ချစ် သူ ရယ်...
ချစ် တယ် ဆို တာ
က မ္ဘာ ဦး လူ လိမ် တစ် ယောက် ထွင် ခဲ့ တဲ့ စ ကား လို့
ယုံ သွား မှာ ကို စိုး တယ်. . . . .။
🍀🍀🍀🍀
ချီးမွမ်း ခုနှစ်ရက် ၊ ကဲ့ရဲ့ ခုနှစ်ရက် ၊ ချစ်သူကို အဖြေပေးဖို့ စဉ်စားတော့လည်း ခုနှစ်ရက်ပဲပေါ့။ ဒါပေမဲ့ ခြောက်ရက်မြောက်နေ့မှာပဲ Jungkook ပူဆာလွန်း၍ Jimin အဖြေပေးလိုက်ရပါတော့သည်။ ဘယ်လိုတွေးတွေး ဒီအဖြေပဲပေးဖို့ ရင်ဘတ်က တောင်းဆိုနေတော့လည်း ဝန်ခံလိုက်ပါတော့သည်။ Jimin ပေးလိုက်တဲ့ အဖြေက...
"အအိရှိတဲရု"
တဲ့။ ချစ်တယ် ဆိုတဲ့ အဖြေလေးပေါ့။"ကျွန်တော် အရမ်းပျော်တာပဲ Hyung ရယ်..."
ဒီလိုနေ့မျိုးကို အမြဲပိုင်ဆိုင်ချင်ပါသည်။ ဖြစ်နိုင်ရင် မပုပ်မသိုးသွားအောင် နှလုံးသားကို ဆေးရည်စိမ်ထားလိုက်ချင်သည်။
"Hyung ကော မပျော်ဘူးလားဟင်..."
ဘယ်လိုမေးလိုက်တာပါလိမ့်.။
"ငါလား"
"အင်း"
"ငါလည်း ခေးအိစဆွတ် နိ ခခုမရဲတ "
ထိုစကားရဲ့ မြန်မာလို အဓိပ္ပါယ်က 'ရဲတွေဝိုင်းထားတယ်' တဲ့။ ဘာကို ဆိုလိုမှန်း Jungkook နားမလည်မိ။
"ဘာပြောတာလည်းဟင်..Hyung"
"ရဲတွေဝိုင်းထားတယ်လို့ပြောတာလေ"
"အင်း။ သိတယ်လေ။ ဘာကိုဆိုလိုတာလဲလို"့
"အော်..ငါ အဲ့ဒီ့စကားအကြောင်း မင်းကိုမပြောပြရသေးဘူးလား"
"ဟင့်အင်း"
"အဲ့ဒါ ပုံပြင်တစ်ပုဒ်ကွာ။ ကိုရီးယားပုံပြင်လည်းမဟုတ်ဘူး။ ဂျပန်ပုံပြင်လည်းမဟုတ်ဘူး။ အစ္စရေးပုံပြင်လို့တော့ ပြောကြတာပဲ။"
YOU ARE READING
Old Flame (မီးတောက်ဟောင်းကလေး)
Fanfictionစာရေးဆရာ သူဝေးရဲ့ Old Flame ဝတ္ထုကို Jikook version ပုံစံဖြင့် ပြန်လည် အသက်သွင်းထားခြင်းဖြစ်ပါသည်။ full credit goes to သူဝေး (Zawgyi+Unicode)