Synopsis

1.7K 114 2
                                    

ေျခာက္ျခားဖြယ္အေငြ႔အသက္မ်ားႏွင့္ နိဗၺာန္ယာဥ္တစ္စင္းက တံခါးမႀကီးေ႐ွ႕တြင္ ျဖည္းညင္းစြာရပ္တန္႔သြားသည္။ ေခါင္မိုးေပၚမွ ေက်ာက္စရစ္ခဲတို႔ ပြတ္တိုက္သံကို ၾကားေနရသည္။ စၾကၤန္တစ္ေလ်ွာက္လွမ္းလာေသာ ေျခသံမ်ားအရ ေဘးခန္းတြင္ လူတစ္ေယာက္႐ွိေနပံုပင္။ အခန္းတံခါးလက္ကိုင္ဘုမွာ သံေခ်းအနည္းငယ္တက္ေနၿပီး ေရခ်ိဳးခန္းထဲမွ ေရပိုက္ေခါင္းက တင္းၾကပ္စြာ လွည့္ပိတ္ထားသည့္တိုင္ေအာင္ ေရမ်ားက်ေနဆဲပင္။ ခုတင္ေအာက္တြင္ သူ႔ဘာသာ အလိုလို လိမ့္ေနေသာ ေဘာလံုးတစ္လံုး႐ွိေနၿပီး ေရစိုေျခရာမ်ားက ၾကမ္းျပင္ေပၚတြင္ ဟိုတစ္ကြက္ဒီတစ္ကြက္ေပၚလာသည္။
မနက္သံုးနာရီအခ်ိန္တြင္ Chen Geတစ္ေယာက္ သားလွီးဓားတစ္ေခ်ာင္းကို လက္မွကိုင္ကာ အခန္းအပူေပးစက္ေဘးတြင္ပုန္းေနခဲ့သည္။ သူဆက္တိုက္ေခၚေနခဲ့ေသာဖုန္းကို ေနာက္ဆံုးေတာ့ တစ္ဖက္က ကိုင္ခဲ့ၿပီ။
"ခင္ဗ်ားေျပာခ်င္တာ ဒါလား။ အိမ္တစ္အိမ္က ညဘက္ေတြမွာ ပိုၿပီး စည္ကားတယ္ဆိုတာေလ။"

T/N ဒီficေလးကို မစခင္မွာ ကၽြန္ေတာ္နည္းနည္းေလးၾကိဳျပီးေျပာျပခ်င္ပါတယ္

ဒီficေလးက ကစားကြင္းမွာရွိတဲ့ သရဲအိမ္ကစားကြင္းေလးတစ္ခုကို အေျခခံထားပါတယ္။ သရဲအိမ္ရဲ႔ ပိုင္ရွင္ Chen Geက ဖုန္းတစ္လံုးကို ရရွိခဲ့ျပီး အဲ့ထဲမွာပါတဲ့ Game applicationက ခိုင္းတဲ့ Missionေတြကို လိုက္ျပီး လုပ္ေဆာင္ရမွာပါ။ Missionတစ္ခုျပီးတိုင္း rewardေတြရမွာျဖစ္ပါတယ္။  သူက Missionေတြကို completeျဖစ္ေအာင္လုပ္ျပီး အခန္းသစ္ေတြလိုက္ဖြင့္ရမွာမ်ိဳးပါ။ ဒါ့အျပင္ အခန္းတစ္ခန္းဆီမွာလည္း ေၾကာက္စရာေကာင္းမႈေတြကို Star ratingေတြသံုးျပီးေဖာ္ျပထားပါတယ္။ ဒီဂိမ္းေလးရဲ႔ ထူးျခားခ်က္ကေတာ့ Chen Geက ဖုန္းထဲမွာ အခန္းတစ္ခန္းကို Unlockလုပ္နိုင္လိုက္တာနဲ့ အျပင္မွာရွိတဲ့ သူ႔ရဲ႕ သရဲအိမ္မွာပါ အခန္းတစ္ခန္းတိုးလာမွာမ်ိဳးပါ။

ဒီဂိမ္းရဲ႔ပံုစံကေတာ့ Homescape, Gardenscape, Matching mansionsတို႔နဲ႔ ပံုစံဆင္တူပါတယ္။

ကၽြန္ေတာ္တို႔ရဲ႔ MC Chen Geတစ္ေယာက္ ဒီဂိမ္းေလးကို ဘယ္လိုေဆာ့မလဲကိုေတာ့ ေနာက္အပိုင္းေလးေတြမွာ ဆက္လက္ရႈစားလိုက္ၾကရေအာင္လားဗ်ာ။

Original Author- I Fix Air-Conditioner
I am a fan translator and I do not own the story.
Give credit to all media contents.

ခြောက်ခြားဖွယ်အငွေ့အသက်များနှင့် နိဗ္ဗာန်ယာဉ်တစ်စင်းက တံခါးမကြီးရှေ့တွင် ဖြည်းညင်းစွာရပ်တန့်သွားသည်။ ခေါင်မိုးပေါ်မှ ကျောက်စရစ်ခဲတို့ ပွတ်တိုက်သံကို ကြားနေရသည်။ စင်္ကြန်တစ်လျှောက်လှမ်းလာသော ခြေသံများအရ ဘေးခန်းတွင် လူတစ်ယောက်ရှိနေပုံပင်။ အခန်းတံခါးလက်ကိုင်ဘုမှာ သံချေးအနည်းငယ်တက်နေပြီး ရေချိုးခန်းထဲမှ ရေပိုက်ခေါင်းက တင်းကြပ်စွာ လှည့်ပိတ်ထားသည့်တိုင်အောင် ရေများကျနေဆဲပင်။ ခုတင်အောက်တွင် သူ့ဘာသာ အလိုလို လိမ့်နေသော ဘောလုံးတစ်လုံးရှိနေပြီး ရေစိုခြေရာများက ကြမ်းပြင်ပေါ်တွင် ဟိုတစ်ကွက်ဒီတစ်ကွက်ပေါ်လာသည်။
မနက်သုံးနာရီအချိန်တွင် Chen Geတစ်ယောက် သားလှီးဓားတစ်ချောင်းကို လက်မှကိုင်ကာ အခန်းအပူပေးစက်ဘေးတွင်ပုန်းနေခဲ့သည်။ သူဆက်တိုက်ခေါ်နေခဲ့သောဖုန်းကို နောက်ဆုံးတော့ တစ်ဖက်က ကိုင်ခဲ့ပြီ။
"ခင်ဗျားပြောချင်တာ ဒါလား။ အိမ်တစ်အိမ်က ညဘက်တွေမှာ ပိုပြီး စည်ကားတယ်ဆိုတာလေ။"

T/N ဒီficလေးကို မစခင်မှာ ကျွန်တော်နည်းနည်းလေးကြိုပြီးပြောပြချင်ပါတယ်

ဒီficလေးက ကစားကွင်းမှာရှိတဲ့ သရဲအိမ်ကစားကွင်းလေးတစ်ခုကို အခြေခံထားပါတယ်။ သရဲအိမ်ရဲ့ ပိုင်ရှင် Chen Geက ဖုန်းတစ်လုံးကို ရရှိခဲ့ပြီး အဲ့ထဲမှာပါတဲ့ Game applicationက ခိုင်းတဲ့ Missionတွေကို လိုက်ပြီး လုပ်ဆောင်ရမှာပါ။ Missionတစ်ခုပြီးတိုင်း rewardတွေရမှာဖြစ်ပါတယ်။ သူက Missionတွေကို completeဖြစ်အောင်လုပ်ပြီး အခန်းသစ်တွေလိုက်ဖွင့်ရမှာမျိုးပါ။ ဒါ့အပြင် အခန်းတစ်ခန်းဆီမှာလည်း ကြောက်စရာကောင်းမှုတွေကို Star ratingတွေသုံးပြီးဖော်ပြထားပါတယ်။ ဒီဂိမ်းလေးရဲ့ ထူးခြားချက်ကတော့ Chen Geက ဖုန်းထဲမှာ အခန်းတစ်ခန်းကို Unlockလုပ်နိုင်လိုက်တာနဲ့ အပြင်မှာရှိတဲ့ သူ့ရဲ့ သရဲအိမ်မှာပါ အခန်းတစ်ခန်းတိုးလာမှာမျိုးပါ။

ဒီဂိမ်းရဲ့ပုံစံကတော့ Homescape, Gardenscape, Matching mansionsတို့နဲ့ ပုံစံဆင်တူပါတယ်။

ကျွန်တော်တို့ရဲ့ MC Chen Geတစ်ယောက် ဒီဂိမ်းလေးကို ဘယ်လိုဆော့မလဲကိုတော့ နောက်အပိုင်းလေးတွေမှာ ဆက်လက်ရှုစားလိုက်ကြရအောင်လားဗျာ။

Original Author- I Fix Air-Conditioner
I am a fan translator and I do not own the story.
Give credit to all media contents.

My Haunted House (Myanmar Translation)Where stories live. Discover now