CHAPTER ONE

949 82 4
                                    

တွေ့ ဆုံမှုတွေဟာ ဘယ်လောက်ထိဆန်းပြားနိုင်မလဲ။ အချစ်ဇာတ်လမ်းတွေထဲက မင်းသားနဲ့  မင်းသမီးတွေတွေ့ ကြသလို romaticဆန်ဆန်ဖြစ်နိုင်မလား။
ဒီဇာတ်လမ်းကတော့ သိပ်romatic ဆန်လှမယ်မထင်ဘူး။ တစ်ခါတစ်လေတော့လည်းromatic
မဆန်ခြင်းတွေကပဲ ချစ်ခြင်းတွေစတင်ဖို့  အကောင်းဆုံးတွေ့ ဆုံမှုဖြစ်နိုင်တယ်လေ။

......

နွေဦးရာသီမို့ပန်းမျိုးစုံသည် ကိုရီးယားနိုင်ငံတစ်ခွင်အစွမ်းကုန်ပွင့်လန်းလျက်ရှိသည်။သာယာသောရာသီဥတုတွင် အပန်းဖြေခရီးသွားကြသူများ၊ ပျော်ပွဲစားထွက်ကြသူများ၊ ဟိုဟိုဒီဒီ ဆိုးလ်မြို့တစ်ခွင်လျှောက်သွာကြသူများတွင် Kim Jonginဟူသောလူသားမပါဝင်ခဲ့။ သူ့အတွက်နိဗ္ဗာန်ဘုံသည် အများသူငှာတွေလို ပျော်ရွှင်စရာကောင်းလှသည့်ကစားကွင်း
ကြီးတွေမဟုတ်။ သာယာလှပါသည့်ဆိုသည့် ကမ္ဘာ့ထိပ်တန်းအပန်းဖြေကမ်းခြေတွေ၊ လူအများစိတ်ဝင်စားခြင်းခံရသော
နာမည်ကျော်အစားအသောက်တို့ရှိရာ
ဒေသတွေလည်းမဟုတ်။ Kim Jonginဆိုသောလူသားအတွက်တစ်ခု
တည်းသော နိဗ္ဗာန်ဘုံသည် ဒိုဘုံရပ်ကွက်၊ မြောင်ဒုံလမ်းသွယ်ရှိ ၃ထပ်မြင့်သောတိုက်ခန်း၏ တတိယအထပ်တွင်ရှိသော"Mr.Kim's Home Sweet Home" ပင်ဖြစ်သည်။ Jongin သည် လည်ရပက်ရသည်ကိုသိပ်စိတ်မဝင်စားချေ။အိမ်ရှိ ဆိုဖာခုံကြီးပေါ်တွင်လှဲ TVကြည့်ရသည်ကိုနှစ်ခြိုက်သည်။အိပ်နေရသည်ကိုသဘောတွေ့သည်။တစ်ခါတစ်ရံ ဝရန်တာတွင်ထိုင်ပြီး လမ်းသွားလမ်းလာများငေးကြည့်နေရသည်မှာ စိတ်ဝင်စားစရာတစ်ခုလိုပင်။ အထူးသဖြင့် နှောင့်ယှက်မည့်သူမရှိ မိမိလုပ်ချင်တာလုပ်နိုင်သည်။ မနေ့တစ်နေ့ကထိနှောင့်ယှက် နေသော
Chanyeol တစ်ယောက်သူ့ အချစ်ဆုံးအဘွားနေမကောင်းဖြစ်နေသော
ကြောင့်ဆေးကုရန် U.Sသို့ခတ္တလိုက်သွားသောကြောင့် Jongin အားလပ်ရက်များသည် လွတ်လွတ်လပ်လပ်ရှိတော့မည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။

Jonginနေထိုင်ရာ ဤတိုက်ခန်းသည်၃ထပ်တိုက်ဟုခေါ်သော်လည်း တိုက်ခန်းကြီးလုံးလုံးမဟုတ်။ ဥရောပဆန်သောအငွေ့အသက်များနှင့် အထပ်မြင့်သောအိမ်တစ်လုံးနှင့်ပို၍ဆင်သည်။ ကိုရီးယားအိမ်တွေ၊ တိုက်ခန်းတွေ ကြားမှာ Jonginတို့နေထိုင်ရာအိမ်သည်ထီးထီးကြီး ဖြစ်နေသည်။ အပေါ်သို့ တက်ရန်လှေကားများသည် အိမ်အပြင်ဘက်တွင် တည်ရှိသည်။ Kim Jonginနေထိုင်ရာတတိယထပ်၏ အပေါ်တွင်ခေါင်မိုးထပ်လေးတစ်ခုရှိသေးသည်။ အောက်ဆုံးထပ်တွင် အိမ်ရှင်အဘွား နေထိုင်သည်။ အိမ်ရှင်အဘွားသည် လူမလာသော စာအုပ်ဆိုင်ကိုလည်းဖွင့်ထားသည်။ စာအုပ်ဆိုင်သည် ဖုန်အလိမ်းလိမ်းတက်ကာ ဆိုင်၏ ရုပ်လုံးပင်မပေါ်တော့ခြင်းကြောင့် လူမလာခြင်း ဖြစ်နိုင်သည်။ အဘွားသည် ဖုန့်မှုန့်တွေနေထိုင်ရခြင်းကို ကြိုက်နှစ်သက်၍လား၊ အသက်ကြီး၍ သန့်ရှင်းရေးမလုပ်နိုင်တော့၍လား မသိ၊ သန့်ရှင်းရေးဘယ်သောအခါမှ မလုပ်ပါချေ။ ထို့အပြင် ထူးဆန်းသောစာအုပ်များနှင့်ပြည့်နှက်ကာ ကျောချမ်းမှုကိုခံစားရသောကြောင့် လူမလာခြင်းလည်း ဖြစ်နိုင်သည်။ အဘွား၏စာအုပ်ဆိုင်သည် လူလုံးလုံးမလာတာတော့မဟုတ်။ မြေအောက်ခန်းမှာနေထိုင်သည့် Byun Baekhyunဟူသော စာအုပ်ထုတ်နိုင်ဖို့နှစ်ပေါင်းများစွာကြိုးစားနေသည့် စာရေးဆရာ မဖြစ်သေးသော ကြောင်တောင်တောင်စာရေးဆရာနှင့် ဒုတိယထပ်တွင်ရှိသော Galaxyအကြောင်းလေ့လာနေသည့် သိပံ္ပပညာရှင်ယောင်ယောင် နက္ခပညာရှင်ယောင်ယောင် Wu Yi Fanဟူသောတရုတ်တို့သည်ပုံမှန်ဖောက်သည်သာဖြစ်သည်။
'ထူးဆန်းသော စာအုပ်ဆိုင်နှင့် ရူးကြောင်ကြောင်လူတွေ' ၊ သိပ်လိုက်ဖက်ပါပေ၏။

You've reached the end of published parts.

⏰ Last updated: Apr 26, 2019 ⏰

Add this story to your Library to get notified about new parts!

Bad CatWhere stories live. Discover now