စာအရေးအသားကောင်းဖို့ဆိုတာက အပြောလွယ်သလောက် ဒီအတိုင်း ချရေးလိုက်ဖို့က တကယ်တော့ မလွယ်ဘူး။ အဲ့ဒီတော့ စာအရေးအသားကောင်းဖို့အတွက် ကိုယ်ဖတ်ဖူးထားတာလေးတွေထဲက မျှဝေပေးပါမယ်။
အဓိက စာရေးတဲ့အခါမှာ မိမိပြောချင်တဲ့ အဓိပ္ပါယ်၊ မိမိက စာဖတ်သူကို သိစေချင်တဲ့ အကြောင်းအရာကို ရိုးရှင်း ထိမိစွာ နားလည်လွယ်အောင် ရေးပေးဖို့ လိုပါတယ်။ ပြီးတော့ စာဖတ်သူ ဆက်ဖတ်ချင်လာအောင်၊ စိတ်ဝင်စားလာအောင် စွဲဆောင်နိုင်ဖို့လည်း လိုတယ်။
စာရေးသူရဲ့ အရေးအသားအဖွဲ့အနွဲ့ အသိပညာတွေ၊ အတွေးအခေါ်အယူအဆတွေက ဒီနေရာမှာ သိပ်တော့ အရေးမပါလှဘူး။ သူ့နေရာနဲ့ သူ အသုံးချလို့ ရကောင်းရပေမယ့် စာရေးသူဟာ သူတော်ကြောင်းတတ်ကြောင်း ပြချင်လို့ အဖွဲ့အနွဲ့တွေ ကဗျာတွေချည်းပဲ ရေးနေလို့လည်း ဖတ်လို့ကောင်းတဲ့ စာတစ်ပုဒ် ဖြစ်လာမှာမှ မဟုတ်ပဲ။
ဆိုတော့ကာ၊ ထိမိ သေသပ်တဲ့ ဝါကျလေးတွေ စာပိုဒ်လေးတွေ ဘယ်လိုရေးကြမလဲ။
- မဆီမဆိုင်တွေ မရေးပါနဲ့။ မစီလျော်တာတွေ မရေးပါနဲ့။
ဥပမာ - ဖြူ ပြာဟာ မနက်စောစော အိပ်ရာထလေ့ရှိတယ်။ ပြီးရင် သူမ ဈေးသွားပြီး ဟင်းချက်စရာတွေ ဝယ်ခြမ်းတယ်။ ပြန်လာရင် သူမ ထမင်းဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်ပါတယ်။ သူမတို့ အိမ်မှာ သက်သက်လွတ်စားသူချည်း ၃ ယောက်တောင် ရှိသတဲ့။
ဒီအပေါ်က စာပိုဒ်မှာဆို ဖြူ ပြာ မနက်အိပ်ရာထတာကနေ သူမ လုပ်နေကျ နေ့စဉ်အလုပ်တွေကို ပြောထားတာပါ။ ဒါပေမယ့် နောက်ဆုံး စာကြောင်းက မဆီမဆိုင် ဖြစ်သွားတယ်။ Irrelevant ပေါ့။ ထမင်းဟင်းချက်ပြုတ်ပြင်ဆင်တာနဲ့ သက်သက်လွတ်စားသူတွေ ရှိတဲ့အကြောင်းက ဆိုင်သလိုလို ရှိပေမယ့် ဒီလို ရေးရင် အဆက်စပ် မရှိတော့ပါဘူး။
အဲ့ဒီအစား အောက်ပါအတိုင်း ရေးကြည့်လို့ရပါတယ်။
"ဖြူပြာဟာ မနက်စောစော အိပ်ရာထလေ့ရှိတယ်။ ပြီးရင် သူမ ဈေးသွားပြီး ဟင်းချက်စရာတွေ ဝယ်ခြမ်းတယ်။ သူမတို့ အိမ်မှာ သက်သက်လွတ်စားသူတွေ များတာမို့ ဟင်းသီးဟင်းရွက်ကို ဦးစားပေးဝယ်ရတယ်။ပြန်လာရင် သူမ ထမင်းဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်ပါတယ်။"
YOU ARE READING
Litwits Cafe
Random• အသိပေးချက်များ။ • Prompt များ။ • Writing Tips များ။ • Review များ။