Final

310 27 87
                                    

မင်းရဲ့ ဆယ့်ငါးအုပ်မြောက် လုံးချင်းဝတ္ထုရဲ့ cover အတွက် ဒီဇိုင်းအကြမ်းတွေထွက်လာပြီ ဒီမှာ"

စာအုပ်တိုက်ကို ရောက်တယ်ဆို မထိုင်ရသေးခင် ထုတ်ဝေသူ ZhengTing လှမ်းပေးလာတဲ့ ဒီဇိုင်းတွေကို ယူကြည့်မိသည်။

"စိတ်တိုင်းကျတာ တွေ့လား အေးအေးဆေးဆေး အိမ်ယူသွားပြီး ကြည့်လို့ရတယ် တစ်ခုရွေးပြီး ငါ့ကို
အကြောင်းပြန်ပေး"

ထုတ်ဝေသူဖြစ်သလို သူငယ်ချင်းလည်း ဖြစ်တဲ့ ZhengTing က ကော်ဖီတစ်ခွက်ချပေးရင်း ပြောလာသည်။

"အင်းလေ ငါယူသွားပြီး သေချာကြည့်ပြီး ရွေးပေးမယ် ဒါပဲမလား ငါပြန်တော့မယ်"

ပြောပြီး ထ ပြန်မည်အလုပ် ကော်ဖီခွက်ကို မော့သောက်နေရင်း မျက်စောင်းလှမ်းထိုးသော ZhengTing ကြောင့် ပြန်ထိုင်လိုက်ရသည်။

"မင်း ငါ့ စာအုပ်တိုက်မှာ ဖင်ပူအောင်မထိုင်နိုင်ဘူးလား🙂"

"မဟုတ်ပါဘူးကွာ မင်းအလုပ်ရှုပ်နေမှာစိုးလို့.."

"အလုပ်ရှုပ်မှာစိုးရင် နောက်စာအုပ်တွေကျ dead line ကျမှ စာမူမပို့နဲ့လေ အဲ့တာဆို အလုပ်ရှုပ်သက်သာတာပေါ့"

ရန်တွေ့လာတဲ့ ZhengTing စကားကြောင့် ကော်ဖီခွက်ကို မော့သောက်ပြီး ငြိမ်နေလိုက်ရသည်။

"ဒါနဲ့ မင်း ဟိုကောင်လေးကို ခုထိ ရှာနေတုန်းလား"

ရုတ်တရက်ကြီး ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်သည့် အမေးဆိုပေမယ့်လည်း အဖြေက သူ့မှာအမြဲအသင့်ရှိ
နေပြီးသားဖြစ်သည်။လွန်ခဲ့သော သုံးနှစ်က မေမေ အတင်းတိုက်တွန်းလို့ အိမ်ထောင်ဖက်သွားတွေ့သည့်နေ့က အိမ်ကို Nong Nong ရောက်လာခဲ့သည်ကို မေမေပြန်ပြောမှသိရသည်။

တကယ်ဆို ညီလေးတစ်ယောက်လို ချစ်သည့် ကလေးတစ်ယောက်အတွက် သည်လို ခံစားရသည်မှာ ဖြစ်သင့်လားမသိပေမယ့် သူအိမ်ထောင်ဖက် သွားတွေ့သည့် ကိစ္စကို Nong Nong တစ်မျိုးထင်မည်ကို ဘာကြောင့် စိုးရိမ်မိသလဲသူမသိ။

ထိုကြောင့် ချက်ချင်း Nong Nong အဆောင်ကို အပြေးသွားတော့ အမောဆို့စရာ သတင်းကစောင့်နေသည်။
Nong Nong တစ်ယောက် ကျောင်းနားခွင့်တင်ပြီး အဆောင်ကပါ ထွက်သွားသည်တဲ့။ သူ့အမေ အန်တီချန့်တို့ကို ph ဆက်ပြန်တော့လည်း သူ ph ဆက်မှ Nong Nong အကြောင်းကို သိကြကာ စိတ်ပူပြီး Beijing ကို လိုက်လာကြတော့သည်။
ရက်အနည်းငယ်ရှာဖွေပြီးသည်အထိ မတွေ့သောအခါ အန်တီချန်တို့က နယ်က အိမ်မှာ ပြန်စောင့်ခိုင်းပြီး Beijing မှာ ရှာရန်ကိစ္စကိုတော့ သူကတာဝန်ယူလိုက်သည်။

ကိုကိုWhere stories live. Discover now