part 3

649 35 0
                                    

ရှိုင်း တစ်ယောက် shopping Mall သို့ရောက်လာသည်။
ရှိုင်း အန်တီမေ ကျောက်မျက်ရတနာ ဆိုင်ကို ဝင်လိုက်သည်။

ရှိုင်း - အန်တီမေ နေကောင်းလား

အန်တီမေ. - နေကောင်းပါတယ် ရှိုင်း

ရှိုင်း - အန်တီမေ Mom က သွားစားစရာရှိလို့ ဟိုတစ်ခေါက်က ကျန်ခဲ့တဲ့ လက်ဝတ်လက်စားလေး လာယူခိုင်းလို့

အန်တီမေ. - ဟုတ်တယ် ဟိုတစ်ခေါက်က ဝယ်ပြီး မေ့ကျန်ခဲ့တာတင်တယ် ။ အန်တီမေ သေချာသိမ်းထားတယ်

ရှိုင်း - ဟုတ် Mom လဲအသက်လေးရလာတော့ နည်းနည်းမေ့တတ်လာပြီလေ

အန်တီမေ. - ခဏနော် ရှိုင်း

အန်တီမေ လက်ဝတ်လက်စားများသွားယူပြီ ရှိုင်းဆီကိုပေးလိုက်သည်။

ရှိုင်း - ကျေးဇူးပါ အန်တီမေ
ရှိုင်းသွားလိုက်ဦးမယ်

အန်တီမေ - အေးအေး
ရှိုင်း'mom ကို လာလည်ပါဦးပြောပေးဦးနော်

ရှိုင်း - ဟုတ် အန်တီမေ ရှိုင်းအလုပ်လေးရှိသေးလို့.
သွားတော့မယ်နော်

ရှိုင်း အန်တီမေကို နှူတ်ဆက်ပြီး ဆိုင်ထဲကထွက်လာခဲ့သည်။
ရှိုင်း နေ့လည်စာ လဲမစားရသေးတာကြောင့် နီးစပ်ရာ season ဆိုင် ဘဲ သွားစားရန် ဆုံးဖြတ်ပြီး မုန့်ဆိုင်ကို ထွက်လာခဲ့သည်။

.........................❤❤❤..............................

At Season Bakery & Cafe,

စုလတ် - ဝတ်ရည် ဘာမှာပေးမလဲ ငါသွားယူပေးမယ်

ဝတ်ရည် - ငါမှာ ခြေထောက်တွေ လက်တွေပါတယ်
သစ် မုန့်သွားရွေး ရအောင်

ဝတ်ရည်ပြောပြီ စားပွဲမှ ထသွားသည်။

မေသစ်လွှာ - စုလတ် သစ် ဝတ်ရည်နဲ့ မုန့်လိုက်ရွေးလိုက်မယ်
နင်ရော ဘာမှာမလဲ သစ် ဘဲ ယူလာခဲ့ပေးမယ်

စုလတ် - ရတယ် ဘာမှမမှာတော့ပါဘူး
သစ် ငါ ခဏအပြင်သွားလိုက်ဦးမယ်

မေသစ်လွှာ - မြန်မြန် ပြန်လာခဲ့ဦး

စုလတ် ဆိုင်အပြင်ကိုထွက်လာခဲ့သည်။ စုလတ် shopping Mall ထဲ က အန်တီမေ ကျောက်မျက်ရတနာ ဆိုင်ကိုထွက်လာခဲ့သည်။

ရူးသွပ်ခြင်း (Falling in love)Where stories live. Discover now