~ Unicode ~" လပြည့်ညတောင် ရောက်လာပြန်ပြီ "
မှောင်ရိပ်တစ်နေရာ၌ အသံနက်နက်တစ်ခု ပြောခဲ့သည်။
----- Moonlight Blood -----
ညသန်းခေါင်ယံ လပြည့်ချိန်၌ ဝံပုလွေအုပ်စုလိုက်သည် ဆူညံညံအူနေကြလေ၏။
တောကြီးနက်မည်းထဲရှိ မြက်ပင်ရိုင်းများကြားတွင်မူ မိန်းကလေးတစ်ယောက်က အမောတကောပြေးလွှားနေသည်။ သူမက အကြောက်တရားများစွာဖြင့် ပြေးနေခဲ့၍ သူမနောက်ကနေ တစ်စုံတစ်ရာလိုက်လာမလားဟူသော စိုးရိမ်စိတ်တွေကလည်း သူမအား လွှမ်းမိုးနေလျက်။
သူမ၏အနက်ရောင်ဂါဝန်အား မနိုင်မနင်းသယ်ကာ ခြေဦးတည့်ရာသို့ ခွန်အားရှိသလောက် အရှိန်ဟုန်ပြေးနေခဲ့သည်။ အသက်ပင် ဝဝလင်လင်မရှူနိုင်။
ထိုကဲ့သို့ အမောတကော ပြေးလာနေစဉ် သင်္ချိုင်းကုန်းများရှိရာသို့ ရောက်လာခဲ့သည်။
အုတ်ဂူများအား ကျော်ဖြတ်ကာ လွတ်ရာကျွတ်ရာသို့ ပြေးမြဲပြေးနေသည်။
သင်္ချိုင်းကုန်းအတွင်းရှိ နှစ်ရာကျော်ကုက္ကိုပင်ကြီးများ၏ သစ်ကိုင်းထက်တွင် လင်းနို့များ ၊ လင်းဆွဲများနှင့် ဇီးကွက်များ အိပ်တန်းတက်နေကြသည်။
၎င်းတို့၏မျက်လုံးများစွာသည်လည်း ထိုပြေးနေသောကောင်မလေးသို့ ကြည့်နေကြသည်မှာ ညအမှောင်ထဲတွင် လွန်စွာတောက်ပလျက်ရှိသည်။
အဆက်မပြတ်ပြေးနေရာမှ ၎င်းသင်္ချိုင်းကုန်းအား ကျော်လွန်လာပြီးနောက် ရုတ်တရက် အမဲလိုက်မုဆိုးများ သားကောင်ဖမ်းရာတွင် အသုံးပြုသော ချွန်ထက်သည့်ခွေးသွားစိပ်များပါသော ထောင်ချောက်တွင် ဘယ်ဘယ်ခြေထောက်မှာ ပြတ်ထွက်မတတ်ဖြစ်လုနီးပါးထိ ထောင်ချောက်မိလေတော့သည်။
ထိုသို့ထောင်ချောက်မိလျှင်မိချင်း သူမ၏ဘယ်ခြေထောက်သည် သွေးများစီးကျလာလျက် အနာကျင်ဆုံးဝေဒနာနှင့်အတူ မိန်းမပျိုလေးမှာ စူးရှကျယ်လောင်စွာအော်မိသည်။
သူမ၏အောက်နူတ်ခမ်းသားတို့အား နာကျင်မှုနှင့်အတူ အံကြိတ်ကာ၊ နာကျင်မှုနှင့်အတူပင် ငိုကြွေးနေမိသည်။
YOU ARE READING
Moonlight Blood
VampireUnder the moonlight, there was a romantic love story between a lady and a lonesome vampire. You can read this fiction in Zawgyi and unicode. Date - 24 April 2019