Part - 1(Zawgyi+Unicode)

704 50 1
                                    

(Zawgyi)

နေ့လယ်​ ၁ နာရီ ဆိုးလ်​မြို့အ​ခြေစိုက်​ရဲစခန်း

"အဖွဲ့မှူး အ​ရေးကြီးအမှုတစ်​ခု အခုပဲရတယ်​ခင်​ဗျ"

စခန်းအဖွဲ့မှူး ​Park Song Min ဆီသို့ အငယ်​တန်းစုံ​ထောက်​​လေး၏ အ​ကြောင်းကြားသံ

"ဘာအမှုလဲ"

------------------------------------------------------

တိတ်ဆိတ်​နေ​သော အမှုစစ်​အခန်းထဲရှိ စားပွဲခုံတွင်​ စကားမ​ပြောဘဲ မျက်​နှာချင်းဆိုင်​ထိုင်​​​နေသည့်​ လူနှစ်​​ယောက်
Song Min နှင့်​ မိန်းက​လေးတစ်​​ယောက်

အခန်း၏မှန်​ချပ်​ခြားထား​သော အပြင်​ဘက်​အခန်းတွင်​​တော့ သူတို့နှစ်​ဦးကို စခန်းမှူးနှင့်​အခြားစုံ​ထောက်​များက 
စောင့်​ကြည့်​​နေ​သည်​။

"သူက ဘယ်​က​ရောက်​လာတာလဲ"

စခန်းမှူးက စကားစလိုက်​​တော့ ခုနကအငယ်​တန်းစုံ​ထောက်​ကစပြီး​တော့...

"သူက မြို့စွန်​ဘက်​က အ​ရေး​ပေါ်ကယ်​ဆယ်​​ရေးစခန်းကို​ရောက်​လာတာတဲ့ခင်​ဗျ အာ့နဲ့အနီးစပ်​ဆုံးမြို့နယ်​ရဲစခန်းကို သူတို့ပို့​ပေးပြီး အဲ့ဒီက​နေ ကျွန်​​တော်​တို့စခန်းကို ပြန်​လွှဲ​ပေးတာပါ"

သူ​ပြောသည်​ကို စခန်းမှူးက ​ခေါင်းသာငြိမ့်​ပြီး အခန်းထဲကိုသာ စူးစိုက်​ကြည့်​​နေသည်​။

အခန်းထဲတွင်​​တော့ Song Min က မိန်းက​လေးကို အကဲခတ်​​​နေသည်​။အ၀တ်​အစားက ကိုယ်​လုံးလုံရုံ​လောက်​သာရှိပြီး ပြဲရွဲ​နေသည်​။တစ်​ကိုယ်​လုံးဒဏ်​ရာဒဏ်​ချက်​​တွေနှင့်​ မျက်​လုံးကလည်း ဂနာမငြိမ်​ တစ်​ခုခုကိုတုန်​လှုပ်​​နေပုံ

ဒါ​ပေမဲ့လည်း အချိန်​မ​ပေးနိုင်​ Song min ဘက်​ကစကားစလိုက်​သည်​။

"မိန်းက​လေး မင်း ဘာ​တွေဖြစ်​လာတာလဲဆိုတာ အ​သေးစိတ်​​ပြောပြနိုင်​မလား"

သူ​မေးလိုက်​သည်​ကို ဘာမှမ​ပြောဘဲ သူ့ကိုသာပြူးပြဲကြည့်​​နေသည်​။
"ဟို...ဟို​လေ ကျွန်​မ ​ကြောက်​တယ်​"

Crime:The Rise of LoveWhere stories live. Discover now