Part-8

930 45 0
                                    

⚠BECAUSE...⁉

ကိုယ့်ဘဝထဲသို့ ရောက်လာတဲ့လူတိုင်းကိုတော့...မမှတ်မိနိုင်ပေမဲ့....၊ကိုယ့်အချစ်ဆုံးတွေ၊ခင်မင်ရသူတွေ၊စိတ်ထဲမှာအမှတ်ရနေတဲ့သူတွေကိုတော့....ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး.....။ကံကြမ္မာက ကိုယ်နဲ့ဆုံဆည်းခွင့်ပေးလာတဲ့ လူတွေကို ကိုယ့်ဘက်ကရင်ဆိုင်တတ်ဖို့ကတော့...ကိုယ့်ရဲ့အတွေ့အကြုံပေါ်မှာပဲ မူတည်မှာပေါ့လေ................။

-------------------------------------------

ဦးကျော်သက်ဦး...##

Bossရဲ့ အလုပ်ကိစ္စအတွက် ကျုပ်မန္တလေးဘက်ကို ရောက်လာခဲ့တယ်.....။ကိစ္စတွေပြီး၍ ရန်ကုန်ကို ပြန်ခဲ့တော့...လမ်းမှာကားကပျက်ပြီး...အချိန်ကြာသွားလို့ မိုးချုပ်သွားတယ်......။ညဘက်ဆိုတော့...အဝေးပြေးလမ်းမကြီးပေါ်မှာ ကားတွေကလဲရှင်းနေ၍...ကျုပ်ကားကို အရှိန်တင်ပြီးမောင်းလာသည်....။တစ်နေရာရောက်တော့....လမ်းမကြီးဘေးမှာ အထုပ်တစ်ထုပ်နဲ့ ဂစ်တာကိုလွယ်ပြီး လူတစ်ယောက်ပြေးနေတာကိုလှမ်းမြင်လိုက်တယ်....။ည 9နာရီလဲကျော်နေပြီ...ဘာများဖြစ်လို့လဲဆိုပြီး...သူ့နောက်ကိုကပ်မောင်းလာတယ်....အနားရောက်တော့ ကောင်လေးတစ်ယောက်ဖြစ်နေသည်....။လမ်းဘေးက တောင်းစားတဲ့ကလေးများလားလို့ ထင်မိတယ်...။မဖြစ်နိုင်ပါဘူး...ကောင်လေးကဖြူ ဖြူ သန့်သန့်လေး....ပြီးတော့အထုပ်လဲစွဲထားတယ်...ဂစ်တာလဲလွယ်ထားတယ်....အိမ်ကထွက်ပြေးလာတဲ့ကလေးများလားဆိုပြီး...သူပြေးနေတာရပ်သွားအောင် နောက်ကနေ ကားဟွန်းကိုတီးပြီးအသံပြုလိုက်သည်....။ထိုကောင်လေးက "မလာနဲ့...ငါ့နောက်မလိုက်နဲ့.."ဟုအော်ပြီး အတင်းပြေးနေသည်....။ကျုပ်လဲ ဟွန်းကို အဆက်မပြတ်တီးပြီး နောက်ကလိုက်မောင်းတော့....ထိုကောင်လေးက နောက်ကိုလှည့်ကြည့်ပြီး....ဘာလိုလန့်လို့လန့်မှန်းမသိ အော်ပြီး မေ့လဲသွားသည်....။ကျုပ်လဲ သူ့အနားသွားပြီး.........

"ဟေး...ကောင်လေး...ဘာဖြစ်တာလဲ....ဟိတ်...ထဦးလေ...."

လဲနေတဲ့ထိုကောင်လေးကို ခေါ်ရင်း သူ့ခန္ဓာကိုယ်ကို မပြီး ကြည့်လိုက်တော့.....
မိုးကောင်းထက် ရဲ့သားလေးပဲ....ညဘက်ကြီးကို ဘယ်လို့များ အထုပ်တွေနဲ့လမ်းပေါ်ပြေးနေတာပါလိမ့်....။ကျုပ် ကားပေါ်ကရေဘူးကိုသွားယူပြီး...သူ့မျက်နှာကို ရေနဲနဲ နဲ့ပတ်လိုက်တော့....လှုပ်ရှားလာသည်.....။

⚠BECAUSE...⁉   {U+Z} (Completed)Where stories live. Discover now