အပိုင်း-၂:အမှုသစ်လက်ခံရရှိခြင်း
အဖွဲ့ဝင်တွေကိုမိတ်ဆက်ပေးပြီး
သူတို့နဲ့သက်ဆိုင်တဲ့တာဝန်တွေကို
ရှင်းပြပေးပြီးနောက် အစည်းအဝေးဟာ
ကောင်းကောင်းမွန်မွန်ဘဲပြီးဆုံးသွားခဲ့တယ်။
အဲ့နောက်တော့ ရဲချုပ်ပေါင်ကျန်းဟာ
ပိုင်ယွီထန်ကိုမှုခင်းအချက်အလက်တွေပါဝင်တဲ့
အမှုဖိုင်တွဲခပ်ထူထူတစ်ခုကိုပေးလိုက်တယ်။" ဒါတွေအကုန်လုံးက ဆယ်နှစ်အတွင်းမှာ
မဖြေရှင်းနိုင်ခဲ့တဲ့အရေးကြီးအမှုတွေဘဲ။
အဲ့ဒီ့လူဆိုးကောင်တွေမသေခင် သူတို့ကို
ထောင်ထဲထည့်နိုင်အောင်လုပ်ကြ "ပြောပြီးတာနဲ့သူဟာထွက်သွားဖို့ပြင်တယ်။
မထွက်သွားခင်မှာတော့ ပိုင်ယွီထန်နဲ့
ကျန်ကျောက်အား အဓိပ္ပါယ်ပါတဲ့
အကြည့်မျိုးနဲ့စူးစိုက်ကြည့်လိုက်တယ်။" မင်းတို့နှစ်ယောက်ရန်ဘဲဖြစ်မနေကြနဲ့
အတူတူပူးပေါင်းဆောင်ရွက်တာကိုဘဲ
ငါလိုချင်တယ် "ထို့သို့ပြောပြီးတာနဲ့ထွက်သွားတဲ့
ရဲချုပ်ပေါင်ကျန်းနောက်မှာတော့ ပိုင်ယွီထန်နဲ့
ကျန်ကျောက်ဟာ မအူမလည်ပုံစံနဲ့
မသိချင်ယောင်ဆောင်နေကြလေရဲ့။ရဲချုပ်ပေါင်ကျန်းထွက်သွားပြီးနောက်မှာတော့
သူတို့ပတ်ဝန်းကျင်အခြေအနေကအနဲငယ်
သာသာယာယာဖြစ်သွားသလိုပါဘဲ။
အကုန်လုံးကရင်းနှီးမှုရှိပြီးသားလူတွေဘဲမို့
အလုပ်စလုပ်ဖို့စကားလေး အနဲငယ်
ပြောလိုက်ရင်အဆင်ပြေပြီဘဲဖြစ်သည်။ပိုင်ယွီထန်ဟာသူ့ရဲ့လက်ကိုအသာဝှေ့ယမ်းရင်း
အကုန်လုံးရဲ့အာရုံစိုက်မှုကိုယူလိုက်တယ်။
ထို့နောက်တော့သူဟာစတင်အမိန့်ပေးတယ်။" အရင်ဆုံးဒါတွေကိုသေချာစီစဉ်ထားလိုက်ကြ
နောက်နာရီဝက်နေရင်အစည်းအဝေးခန်းမှာ
တွေ့ကြမယ် "အဲ့နောက်တော့ကျန်ကျောက်က ပိုင်ယွီထန်အား
ရုံးခန်းဆီသွားမယ်ဆိုတဲ့အဓိပ္ပါယ်ပါတဲ့
အကြည့်တစ်ချက်ကိုပေးလိုက်တယ်။ထို့နောက်
နှစ်ယောက်သားဟာရုံးခန်းထဲဝင်သွားကြတယ်။
YOU ARE READING
S.C.I Mystery Special Criminal Investigation(Myanmar Translation)
AcciónS.C.Iဆိုတဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စိတ္တဆန်ဆန်လှုသတ်မှုတွေအကြောင်း...... Original Author-Er ya #Translate_By_Me