♤18♤

2.5K 312 24
                                    

အာရုဏ်တက်ကာရောင်နီပင်အစပျိုးလာချိန်တွင် နန်းတော်ကြီးသည်လည်းပြန်လည်အသက်ဝင်လာကာ နံနက်ခင်း ညီလာခံသဘင်ကျင်းပရန် အဆင်သင့်ပင်ဖြစ်လို့နေလေပြီ။

"အရှင်မင်းကြီး နံနက်ခင်းပွဲတော်ပြင်ဆင်ပေးရတော့မလား"

ဝတ်ရုံဆင်မြန်းပေးနေသောအထိန်းတော်ကြီးစကားအား Chanyeol မင်းကြီးမကြားနိုင်သေးပေ။

စိတ်အစဉ်တို့သည် အိပ်ဆောင်တော်အတွင်း၌ကောင်းမွန်စွာ စက်တော်ခေါ်နေသော ကြင်ယာတော်လေးထံပါး ပျံ့လွင့်နေသည်ကိုတော့ မင်းကြီးမှလွဲ၍ မည်သူမျှမသိရှာပေ။

"အရှင်..."

"အထိန်းတော်ကြီး လျှောက်တင်စရာရှိလို့လား"

"ပွဲတော်ပြင်ဖို့ လျှောက်တင်မလို့ပါမင်းကြီး"

"မပြင်နဲ့သေးဦး ကိုယ်တော် ဒီနေ့ညီလာခံကိုစောသိမ်းမှာ။ ပြီးတော့ ဇာမဏီအဆောင်မှာပဲ သုံးဆောင်မယ်။ ကိုယ်တော်လာမှပြင်ပေး ဆူဆူညံညံမဖြစ်စေနဲ့"

"မှန်လှပါအရှင်"

ရွှေရောင်နဂါးဝတ်ရုံဖြင့် လိုက်ဖက်ညီစွာ ကျက်သရေရှိလှသောမင်းကြီးသည် ညီလာခံခန်းမသို့ ရာဇအိနြေ္ဒအပြည့်ဖြင့် လျှောက်လှမ်းလာ၏။

^မင်းကြီးကြွချီလာပါပြီ^

ညီလာခံအတွင်းရှိ အဆင့်အသီးသီးသတ်မှတ်ထားသောအမတ်ကြီးများ မင်းမှု့ထမ်းများနှင့် နယ်စားကြီးများက မင်းကြီးအား ရိုသေဂါဝရပြုကာကြိုဆိုကြရ၏။

"အမတ်ကြီးတို့ ကိုယ်တော်ဒီနေ့ညီလာခံကိုအကျဉ်းချုံးပဲလုပ်မယ်။ အရေးကြီးတဲ့သဝန်လွှာတွေကို ဦးစားပေးပြီး လျှောက်တင်ကြပါ"

"အမိန့်တော်မြတ်အတိုင်းပါမင်းကြီး"

အမတ်ကြီးအချို့ အရေးကြီးသဝန်လွှာများအားလျှောက်တင်ခဲ့ကြပြီးနောက် အမတ်တစ်ဦးက ညီလာခံတစ်ခုလုံး ပွက်လောရိုက်သွားစေမည့် အကြောင်းအရာတစ်ခုအား ဝင်ရောက်လျှောက်တင်လာခဲ့သည်။

"အရှင်မင်းကြီးမှာနန်းသွေးရတနာမရှိတဲ့အတွက် နောင်အနာဂတ်တိုင်းသူပြည်သားတွေ မင်းမဲ့တိုင်းပြည် ကပ်ဘေးသင့်ရပါလိမ့်မယ်ဘုရား"

Consort ByunWhere stories live. Discover now