Zawgyi
"မင်းအမေနဲ့ ငါတွေ့ခဲ့သေးတယ်."
ကိုကို့စကားကြောင့် ကျွန်တော်သူ့ကိုမော့ကြည့်မိသည်။
"သူ့ကိုမင်းပေးနေကျ တစ်လစာကို ကြုံတုန်းငါက ထုတ်ပေးလိုက်တာ.. မင်းအပြင်ထွက်ရ တစ်ခေါက်သက်သာလည်း နည်းလား.. မင်းအမေက ဘာစတန့်ထွင်တာလဲ မသိဘူး.. ပေးတဲ့ပိုက်ဆံကို မယူသွားဘူး. သူ့ဘေးမှာလည်း လူတစ်ယောက်နဲ့။ ပုံစံကတော့ ငါသဘောမကျဘူး."
ကျွန်တော် သက်ပြင်းသာခိုးချမိသည်။ မေမေနဲ့တွေ့ရင် နင့်ကြောင့်..နင့်ကြောင့်..ဆိုတဲ့စကားကို ကြားရဦးမလားမသိ.. ကိုကို့ရဲ့ထောက်ပံ့မှုကို မဖြစ်စလောက်ဟု ထင်နေသော မေမေက ကျွန်တော့ဆီက တဆင့်မဟုတ်ပဲ ကိုကို့ဆီကတိုက်ရိုက်ရသော ထိုငွေကိုနှစ်သက်လက်ခံမှာ မဟုတ်မှန်း အသေအချာပင်..
ပြီးတော့ ဘေးမှာလည်း သူစိမ်းတစ်ယောက်နဲ့တဲ့.. အဲ့တော့ ပိုဆိုးပြီပေါ့ ကိုကိုရယ်.. နှစ်ယောက်ထဲဆိုရင်တောင် တစ်မျိုးလေ.. အခုကျတော့ သူစိမ်းရှေ့မှာဆိုတော့..
ကျွန်တော် စိတ်ထဲကနေပြောနေမိပေမဲ့ အပြင်မှာထုတ်ပြောပြန်ရင် သူ့ကိုပြန်ပြောရကောင်းလားလို့ ကိုကိုစိတ်ဆိုးမှာစိုး၍ တမင်ပဲနှုတ်ဆိတ်ပြီး မျက်နှာသေလေးနှင့် နေနေမိသည်။ ကိုကိုက ကျွန်တော့ပုံစံကို မျက်မှောင်ကုတ်လျက် ကြည့်ကာ..
"မင်းရဲ့ အဲ့ဒီမထုံတက်တေး မျက်နှာပေးကို ငါသိပ်အသည်းယားတာပဲ. အသည်းယားတယ်ဆိုလို့ ချစ်စနိုးလေးပြောနေတယ်လို့ မထင်လိုက်နဲ့ဦး.. အမြင်ကတ်လို့ပြောတာ. ငိုချင်ငို မဲ့ချင်မဲ့ ရယ်ချင်ရယ်ပေါ့.. အခုတော့ကွာ.. ငါ့မှာမင်းကြောင့် ပါးစပ်ထဲလက်ထည့်ပြီး ကုတ်လို့လည်းမရ. ခံရခက်လိုက်တာ Jeon Wonwooရယ်.!"
ကိုကိုကခပ်ငေါက်ငေါက်လေးပြောတော့ ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ တကယ်ဆို ကိုကိုပြောသလို ငိုနေမဲ့နေပြန်ရင်လည်း "မင်းကြောင့် ငါ့အိမ်မှာ ကျက်သရေတုံးလိုက်တာကွာ" လို့ ကိုကိုကပြောဦးမှာ မဟုတ်လား..
"မင်းပုံစံက စက်ရုပ်တစ်ရုပ်နဲ့တူနေပြီ. အဲ့ဒါကိုလည်း ပြင်ဦး. စက်ရုပ်တစ်ရုပ်နဲ့ အတူနေရတာကို ဘယ်သူမှ ကြာရှည်စိတ်ရှည်မှာ မဟုတ်ဘူး Jeon Wonwoo."
YOU ARE READING
White String Between Us (Zawgyi+Unicode)
Fanfiction"မင်းပုံစံက စက်ရုပ်တစ်ရုပ်နဲ့တူနေတယ်။ စက်ရုပ်တစ်ရုပ်နဲ့ အတူနေရတာကို ဘယ်သူမှ ကြာရှည်စိတ်ရှည်မှာ မဟုတ်ဘူး။" -Kim Mingyu "ဝါသနာမပါပဲ အချိန်ကုန်အောင် ကြိတ်မှိတ်လုပ်နေရတဲ့ အလုပ်တွေကြားမှာ ကြာလာတော့ ကိုကိုမုန်းတဲ့ စက်ရုပ်ကြ...