပ်ချင်လို့ပေါ့ကွာ"
"လိမ္မာပါတယ် Hyung ရာ ဒီလိုကြီးက ကြည့်မကောင်းဘူး"
"မ လုပ် ဘူး"
"Hyung မျက်နှာလေးက နုနုလေး ခုလို မုတ်ဆိတ်မွှေးထိုးထိုးထောင်ထောင်တွေနဲ့ ယားလာလို့ ပွတ်မိရင် အသားတွေပွန်းကုန်မှာပေါ့ ရိတ်လိုက်ပါနော်"
"ညမှရိတ်မယ် ငါ မပွတ်ဘူး ဂတိပေးတယ် နော်"
"ပြီးကော ညကျရင် ရိတ်ရမယ်နော်"

JiKook/KookMin Oneshot 💜Where stories live. Discover now