တရားရုံးရှေ့ကို တာရာတို့ကားလေးဝင်သွားသည့်အချိန်နှင့်တပြိုင်နက်
ဇေယျတို့လက်မှတ်ထိုးပြီးလို့ တရားရုံးအပြင်သို့ထွက်လာသည်
တာရာလှမ်းကြည့်လိုက်တော့ မမသက်လက်ကိုဆွဲရင်းပြုံးပျော်နေတဲ့အကို့မျက်နှာကိုတွေ့သည်
ဟန်ဆောင်ပြုံးဖြစ်ပါစေဆိုတဲ့စိတ်နဲ့ အကို့မျက်လုံးတွေကိုလိုက်ကြည့်မိသည်
ဟင့်အင်း အကိုဟန်ဆောင်နေတာမှမဟုတ်ဘဲ
တကယ်ပျော်နေတာပဲ
တာရာဝမ်းနည်းလာတယ်
အကို့ကိုတားဖို့လာတာလေ အကိုအဲ့လိုပျော်နေမယ်ဆိုတာသိရင် တာရာမနှောင့်ယှက်ပါဘူး
"ညီလေး ကားပေါ်ကဆင်းဦးမှာလား"
"ဟုတ်"
တာရာကားပေါ်ကနေဆင်းလိုက်သည်
တာရာ့ကိုမြင်တော့ အကိုတို့စုံတွဲခြေလှမ်းရပ်သွားသည်
မမသက်လက်ကိုသေချာဆုပ်ကိုင်လိုက်သည့် အကို့အပြုအမူကိုကြည့်ုပြီး တာရာပိုဝမ်းနည်းလာတယ်
ဒီအပြုအမူတွေကိုကြည့်ဖို့တာရာလာခဲ့တာမှမဟုတ်တာ
"မင်းဘာလာလုပ်တာလဲ"
အကိုကအသံခပ်မာမာနဲ့မေးလိုက်သည်
"ကျ.နော်..အကို့ကိုနောက်ဆုံးအကြိမ် ..လာတွေ့...တာပါ"
"ဘွဲ့ယူရမယ့်အရေးထက်တောင် အဲ့တာကအရေးကြီးလို့လား တာရာ"
"အကို့ကို အခုမတွေ့လိုက်ရရင် တစ်သက်လုံးမတွေ့ရတော့ဘူးလို့ စိတ်ထဲထင်နေလို့ပါ"
"မင်းရူးနေလား ငါကသေရွာသွားတာမှမဟုတ်တာကို"
"အကို့ကိုမေးစရာရှိတယ်"
အကိုကမေးဆိုတဲ့ပုံစံနဲ့ မေးဆတ်ပြတယ်
မမသက်ကတော့ မျက်နှာခပ်တင်းတင်းနဲ့သူ့ကိုကြည့်နေသည်
ကျန်တဲ့နှစ်ဖက်မိဘတွေကတော့ ကားပေါ်ကိုယ်စီတက်သွားကြသည်
"အကို မမသက်ကိုတကယ်ရောချစ်လို့လား"
"နင်ဘာမေးခွန်းတွေလာမေးနေတာလဲ မောင့်ကို"
မမသက်ဒေါသတကြီးနဲ့အော်လိုက်သည်
အကိုကမမသက်ကို ရင်ခွင်ထဲဆွဲသွင်းပြီး
"ဒီမှာတာရာ ငါကခံစားချက်မရှိရင် ဘာမှမလုပ်ဘူး ငါမမသက်ကိုချစ်တယ် မင်းနဲ့မတွေ့ခင်အချိန်ထဲက မမသက်ကငါ့ဘ၀ထဲရောက်နေပြီးသား မင်းသိထားဖို့က"
တာရာ့နားထဲကိုသံရည်ပူတွေလောင်းချလိုက်သလိုခံစားရတယ်
မမသက်ကတော့ အောင်နိုင်သူကြီးတစ်ယောက်လို သူ့ကိုကြည့်နေသည်
"မမသက်ထက်အရင် ကျနော်နဲ့တွေ့ခဲ့ရင်ကျနော့ကိုချစ်မှာပေါ့နော်"
"တာရာ မင်းမှားနေပြီ ငါကဘယ်တုန်းကမှယောက်ျားတစ်ယောက်ကိုချစ်ဖို့စိတ်ကူးလည်းမရှိဘူး မင်းနဲ့အရင်တွေ့လည်းမင်းကိုချစ်မိမှာမဟုတ်ဘူး တာရာ ငါ့ဘ၀တစ်လျှောက်လုံးအဖေ့ကြောင့် Gayတွေကိုမုန်းတီးခဲ့တဲ့စိတ်ကအခုထိရှိနေတုန်းပဲ ငါကြိုးစားပြီးအမြင်ကြည်အောင်လုပ်နေပေမယ့် ငါကိုယ်တိုင်တော့Gayတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး
တစ်သက်လုံးလည်းဖြစ်လာစရာအကြောင်းမရှိဘူး တာရာ"
တာရာ အကို့စကားသံတွေကိုဆက်မကြားချင်တော့တာနဲ့ တရားရုံးအပြင်ကိုပြေးထွက်ခဲ့သည်
အကိုကတော့ တစ်ချက်လေးတောင်လှမ်းအော်မခေါ်ဘူး
အားလုံးနဲ့ဝေးရာကို တာရာထွက်ပြေးသွားချင်သည်
အကိုမချစ်တဲ့လောကကြီးမှာ တာရာဆက်မနေချင်တော့ဘူး
"ဒုန်း.."
တာရာနာကျင်မှုတွေအများကြီးကိုခံစားလိုက်ရသည်
မျက်လုံးထဲအဖြူရောင်အလင်းတန်းတစ်ခုကိုပဲတွေ့နေရသည် ငါသေရတော့မှာလား
နာကျင်စွာနဲ့ပဲ နောင်ဘ၀ဆိုတာတကယ်ရှိရင် အကိုချစ်တဲ့ဘ၀ရောက်ပါစေဆိုတဲ့ဆုကိုတာရာတောင်းလိုက်မိသည်
အဖြူရောင်အလင်းတန်းနောက်ကိုတာရာပြေးလိုက်သွားသည်
တာရာနာကျင်မှုတွေအားလုံးကိုမခံစားရတော့ဘဲ လေထဲတွင်မျောပါသွားသည်.....
ESTÁS LEYENDO
One Sided Love(Completed) (Zawgyi+Unicode)
Romanceတစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ ....... တစ်ဖတ်သက် အချစ်ဆိုတာ တစ်ဖက်လူကိုချစ်ရလွန်းလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်သတ်နေရသလိုပဲ .......