Part 20
ကျွန်တော် ဆေးရုံရောက်ပြီး အဖေရှိရာဘက်ကို ပြေးသွားနေမိတယ် ဒါပေမယ့် Pan နဲ့ Kon နဲ့ကို မြင်တော့ ကျွန်တော့်ကို အခန်းထဲ တန်းဝင်ခိုင်းတယ် အဖေ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတယ် ကျွန်တော် လည်း အဖေနားကို ကပ်သွားပြီး အဖေရဲ့လက်လေးကို ကိုင်ထားမိတယ် ဒါပေမယ့် အဖေ ဘာပြောချင်လဲဆိုတာ ကျွန်တော်နားမလည်ဘူး ဒါပေမယ့် အဖေပြောတာ ကြားချင်တော့ အဖေရဲ့ပါးစပ်နားကို ကပ်လိုက်တော့ တုန်ရီနေတဲ့အသံ
နဲ့ ကျွန်တော့်ကို ပြောလာတယ် အဲ့ဒါ သားညီလေးကို သေချာစောင့်ရှောက်ပါဆိုပြီး ကျွန်တော် ကိုင်ထားတဲ့လက်တွေက ဖြေလျော့ကျသွားပြီး စက်သံတစ်ချို့က ကျယ်လောင်စွာ အသံတွေမြည်နေတယ် ဆရာဝန်တစ်ချို့ရောက်လာပြီး kon နဲ့pan က ကျွန်တော့်ကို ဆွဲထုတ်ပြီး ခေါ်လာကြတယ်Krist
အေးပေါ့လေ ငါကိုက မှားတာ ချစ်မိတာ မှားသွားတာ ဒါပေမယ့် နောင်တရတယ် ဘာမှမဆန်းဘူး ဟိုမှာ မဟုတ်ပေမယ့် ဟိုကို ပြန်ဖို့အတွက် ကျွန်တော့်ဘောင်ဘီထဲ ပိုက်ဆံတစ်ချို့ကျန်နေခဲ့တယ်
ကျွန်တော်လည်း လျှောက်လာမိတာ အချိန်တော်ကြာသည်အထိဘဲလေ ကျွန်တော်စဉ်းစားမိတယ် ဘာလို့ ကျွန်တော့်ပေါ်လုပ်တာလဲ ဆိုတာ စဉ်းစားမရဘူး ဒါပေမယ့် ဘူတာရုံတွေတာနဲ့ ကျွန်တော် ဘူတာထဲဝင်တော့ နောက်ဆုံးရထား ဘန်ကောက်တဲ့ အဲ့ဒါနဲ့ ကျွန်တော် လက်မှတ်ဖြတ်ပြီး စောင့်နေတယ် ရထားလာသည်အထိပေါ့ ကျွန်တော် ဝမ်းနည်းမိတာ အမှန်ဘဲ တစ်ခါလေကျ ကျွန်တော့် ကံတရားက ဘယ်ဘဝရေစက်ကြောင့်လည်းမသိဘူး ဆိုးလိုက်တာလည်း ကမ်းကုန်ရော ပင်လယ်ထဲ လက်ပစ်ကူးသွားတာမှာ ကမ်းတွေ့ဦးမှာ အခုက အဲ့လိုကို မျှော်လင့်ချက်မရှိတာ အရင်အတိုင်းဘဲ ကောင်းပါတယ် ဘယ်သူမှ မချုပ်ခြယ်ဘူး ဘယ်သူမှ မထိုးဘူးအေးဆေးဘဲ နေချင်သလိုနေမယ် စားချင်သလိုစားမယ် အေးဆေးဘဲ အမြဲတမ်းလျှောက်သွားမယ် ပျော်စရာကြီး ချုပ်ခြယ်မယ့်သူမရှိတော့ဘူး လွတ်လပ်တဲ့ ဘဝကြီး ပြန်ပိုင်ဆိုင်ရပြီSing အားလုံးသူကြောင့်ဘဲ
Pan အဲ့လိုလည်းမဟုတ်လောက်ပါဘူး စိတ်လျော့ အခု ဒါတွေပြီးမှ နင်လုပ်ချင်ရာလုပ် အခုတော့ မလုပ်နဲ့ အေးအေးဆေးဆေး နေပါ ဒါတွေပြီးသွားရင် နင်ကြိုက်သလိုလုပ် နင်ကြိုက်သလိုနေ ဟုတ်ပြီလား
Kon သူက လွန်တာကိုဟ
Pan နင့်ပါးစပ်ပိတ်ထား မီးလောင်ရာလေတိုက်မနေနဲ့ နင်လည်းအကြောင်းရင်းမှန် မသိသလို ငါလည်း မသိဘူး သေတဲ့သူတွေနဲ့ ဖုန်းဆက်တဲ့သူဘဲ သိမှာ
Sing ထားလိုက်တော့ ပြီးသွားပြီဘဲ အားလုံးပြီးသွားပြီဘဲ
ဆက်ရန်.......