Confession

23 4 0
                                    

1ST July တဲ့

ဇူလိုင်လ၏ ပထမဆုံးရက်လေးပေါ့ အချိန်က မနက်ခုနှစ်နာရီခွဲခန့် .........

မိုးရွာပြီးစကောင်းကင်ကြီးက အုံ့မှိုင်းလျက် အေးစိမ့်စိမ့် အငွေ့အသက်များက မနက်ခင်းကိုပို၍ အေးချမ်းနေစေသယောင်၊ စိမ်းစိုစို အပင်များက ကားစီးလာရာ လမ်းတစ်လျောက် မြင်ကွင်း တွင် တရိပ်ရိပ်နှင့်ဖြတ်ပြေးနေတော့သည်။

" ငါ ဒီနေ့ crush လေးကိုဖွင့်ပြောမယ်ကွာ ...."

" ဟင် မင်းက ချက်ချင်းဖွင့်ပြောရလောက်တဲ့အထိ ဘယ်တုန်းကသူနဲ့ ရင်းနှီးသွားတာလဲ ....."

" အဟီး မင်းကိုမပြောပြဖြစ်သေးတာကွ ၊ ပြီးခဲ့တဲ့တပါတ် အင်္ဂါနေ့ က မိုးတွေရွာတယ်လေ ၊ ငါတို့ အဆောင်ရှေ့မှာ သူ တစ်ယောက်တည်း ထီးမပါလာတာထင်တယ် ၊ သူ့သူငယ်ချင်းတွေကို ဖုန်းနဲ့ လှမ်းပြောနေတာ ၊ အဲ့ဒီအချိန်မှာ ငါလည်း ....."

နောက်ခုံမှကောင်ကလေးနှစ်ယောက်၏ခပ်အုပ်အုပ်စကားပြောနေသံတစ်ချို့ကသီချင်း နားထောင်နေသောနားကြပ်အတွင်းသို့ဖြတ်ကာဝင်ရောက်လာသည်။ကားစီးနေစဉ်သီချင်းသံကိုကျယ်ကျယ် နားထောင်လေ့မရှိသောအကျင့်ကခိုးနားထောင်သလိုများဖြစ်သွားသလားဆိုပြီးတွေးရင်းမလုံမလဲဖြစ်မိလိုက် သေးသည် ။

ထိုစဉ်မှတ်တိုင်တစ်ခုကိုအရောက်ကားစောင့်နေသူများကြားမှ အလွတ်ရနေသော ပုံရိပ်ကလေးက အေးချမ်းနေသောနှလုံးသားကို အပြေးလေး ဝင်ဆောင့်တော့သည်။ဘေးနားရှိသူငယ်ချင်းနှစ်ယောက် နှင့် တွန်းတိုက်ရယ်မောရင်း စကားပြောနေ သူ သည် ကျောင်းသားများ အလုအယက်တက်နေကြသော ကားပေါ်ကို တက်ရန် စိတ်ကူးရှိပုံ မပေါ်ပေ။ ရေငွေ့ရိုက်နေသော ကားမှန်ထက် လှမ်းမြင်နေရသော ပုံရိပ်ကလေးကို လက်ညိုးကလေးဖြင့် မထင်မရှားဝိုင်းလျက် ပြုံးမိသည်။ ထိုခဏမှာပင် ပုံရိပ်ကလေးက ရုတ်တရက် ကားပေါ်သို့ ဖြတ်ခနဲ လှမ်းကြည့်သည်။ ကျင့်သားရနေသော ခန္ဓာကိုယ် က ဖြစ်ပေါ်နေကျ အသိနှင့်အတူ ချက်ချင်းမျက်နှာလွဲ မသိချင်ယောင်ဆောင်လိုက်နိုင်သည် ဆက်လက်ထွက်ခွာလာ သည့်ကားနှင့်အတူ နောက်ခုံမှ ကျောင်းသားနှစ်ယောက်၏ အသံကိုလည်း ကြားနေရသေးသည်။

ConfessionWhere stories live. Discover now