ချစ်သော

59 4 0
                                    

ကိုယ် သိပ်ချစ်တဲ့ ခင်ဗျားမျက်ဝန်းတွေကို
ကွယ်ဝှက်စေလို့ ခင်ဗျားဆံပင်တွေကို
မုန်းခဲ့ဖူးတယ်

ဒါပေမယ့် ခင်ဗျားဆံပင်တွေကို
သပ်တင်လိုက်တဲ့အခါ
မြင်လိုက်ရတဲ့ကဗျာဆန်မှုကြောင့်
ခင်ဗျားဆံပင်တွေကို ကိုယ်သိပ်မြတ်နိုးမိပြန်ရော

သိပ်ချစ်တာပဲ ဆိုတဲ့စကားက မလုံလောက်မှန်း သိပေမယ့် ခင်ဗျားရဲ့ အရာရာတိုင်းကို
ကျွန်တော် သိပ်ချစ်တာပဲ

Feeling of a fangirlWhere stories live. Discover now