တောင်တန်းများရဲ့ တစ်နေရာကို လှမ်းကြည့်ရင်း မေ သက်ပြင်း ရှည်ကြီး ချရင်း အဲတစ်နေရာ မှာ မင်းလေးထပ်ရှိနေအုံးမလား ............
အတိတ် တစ်ခုကို တွေးရင် မျက်ရည်ဝဲနေမိသည်။ အတိတ် တစ်နေရာဆီသို့.......
လင်းလဲ့ - ထမင်းသွားစားကြမယ် မေ
မေ- အင်း သွားမယ်လေ
ဦးဇော်လင်း- သမီးမေ နဲ့ သမီး လင်းလဲ့ ခဏစကားပြောရအောင် ဆရာနဲ့
မေ- အော်ဟုတ်ဆရာ
ဆရာ- ထိုင် ဆရာပြောစရာရှိလို့၊ အဓိကက ဆွေးနွေးတာပေါ့နော် အထက်က အကြောင်းကြားစာ ရောက်လာလို့ ရုံးချုပ်က တိဘတ်ဘက်ကို တစ်ယောက်လိုက်သွားရမယ်။ သမီးတို့နှစ်ယောက်တည်းက တစ်ယောက်ပေါ့ ဆရာဆန္ဒအရဆိုရင် သမီးမေကို သွားစေချင်တယ်။ အဲက တောင်ပေါ်ဒေသနေ အရမ်းဆင်းရဲနွမ်းပါးတဲ့ ကျေးရွာလေးတွေကို ဆေးကုသ ရမယ် သမီး။
မေ- အော်ဟုတ်ဆရာ သမီးစိတ်ဝင်စားပါတေ
ဆရာ- နည်းနည်းတောင် ဂရုစိုက်ရမယ် လမ်းခရီးက ကြမ်းတယ်
လင်းလဲ့- ဆရာ မေ အဆင်ပြေပါ့မလား
မေ- ပြေမှာပါ စိတ်မပူပါနဲ့
ဆရာ- အဲဆို ဆရာ အကြောင်းပြန်လိုက်မယ် သမီးလိုက်မယ့်ဟာကို အမေရိကန်က ဆရာဝန်နှစ်ယောက်ရောပါလိမ့်မယ်။
မေ- ဟုတ်ဆရာ
ဆရာ- ok သွားစားကြတော့ ဆရာemail ပို့လိုက်မယ်
လင်းလဲ့- ခွင့်ပြုပါအုံးဆရာ
လင်းလဲ့ နဲ့ မေ ရုံးခန်းမှထွက်လာကြသည်။ မေက အရပ်ရှည်ရှည်နဲ့ အသားဖြူဖြူ၊ ယောကျာ်းလေး ကဲ့သို့ လေးထောင့်ကျကျ မေးရိုးနဲ့ မျက်ခုံး နက်နက်လေးနဲ့ အလွန်ကြည့်ကောင်းလှသည်။ မိန်းကလေးတိုင်းကငေးရသည်သာမက ယောကျာ်းသားများက လည်း အလွန် လိုချင်တက်မက်ကြသည်။ ဒါပေမဲ့ မေစိတ်လှုပ်ရှားအောင်လုပ်နိုင်သူတစ်ဦးတစ်ယောက်မျှ အခုချိန်ထိမပေါ်သေး။ မေက မိဘ အသိုင်းအဝိုင်းက ချမ်းသာပေမဲ့ ဘဝကို စိတ်ကြိုက် အခြေခံကျကျ ဖြတ်သန်းနေရတာကြိုက်သည်။
လင်းလဲ့ကတော့ မေကို တစ်ဖက်သတ်စိတ်ဝင်စားနေသူ အလုပ်လည်းအတူလုပ်နေသလို ငယ်သူငယ်ချင်းလည်းဖြစ်တယ်။
လင်းလဲ့- မေ နင်မသွားပါနဲ့လား နင်အိမ်က သိရင်လည်း စိတ်ချမှာမဟုတ်ဘူး
မေ- ငါသွားချင်တယ် လင်း နောက်ပြီး အိမ်ကို လည်း အဲဘက်သွားမယ်ဆိုတာ ငါမပြောဘူး။ နင်လည်း မပြောပြပါနဲ့
လင်းလဲ့ - ဟယ် နင်ကလည်း ခရီးက ကြမ်းတယ်တဲ့နော် ငါလည်းစိတ်မချဘူး တစ်ခြားနေရာဆိုဘာမှမဖြစ်ဘူး
မေ- လင်း နင်တို့ ငါတို့က ဆရာဝန်တွေလေ ကြမ်းတာမကြမ်းတာကြည့်နေ ရင် လိုအပ်နေတဲ့ သူတွေကို ဘယ်လိုကယ်တင်မလဲ
လင်းလဲ့က သက်ပြင်းချရင်း မေကို တစ်ချက်ကြည့်ပြီး ထမင်းပဲစားနေလိုက်တော့တယ်။