The Last

954 119 10
                                    

The last day

Perth က saintရဲ့အိမ်​ရှေ့ကိုစောရောက်​နေသည်​ ကားထဲကနေsaintကိုစောင့်​နေလိုက်​သည်​ ခဏအကြာsaintရောက်​လာသည်

saint - ဘယ်​သွားမှာလဲ

perthက saintရဲ့လက်​လေးကိုကိုင်​ထားလိုက်​သည်

perth - ကိုယ့်​နောက်​သာလိုက်​ခဲ့
🚗🚗🚗🚗🚗

perth မောင်းသွားတဲ့နေရာကတော့ မုန့်​ဈေးတန်းပါ

perth - ခဏလေး မဆင်းနဲ့အုန်း ကိုယ်​လာဖွင့်​ပေးမယ်

perth က ကားပေါ်ကနေသူအရင်​ဆင်းပြီး saintဘက်​ကတံခါးကိုဖွင့်​ပေးပြီးလက်​လေးလှမ်းပေးလိုက်​သည်​ saintကလည်းအဲ့လက်​ကလေးကိုလှမ်းကိုင်​ပြီး ကားပေါ်ကနေဆင်းလိုက်​သည်

perthက လက်​ကိုမဖြုတ်​ပဲ မုန့်​ဈေးတန်းတစ်​လျှောက်​လုံး တွဲလျက်​လျှောက်​သွားနေသည်

perth - saintဒါစားကြည့်​ကောင်းတယ်​ ဟုတ်​တယ်​မလား

saint - အင်းကောင်းတယ်

perth - ရေခဲမုန့်​စားအုန်းမလား

saint - အင်း များများဝယ်​ခဲ့နော်

perth - ဒီမှာထိုင်​စောင့်​နေ ကိုယ်​လာခဲ့မယ်

perthက saintဖို့ရေခဲမုန့်​သွားဝယ်​ဖို့အတွက်​လှည့်​ထွက်​ခဲ့သည်​နှင့်​အတူ ကြွေလွှင့်​စပြုမလိုဖြစ်​နေတဲ့မျက်​ရည်​စက်​လေးတစ်​စက်​ကိုပါ သုတ်​လိုက်​သည်

သူငိုချင်​နေသည်​ သို့သော်​သူတို့နှစ်​ယောက်​ရဲ့နောက်​ဆုံးရက်​လေးမှာ ငိုခြင်းတရားဆိုတဲ့အရာနဲ့အဆုံးမသတ်​စေချင်

saint - ကြာလိုက်​တာ မြန်​မြန်​လာစားချင်​နေပြီ

ချစ်​ရသူစားဖို့အတွက်​အပြေးအလွှားမုန့်​ဝယ်​ပေးပြီးပြေးကာပြန်​လာတဲ့ perth ကိုကလေးသဖွယ်​အော်​ကာဂျီတိုက်​နေသည့်​saint

Perth - saintပြီးရင်​အင်္ကျီသွားဝယ်​ရအောင်

saint - အင်း

အင်္ကျီဆိုင်​လည်းရောက်​ရော

ဆိုင်​ရှင်​ - ကြိုဆိုပါတယ်​ရှင်​ ဘာများလိုအပ်​လဲမသိဘူး

I Can't Forget YouWhere stories live. Discover now