Part (2)

281 24 4
                                    

Zawgyi

"Incheonက သိပ်အကျယ်ကြီးတော့လည်း မဟုတ်လှပါဘူး.. ကိုယ်​တို့ချင်း အခုမှဆုံဖြစ်ကြတာ အံ့သြဖို့တောင်ကောင်းတယ်."

"ကျွန်​တော်​ကမြို့ပေါ်မှာ သိပ်နေရတာမှ မဟုတ်တာ.. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ များသောအားဖြင့် ကျေးလက်တွေဘက်မှာပဲ နေရတာများတယ်လေ"

Jeonghanရဲ့စကားကြောင့် Mingyuက ခေါင်းကိုတစ်ချက်ဆတ်ခါ ငြိမ့်ပြလိုက်ပါသည်။ အဲ့လိုခေါင်းငြိမ့်တာလေးကအစ တည်ငြိမ်ကာ ကြည့်ကောင်းလွန်းနေသော ထိုသူကို Jeonghan စိတ်ထဲမှာ ဘာကိုမှန်းမသိ တစ်ခုခုကို မယုံချင်သလို ဖြစ်နေမိသည်။

သူနဲ့ Jeonghanတို့ ဆုံဖြစ်ကြပုံကတော့ ရိုးရိုးစင်းစင်းပါပဲ.. သူက Incheon မြို့လယ်ခေါင်မှာ လူနေအိမ်ခန်း ဆိုင်ခန်း ရုံးခန်းတွေပါသော အဆင့်မြင့်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်နေသော လုပ်ငန်းရှင်တစ်ယောက်ဖြစ်ကာ Jeonghanကတော့ NGO အဖွဲ့အစည်းတစ်ခုမှ လခစားဝန်ထမ်းတစ်ယောက်ဖြစ်ရာ မြို့ပေါ်မှာရော အနီးအနားကျေးလက်နှင့် သစ်တောဧရိယာတွေမှာပါ စက်ဘီးတစ်စီးနှင့် ချောင်းပေါက်အောင်လျှောက်သွားနေရသူ..

တစ်နေ့တော့ Jeonghanရဲ့စက်ဘီးလေး သူ့ရဲ့ဆောက်လက်စအဆောက်အဦးရှေ့ကအဖြတ် သူ့အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပေါ့ဆမှုကြောင့် ငြမ်းဆင်ထားသော သစ်သားချောင်းဟာ Jeonghanရဲ့ စက်ဘီးရှေ့သို့ ဖြောင်းခနဲ ပြုတ်ကျလာလေသည်။

စက်ဘီးရှေ့ကိုကျတာဖြစ်လို့ Jeonghanတစ်ယောက်လန့်ပြီး ဘရိတ်အုပ်လိုက်ရာ အရှိန်မထိန်းနိုင်ပဲ စက်ဘီးလဲကျလေတော့သည်။

"အား.. သေပါပြီ..!!"

Jeonghan အော်သံကြောင့် အဆောက်အဦးအတွင်းမှ ပြေးထွက်လာသောသူက အတင်းလူးလဲထဖို့ဟန်ပြင်နေသော Jeonghanရဲ့ ပုခုံးကိုထိန်းကိုင်လိုက်ရင်း..

"ဟေး.. မင်း အဆင်ပြေရဲ့လား..ကိုယ်တောင်းပန်.."

"ဒီမှာ!! ခင်ဗျားတို့ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ!! ဒီသစ်သားချောင်းကြီး ကျွန်တော့ပေါ်ပြုတ်ကျရင် မတော်တဆ သေနိုင်..!!"

Jeonghanလည်း လန့်တာရော ပြုတ်ကျသွားလို့ရှက်တာရော ရောပြီးအော်ဟစ်ရင်း ရုတ်တရက်မော့ကြည့်လိုက်ရာ သူ့အားငုံကြည့်နေသော Mingyuမျက်နှာနှင့်အလွန်နီးကပ်သွားပြီး ပြောလက်စစကားများပင်ရပ်တန့်သွားရသည်။

White String Between Us (Zawgyi+Unicode)Where stories live. Discover now