Zawgyi
သွေးစက်တွေပေနေတဲ့ နံရံကိုသူမြင်နေရတယ်။
ပီးတော့ ပါပါးကလည်း အဲ့နေရာမှာရှိနေတာ လက်ထဲမှာဓားတစ်လက်နဲ့။
သေးငယ်တဲ့ အပေါက်လေးထဲကနေ မျက်လုံးကစားကြည့်မိတော့ ကြမ်းပြင်မှာလဲနေတဲ့ မေ။"မေ့"
ချန်ယောလ်ခေါ်သံက ကျယ်တယ်ထင်ရပေမဲ့ သူတစ်ယောက်ကြားရုံသာသာလေး။
ပါပါးက ငိုကာ အော်ဟစ်ကာဖြင့် အသက်လုရှူနေတဲ့ မေ့ ကို ဓားနဲ့ထပ်ရွယ်သည်။
ချန် ကြောက်လိုက်တာ။ မေ ကဆိုးလို့ပါပါးစိတ်ဆိုးနေတာများလား။ဓားကလက်ခနဲဖြစ်သွားတာကြောင့် ချန်မျက်လုံးတွေကျိမ်းကာ လက်နဲ့ကာလိုက်မိတယ်။ နောက် မျက်လုံးတွေကိုပွတ်သပ်ကာ သူချောင်းနေတဲ့ဗီရိုမပေါက်ထဲကနေ ပြန်ကြည့်မိတော့ ဂျွန်ဂျွန်က ပါပါးရှေ့မှာနာကျင်နေတဲ့မျက်နှာနဲ့!
ပါပါးနဲ့ ဂျွန်ဂျွန် လူချင်းခွာလိုက်တဲ့အချိန်မှာ ဂျွန်မြောင့်ဆီက အင့်ခနဲအသံနဲ့အတူ ဗိုက်ထဲကနေ ထွက်လာတဲ့ ဓားအသွား နောက်သွေးတွေ။
"ဂျွန်ဂျွန်ကို မလုပ်ပါနဲ့ ဟင့် မလုပ်ပါနဲ့"
ချန်ယောလ်ဆုတောင်းသံက တိုးတိတ်နေလွန်းတာမို့ ဘယ်သူမှမကြားတာဖြစ်မည်။
"သားဂျွန်!"
"ပါပါး မလုပ်ပါနဲ့ အ"မာမားကိုယ်ပေါ် လဲကျတဲ့ ဂျွန်ဂျွန်က သွေးတွေထွက်နေတဲ့ ဗိုက်နေရာကို လက်တစ်ဖက်နဲ့ဖိကာ ချန်ရှိရာကို တွေတွေလေးကြည့်လာရင်း ရှူး ဆိုပီးပြုံးကာ လုပ်ပြသည်။
ချန်ကြောက်လာတယ်။
ခုနလေးတင် အသက်လုရှူနေတဲ့မာမားက အခုမလှုပ်တော့တာကြောင့် ဂျွန်ဂျွန်ပါ အဲ့လိုဖြစ်သွားမှာချန်ကြောက်လာတယ်။ညီအကိုနှစ်ယောက် တူတူပုန်းတန်းဆော့နေတုံး ဘာလို့ဒီအဖြစ်အပျက်တွေဖြစ်သွားရတာလဲ ချန်နားမလည်။
ရုတ်တရက် ဗီရိုထဲက ထွက်လာလိုက်ပီး ပါပါးဆီသွားကာ ဓားကိုင်ထားတဲ့လက်ကို ချန်ကိုက်ချပစ်လိုက်တယ်။
YOU ARE READING
Big Boss And His Mochi [ COMPLETE ]
FanfictionBoss will always protect his adorable Mochi!!