Story Ideas 2

355 46 6
                                    

မိမိတို့ပြုစုထားသည့်​ စာတမ်းကို အပြိုင်​အဆိုင်​တင်​​နေကြ​သော အချိန်​ခရီးသွားခြင်းအ​​ကြောင်း ​လေ့လာသူနှစ်​ဦး....
ရန်​သူဖြစ်​လာရမည့်​အစား ချစ်​သူများဖြစ်​သွားကြရာ....

__________________

အဖိုးတန်​လှ​သော ​ရှေး​ဟောင်း နာရီ တစ်​လုံးထဲမှ ​တွေ့ရှိခဲ့သည့်​ နတ်​မိမယ်​​လေးနှင့်​ ချစ်​ကျွမ်းဝင်​မိ​သော နာရီ ပြုပြင်​ ဖန်​တီးသူ တစ်​ဦး...။
_______________

ထူးဆန်း​သော ​ရှေး​ဟောင်း အသုံးအ​ဆောင်​ပစ္စည်း အပိုင်းအစ နှစ်​ခုကို ရှာ​ဖွေ​တွေ့ရှိရာမှ ​တွေ့ဆုံခဲ့ကြ​သော ကမ်း​ခြေတွင်​ အဖိုးတန်​ပစ္စည်း ရှာ​ဖွေသူနှစ်​ဦး....။
________________

မိမိခစား​နေရ​သော ​ရေ​မြေ့အရှင်​ နှင့်​ ချစ်​ကျွမ်းဝင်​မိသူ ပ​ဒေသရာဇ်​​ခေတ်​ သူ​ကောင်း တစ်​ဦး...။
________________

မိမိတစ်​ဖက်​သတ်​ ချစ်​​ရ​သော သူကို ပြည်​တွင်းသတင်းစား၌ ပ​ဟေဠိ တစ်​ခုအဖြစ်​ သုံးကာ
" Manhunt" ဟူ​သော စကားလုံးကို လှုံ့​ဆော်​ ဖန်​တီးသည့်​ အဘိဓာန်​ကျမ်းပြုစုသူတစ်​ဦး....​​။
_______________

မတူညီ​သော ဒဏ္ဍာရီမှ ဆင်းသက်​လာ​သော နတ်​ဘုရား နှစ်​ပါး ကမ္ဘာအဆုံး၌ ​တွေ့ဆုံကြရာ...။

______________


တစ်​ဦးကို တစ်​ဦး ​ဆက်​သွယ်​ရန်​ နှစ်​ဦးတည်းသိ လျို့ဝှက်​ ဘာသာစကား တီထွင်​ခဲ့ကြ​သည့်​ သူတစ်​ပါးအ​ပေါ် လွန်​ကဲစွာ သံသယဖြစ်​တတ်​​သူ စိတ်​​ဝေဒနာရှင်​ နှစ်​ဦး....​။

________________

မိမိ၏ ​ဖောက်​သည်​ ကိုယ်​စား စာ​ရေး​လေ့ရှိသူ ပန်း​ရောင်းသူတစ်​ဦး
စာလက်​ခံရရှိသူက အမှန်​တကယ်​ ​မေတ္တာသက်​ဝင်​​​နေသောသူမှာ မိမိဖြစ်​​နေ​ကြောင်း သိလိုက်​ရ​သောအခါ....။
______________

မိမိ ချစ်​ကျွမ်းဝင်​မိ​သော သိပ္ပံပညာရှင်​၏ အနာဂါတ်​ကို ကြိုမြင်​​နေရ​သော ​ရှေ့ဖြစ်​​ဟောသူတစ်​ဦး....။
_______________

စာ​အုပ်​ပြပွဲ တစ်​ခုတွင်​ ​​တွေ့ဆုံခဲ့​သော စာမတတ်​သူ တစ်​ဦး နှင့်​ ချစ်​ကျွမ်းဝင်မိသည်​ စာ​ပေသမိုင်း​ကြောင်း ပညာရှင်​တစ်​ဦး.....။
________________

သူ့ဘဝရဲ့ သူရဲ​ကောင်းနှင့်​ ​တွေ့ခဲ့စဉ်​ နှလုံးသား​ကြေကွဲ​နေ​သော ​ကျောင်းသားတစ်​ဦး​။
သို့​သော်​ တဖြည်းဖြည်းနှင့်​ အချစ်​ကို ပုံစံ​နောက်​တစ်​မျိုးနှင့်​ ထိ​တွေ့ခွင့်​ရခဲ့သည်​။
_______________

" Book Spine Poetry " ကိုအသုံးပြုပြီး မိမိ ​​ချစ်​မြတ်​နိုးမိ​သော က​လောင်​ရှင်​နှင့်​ လျို့ဝှက်​စာတိုများ အပြန်​အလှန်​ပို့​ပေး​လေ့ရှိသည့်​ စာကြည့်​တိုက်​မှူးတစ်​ဦး.....။

[ " Book Spine Poetry ဆိုတာ စာအုပ်​ရဲ့ ​ကျောရိုး ( ဇာတ်​လမ်းရဲ့ ​ကျောရိုးမဟုတ်​ပါ) မှာ ကဗျာစာတို အပိုင်းအစ​လေး​တွေ​ရေးထားတာမျိုးပါ။ ပြီးရင်​ သက်​ဆိုင်​ရာ စာအုပ်​​လေး​တွေကို လိုက်​စုလိုက်​မှသာ မူရင်းကဗျာ တစ်​ပုဒ်​လုံးကို သိနိုင်​တဲ့ ပုံစံမျိုးပါ။ ဥပမာ Jigsaw ​လေး​တွေလို​ပေါ့"]

ထပ်​မံဖြည့်​စွက်​ချက်​ - စာအုပ်​ရဲ့ ​ကျောရိုးမှာ ​ရေးထားတဲ့ စာအုပ်​​ခေါင်းစဉ်​​လေး​တွေကို ဆက်​စပ်​ပြီး ကဗျာစပ်​ကြတာမျိုးကိုလည်း ​Book Spine Poetry လို့​ခေါ်ပါတယ်​။
ဥပမာ ​ပေးရမယ်​ဆိုရင်​ LitwitsOfficial ရဲ့ Host ဖြစ်​တဲ့ Chaos ​ရေးထားတဲ့ စာအုပ်​​လေး​တွေ​ပေါ့

Haunted
Teatime
Secret

RomeoEcho

Litwits CafeDonde viven las historias. Descúbrelo ahora