part 10

222 21 1
                                    

Part 10

Sing သတိရပြီလား မင်းသတိလစ်နေတာ သုံးရက်တောင်ရှိပြီ ok ဆရာဝန်လာရင် ဖြုတ်လို့ရရင် ဖြုတ်ခိုင်းပေးမယ် အခုတော့ ခနလေး သည်းခံပေး

Krist
ကျွန်တော် ဘာမှ ပြောလို့မရဘူး ဘာလို့လဲဆို ပါးစပ်ထဲရော နှခေါင်းထဲရော ပိုက်တွေထည့်ထားလို့ဘဲ ပါးစပ်ထဲဆို ပိုက်တွေအပြည့်ဘဲ နှခေါင်းကတော့ ပိုက်သေးသေးတစ်ချောင်းဘဲ စကားပြောချင်တာကို ပြောမရဘူး

Sing ဆရာ တစ်ချက်ကြည့်ပေးပါဦး

Doctor သတိရလာတာဘဲ ဘာမှစိုးရိမ်စရာမရှိဘူး

Sing ဆရာလောလောဆယ် ပါးစပ်တွေပိုက်တွေသူက ဖြုတ်ချင်နေတာ

Doctor ကောင်လေး ဒီနေ့တစ်ရက်လောက် သည်းခံပြီးနေပေးပါ့လား

Krist
ကျွန်တော် ဘာမှပြန်ပြောလို့မရပေမယ့် အမှန်တကယ်ဖြုတ်ချင်တာ အမှန်ဘဲ

Sing (think)
သူမျက်ရည်ကျတာမြင်ရတော့လည်း စိတ်မကောင်းဘူး

Doctor မနက်ဖြန်ဆို ဖြုတ်ပေးမယ်

Sing ဆရာ အခြေနေကောင်းတယ်ထင်တယ်ဗျာ ဖြုတ်ပေးလိုက်ပါ့လား လူနာလည်း စိတ်ချမ်းသာအောင်လို့

Doctor ကောင်းပြီလေ ပါးစပ်ကပိုက်တော့ ဖြုတ်ပေးမယ် ဒါပေမယ့် နှခေါင်းက ပိုက်တော့ ဖြုတ်လို့မရသေးဘူး

Sing ရတယ်ဆရာ ပါးစပ်က ပိုက်ဘဲ ဖြုတ်ပေးရင်ရတယ်

ကျွန်တော်လည်း ဆရာဝန်ကို ဖြုတ်ပေးဖို့ပြောတော့ သူပျော်သွားပုံရတယ် သူပျော်တာလေးကို မြင်ပြီး စိတ်ချမ်းသာလာတယ် ကျွန်တော်လည်း အခုရက်ပိုင်း သူနဲ့ပက်သက်လာရင် စိတ်ပူနေတာမျိုး စိတ်တိုနေတာမျိုး ခနတိုင်း ဖြစ်နေတယ် အခုလိုဖြစ်အောင်လုပ်တဲ့သူကိုလည်း ရဲလက်ထဲ အပ်ပြီးသွားပြီ

Krist အကို

Sing အင်း

ကျွန်တော်လည်း သူ့ဘေးကို ရပ်နေတာ သူထိုင်နေပြီး ကျွန်တော့်ကို ဖက်ထားတာ ကျွန်တော်ကြောင်မိတယ် ကျွန်တော်လည်း ဘာရယ်မသိဘူး ပြန်ဖက်ထားပေးနေမိတယ် သေချာတာ တစ်ခုက သူမျက်နှာလေးက ရင်ခွင်ထဲရောက်တော့ ငိုနေတာကို သတိထားမိတယ် ဘာစကားမှ မပြောဘဲ အချိန်တော်တော်ကြာအောင် ဖက်ထားနေတာ ဘာကြောင့်လဲမသိပေမယ့် သူငိုနေတာ ကျွန်တော်က သိထားတော့ ကျွန်တော်လည်း သူ့ရဲ့ကျောပြင်လေးကို ပွတ်ပေးနေလိုက်တယ် တကယ်ဘဲ ကျွန်တော့်ရဲ့ မသိစိတ်က သူ့ခေါင်းလေးကို နမ်းလိုက်တာဘဲ ကျွန်တော်လည်း သတိပြန်ဝင်လာတော့ ဟန်မပျက်လေး သူဖက်ထားတာကို ငြိမ်နေမိတာဘဲ

Krist ကျေးဇူးဘဲ အကို

Sing ဘာလို့လဲ

Krist ကျွန်တော် နေပြန်ကောင်းတဲ့အခါကြ အခု ဆေးရုံတက်ရတဲ့စရိတ်တွေ ကျွန်တော်ပြန်ဆပ်ပါ့မယ်

Sing ဘာအလုပ်လုပ်ပြီးဆက်မှာလည်း ပြောကြည့်လေ

Krist ကျွန်တော် တောင်းမှာပေါ့ မရရင်ရတဲ့အလုပ်နဲ့ ဖြစ်အောင်ဆက်ပါ့မယ်

Sing 😁😁😁 မလိုပါဘူးကွာ

Krist ကျွန်တော့်အပေါ် ကျေးဇူးတွေရှိနေတာဘဲ ကျွန်တော် ကျေးဇူးဆပ်ရမှာပေါ့

Sing တစ်နေ့ ငါတောင်းဆိုတဲ့အခါကြမှ မင်းဆပ်ဖျင်တဲ့ ကျေးဇူးကို ဆပ်ဖို့ပြင်ထား အိပ်လိုက်ဦး
😘😘😘😘😘😘

Pan အား...မတော်လို့ နင်တို့ နမ်းမိသွားတာလား
မတော်လို့ပါဟယ် ငါ ချော်ကျသွားလို့ပါ အဲ့ဒါနင့်ကို တွန်းမိသလို ဖြစ်သွားတာ sorry ပါဟယ်

Sing ရပါတယ် မတော်လို့ဘဲ

Pan ဟက် ငါနင့်ကို ပြောစရာရှိသေးတယ်

Sing ဘာပြောမလို့လဲ

Pan မပြောတော့ပါဘူးဟယ်
သက်သာအောင်လုပ်နော် သူ အလုပ်တစ်ခုရအောင် လုပ်ပေးလိမ့်မယ် နင် ရိုးသားတယ်ဆိုတာ သူသိသွားပြီ သူ မဖြစ်မနေ နင့်ကို အလုပ်ပေးလိမ့်မယ်

Sing နေကောင်းပါစေဦး

Pan ငါ ခနဝင်လာတာ လက်သည်းအလှဆိုင်သွားမှာ နောက်ကျနေပြီ သွားပြီ

Sing အေး
😁😁😁
မင်းရှက်နေတာလား ခုနက နမ်းမိတာကို

Krist ဟာ...မသိဘူးဗျာ

Sing မတော်လို့ဘဲ စိတ်ထဲထားမနေနဲ့

Krist စိတ်ထဲမထားပေမယ့် စိတ်ထဲရောက်နေတာ ပထမဆုံး အနမ်းက မတော်တဆကြီးနဲ့ နမ်းမိသွားတာ သွားပါပြီ

Sing 😁😁😁ငါလည်း ပထမဆုံးအနမ်းပါဘဲကွ အမှတ်ရနေတော့မှာဘဲ

Krist ထွက်သွား...
အား....အား.....
အကို...ဆရာဝန်....
အား....

Sing အေး...ခေါ်ပေးမယ်

ဆက်ရန်.......

I need you, I love youWhere stories live. Discover now